Monday, July 09, 2007

တာဝန်သိသော နိုင်ငံသားကောင်းများ ဖြစ်ဖို့ …..


နိုင်ငံ + ပြည်သူ = နိုင်ငံ့အရေး = နိုင်ငံရေး

ကလိုစေးထူး

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပါတယ်။
ဖို့ဝိန်းမှာကျင်းပသွားတဲ့ တင့်တင့်ထွန်း စတိတ်ရှိုးပွဲကိုသွားတော့ ခန်းမရဲ့အ၀င်ဝမှာ မတွေ့ရတာ ကြာပြီဖြစ်တဲ့ အန်တီကြီးနှစ်ယောက်နဲ့ ဆုံပါတယ်။ `အန်တီတို့၊ စတိတ်ရှိုးပွဲလာကြည့်တာလား´ လို့ နှုတ်ဆက်မေးမိပါတယ်။ ဒါပေမယ့် အဲဒီအန်တီကြီးတွေက မျက်နှာထားမသာမယာနဲ့ တယောက်စီ ဒီလိုပြန်ဖြေပါတယ်။

`မဟုတ်ဘူး၊ ကလေးမလေးတွေကို လိုက်ပို့တာ၊ တို့တွေက ပြန်မှာ´
`ကြည့်စမ်းပါဦးကွာ၊ တခုခုလုပ်ကြမယ်ဟေ့ဆိုပြီး လူစုရင်၊ အစည်းအဝေးတို့ ဘာတို့ဆိုရင် လူတွေက ဒီလို မတက်ကြွဘူး´
`မင်းလည်း တို့နဲ့တွေ့ရအောင်၊ တို့နဲ့တွေ့ချင်လို့ ဖို့ဝိန်းလာတာမှ မဟုတ်တာ၊ တင့်တင့်ထွန်းစတိတ်ရှိုးပွဲ လာတာ မဟုတ်လား´
`အန်တီတို့ကတော့ ၀မ်းနည်းတယ်၊ ကဲ.. သွားမယ်ဟေ့´

လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ပါတယ်။
ဂျပန်မှာ ပညာလာသင်နေတဲ့ အမျိုးသမီးတယောက်နဲ့ စကားပြောဖြစ်တော့ သူက ဒီလိုပြောပါတယ်။
`ကျမတို့က မိဘတွေက ချမ်းသာကြတာ မဟုတ်ဘူး၊ ရှိတဲ့ငွေလေးကို ခြစ်ခြုတ်ပြီး ဒီမှာ ပညာ လာသင်နေရတာ၊ နိုင်ငံရေးတွေဘာတွေ စိတ်ဝင်စားဖို့ အချိန်မရှိဘူး။ အဲဒါတွေလုပ်လို့လည်း တခုခု အထိခိုက်မခံနိုင်ဘူး´

လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်က ဖြစ်ပါတယ်။
မြန်မာပြည်တွင်းက နာမည်ကြီး ၀က်ဘ်ဆိုက်တခုရဲ့ တာဝန်ရှိသူ လူငယ်တယောက်က ဒီလိုပြောတာကို တွေ့ဖူးပါတယ်။
`ဒီထဲမှာ နိုင်ငံရေးတွေ မပြောကြပါနဲ့ဗျာ၊ ကျနော်တို့ အရေးယူခံရပါလိမ့်မယ်။ ကျနော်က မိဘကို လုပ်ကျွေးနေရတာ၊ အဲဒါတွေအတွက်နဲ့ ကျနော့်ဘ၀ အနစ်မွန်းမခံနိုင်ဘူး´

အထက်ပါဖြစ်ရပ်တွေကိုကြည့်ရင် `နိုင်ငံရေး´ ဆိုတဲ့ စကားရပ်လေးတခုကို လူတွေ နားလည်လက်ခံကြ တာဟာ မတူညီဘူးဆိုတာ သိလာစေပါတယ်။ အဲဒီလို မတူညီမှုနဲ့အတူ လူတန်းစားတွေ တစတစနဲ့ ကွဲပြားနေလေ မလားလို့ တွေးမိတော့ ဒီစာကို ရေးမိပါတယ်။

တကယ်တော့ ကျနော်တို့နိုင်ငံမှာ `နိုင်ငံရေး´ လို့ ပြောလိုက်တာနဲ့ လူတော်တော်များများက တွန့်ခနဲ ဖြစ်သွားတတ်တာ အစဉ်အလာတခုလို ဖြစ်နေပါပြီ။ နိုင်ငံရေးသမားများဆိုတာနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို ဆန့်ကျင်သူများလို့ မျက်လုံးထဲမှာ အရင်ဆုံး မြင်ယောင်ပစ်လိုက်ကြတာ များနေပါပြီ။ သူတို့သည်သာလျှင် နိုင်ငံရေးသမား၊ အဲဒီတော့ အချိန်မရွေး ဖမ်းဆီးထောင်ချခံရနိုင်တယ်။ ယုတ်စွ အဆုံး ဘ၀ပျက်သွားနိုင်တယ်..၊ အဲဒီလို တွေးပစ်လိုက်တာများပါတယ်။

တကယ်တော့ နိုင်ငံရေးဆိုတာ နိုင်ငံရဲ့အရေး၊ ပြည်သူရဲ့အရေးဆိုတာ ရှင်းနေပါတယ်။ ခေါင်းဆောင်ကြီး တွေကလည်း ဒီလိုပဲ အနက်ဖွင့်ဆိုပါတယ်။ ပါတီထောင်မှ နိုင်ငံရေးမဟုတ်သလို ပါတီအဖွဲ့အစည်း
ဝင်ဖြစ်မှ နိုင်ငံရေးသမား မဟုတ်ပါဘူး။ အခုတော့ နိုင်ငံရေးသမားနဲ့ ပြည်သူဆိုပြီး လူတန်းစားနှစ်ရပ်က ကွဲပြားမှန်းမသိ ကွဲပြားလာနေပါပြီ။

ခြိမ်းခြောက်မှုအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အသားကျလာတဲ့ ပြည်သူတွေမှာလည်း သူတို့ရဲ့ ရပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့်ကိုတောင်မှ (အုပ်ချုပ်သူကို ဆန့်ကျင်ရမယ်ဆိုရင်) လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော် မပြောရဲတော့ပါဘူး။ ပြောတဲ့လူတွေကိုလည်း `သူတို့က နိုင်ငံရေးသမားတွေ´ လို့ သတ်မှတ် ပစ်လိုက်ကြပါတယ်။ သတ်မှတ်ရလောက်အောင်လည်း အခြေအနေတွေက ဖန်တီးပေးနေပါတယ်။ အဲဒီလိုနဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရသူတွေကလည်း သူတို့လိုမလုပ်၊ မပြောတဲ့ ပြည်သူကို အားမရ၊ ပြည်သူကလည်း သူတို့နဲ့ အသားမကျ၊ တဖြည်းဖြည်းနဲ့ ဝေးသထက် ဝေးသွားပါတော့တယ်။

တနေ့လုပ်မှ တနေ့စား၊ ၀မ်းရေးတောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ သာမန်ပြည်သူတယောက်က

`စစ်အာဏာရှင် ပြုတ်ကျရေး´ ဆိုတာကို ထည့်မစဉ်းစားအားသလို အစိုးရစရိတ်နဲ့ ပညာတော်သင် ထွက်လာရတဲ့ လူငယ်တယောက်ကလည်း သူ မြန်မာပြည်ပြန်ရောက်ရင် ရမယ့်အခွင့်အရေးကို အုပ်ချုပ်နေသူကိုဆန့်ကျင်လို့ ရလာမယ့် လတ်တလောရလဒ်နဲ့ မလဲလှယ်ရဲပါဘူး။ အဲဒီတော့ သူတို့ အတွေးတွေ၊ သူတို့စဉ်းစားချက်တွေထဲမှာ အုပ်ချုပ်သူတွေကို ဆန့်ကျင်နေတဲ့လူတွေဟာ သူတို့နဲ့ တသားတည်း မကျတော့ပါဘူး။ တခါတရံမှာဆိုရင် `ဒီလူတွေနဲ့ပတ်သက်မိရင် ငါ့ကိုပါ ထိခိုက်လာ နိုင်တယ်´ လို့တောင် တွေးပစ်လိုက်ပါတယ်။

တကယ်တမ်း သေချာစဉ်းစားကြည့်ရင် လူတိုင်းဟာ နိုင်ငံရေးသမားတွေလို့ ပြောလို့ရပါတယ်။ ပညာသင်နေတဲ့ ကျောင်းသားတယောက်ဟာလည်း ပညာသင်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ပါဝင်နေ သလို လုပ်ငန်းခွင်ဝင်နေတဲ့ လုပ်သားတွေကလည်း အလုပ်လုပ်ခြင်းအားဖြင့် နိုင်ငံ့အရေးကို ဆောင်ရွက် နေပါတယ်။

Seminar တခုမှာ ဆွေးနွေးသူ အမျိုးသမီးတယောက်က `လူတွေရဲ့ နေ့စဉ်ရှင်သန် သွားလာလှုပ်ရှားမှု တိုင်းဟာ နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်´ လို့ အဆိုပြု ဆွေးနွေးဖူးပါတယ်။ အဲဒီတော့ တခြားသော ဆွေးနွေးသူ အမျိုးသားတယောက်က `အိမ်သာတက်တာကရော နိုင်ငံရေးနဲ့ ဆိုင်ပါသလား´ လို့ မေးလိုက်ပါတယ်။ အဲဒီအမျိုးသမီးငယ် ပြန်ဖြေတာကတော့ …

`အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်ပါတယ်။ အိမ်သာတက်သူဟာ အိမ်သာတက်ပြီးရင် လက်ဆေးဖို့ အရေးကြီးသလို အိမ်သာကိုလည်း သန့်ရှင်းအောင်၊ ယင်လုံအောင် ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ အိမ်သာကိုတက်ပြီး လက်ကို စင်ကြယ်စွာမဆေးတဲ့ အိမ်သာတက်သူဟာ ၀မ်းရောဂါလို ရောဂါမျိုးတွေရနိုင်ပြီး သူကမှတဆင့် သူ့မိသားစုကို ရောဂါကူးစေနိုင်ပါတယ်။ အဲဒီလို မိသားစုတွေ များလာရင် တဖြည်းဖြည်းနဲ့ နိုင်ငံကိုပါ ထိခိုက်စေနိုင်လို့ အိမ်သာတက်ခြင်းဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်´

တကယ်တော့ လူတွေအားလုံး နေ့စဉ် ရှင်သန်သွားလာလှုပ်ရှား ရုန်းကန်မှုတိုင်းဟာ နိုင်ငံရေးပါ။ ပါတီထောင်မှ၊ အုပ်ချုပ်သူကိုဆန့်ကျင်မှ နိုင်ငံရေးမဟုတ်ပါဘူး။ ဆင်းရဲချို့ငဲ့သူတယောက်ကို မိမိတတ်နိုင်သလောက်လေး ဝေငှပေးလိုက်တာနဲ့ အဲဒီပေးလိုက်တဲ့ ခဏမှာတင် နိုင်ငံရေးလုပ်ပြီးသား ဖြစ်သွားပါတယ်။ မိမိသိထားတာကို မသိသေးတဲ့လူတွေကို ဝေငှပေးလိုက်တာဟာလည်း နိုင်ငံရေး လုပ်နည်းတမျိုးပါပဲ။ အဲဒီတော့ `ကျနော်/ကျမ နိုင်ငံရေးမလုပ်ပါဘူး´ ဆိုတာ မရှိပါဘူး။ လူတိုင်း နိုင်ငံရေးလုပ်နေကြပါတယ်။ နိုင်ငံရဲ့အရေးကို ဆောင်ရွက်နေကြပါတယ်။ ကောင်းသော ဆောင်ရွက်ခြင်းနဲ့ ဆိုးသော ဆောင်ရွက်ခြင်း ကတော့ မိမိရဲ့ ရွေးချယ်ယုံကြည်မှုပါပဲ။

လက်ရှိအုပ်ချုပ်သူတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ မတရားမှုတွေကို ထုတ်ဖော်ပြောနေတဲ့ လူတွေကလည်း မိမိပြောနေသလို တခြားလူတွေက မပြောရကောင်းလားလို့ အားမလို အားမရဖြစ်နေလို့ မဖြစ်ပါဘူး။ အဲဒီလို အားမလိုအားမရ ဖြစ်လေလေ လူထုနဲ့ဝေးသွားလေလေ ဖြစ်တော့မှာပါ။

`နိုင်ငံရေး´ ဆိုတဲ့ စကားလုံးရဲ့ ကန့်သတ်မှုအောက်မှာ အဖိနှိပ်ခံ ပြည်သူချင်းအတူတူ အစုမကွဲစေချင် ပါ။ `နိုင်ငံရေး´ ဆိုတာဟာ ပါတီတွေထောင်၊ သာမန် တော်ရုံတန်ရုံလူတွေ နားမလည်နိုင်တဲ့ ဟိုစနစ်၊ ဒီစနစ်တွေ ပြောတဲ့အလုပ်၊ လက်ရှိအုပ်ချုပ်နေသူတွေကို ဆန့်ကျင်တဲ့အလုပ်လို့ မြင်လာနေတာက တစတစနဲ့ များလာနေပါပြီ။

တကယ်တော့လည်း အုပ်ချုပ်သူကို ဆန့်ကျင်တဲ့လူနဲ့ ပြည်သူတွေနဲ့က တဖြည်းဖြည်းနဲ့ ဝေးလာသလိုလို ဖြစ်လာနေပါတယ်။ ဒီခေတ်မှာ မိဘက အုပ်ချုပ်သူတွေကိုဆန့်ကျင်တဲ့ သားသမီးကို `နင်ဒါမျိုးတွေ လုပ်တာနဲ့ ငါတို့ပါရောပြီး ဒုက္ခမရောက်ချင်ဘူး၊ ငါတို့ အသက်ကြီးပြီ´ လို့ ဆိုဆုံးမနေတဲ့ခေတ်ကို ရောက်နေပါပြီ။ ဒါဟာ ပြည်သူနဲ့ နိုင်ငံရေးကို တသီးတခြားစီလုပ်ခဲ့တဲ့၊ လုပ်နေဆဲဖြစ်တဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ လက်ရှိအုပ်ချုပ်သူတွေရဲ့ မကောင်းတဲ့ အောင်မြင်မှုပါပဲ။ နိုင်ငံခြားကိုရောက်နေတဲ့ လူတွေရဲ့ တ၀က်ဝန်းကျင်လောက်မှာကိုက `ငါသူတို့ကို ဆန့်ကျင်ရင် ငါ့နိုင်ငံပြန်ခွင့်ရပါ့မလား´ ဆိုတဲ့ စိုးရိမ် စိတ်က ကြီးစိုးနေပါပြီ။ ဒါကြောင့်လည်း `ကျနော်/ကျမတော့ဖြင့် နိုင်ငံရေးမလုပ်ပါ´ လို့ ဖွင့်ဟ ပြောဆိုလာသူတွေ များလာနေပါတယ်။ နေရပ်ကို ပြန်ခွင့်မရမှာကို စိုးရိမ်စိတ်တခုတည်းနဲ့ ခံစားတတ်တဲ့နှလုံးသား မဲ့နေလေရော့သလားလို့ တွေးထင်ရလောက်အောင်ကို လျစ်လျူရှုနိုင်စွမ်းတွေ ရှိနေကြပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ (အုပ်ချုပ်သူလူတန်းစား) တွေသည်လည်း ပြည်သူတွေထဲကပြည်သူ၊ ကျနော်တို့ (သူတို့ကိုဆန့်ကျင်နေသူ) တွေသည်လည်း ပြည်သူတွေထဲက ပြည်သူချင်းအတူတူ ကျနော်တို့တတွေ ပြည်သူနှင့် မဝေးလိုပါ။

`နိုင်ငံရေး´ ဆိုသည်မှာ နိုင်ငံအတွင်းတွင် နေထိုင်ကြကုန်သော ပြည်သူများ၏အရေး၊ နိုင်ငံ့အရေး ဖြစ်တာကြောင့် ပြည်သူနှင့်နိုင်ငံရေး တသီးတခြားစီ မဖြစ်စေလိုပါ။ ဒါကြောင့်..

နိုင်ငံရေး= ပြည်သူ + နိုင်ငံ = နိုင်ငံ့အရေး = နိုင်ငံရေး …….။

Read More...

Saturday, July 07, 2007

ဒေါင်းမာန်ချီ


ခွပ်ဒေါင်းသွေး
ရာဇ၀င်မှာ ဘယ်အခါမညှိုး
ရာဇ၀င်မှာ စံတင်ထား။

ဒီပြည်က ဖြစ်တဲ့သွေး
မိစ္ဆာတွေ ဖောက်ရဲခဲ့ပြီ
ဓား .. ဓားချင်း၊ လှံ .. လှံချင်း၊
စိန်ခေါ်ပြီးမှ ဘွာမခတ်နဲ့။

မျိုးဆက်တွေ လက်ကမ်းလို့
တဆက်ပြီး တဆက်ပြောင်း

နောင်တော်တွေ ပြခဲ့တဲ့
ရဲရဲတောက် သစ္စာတရား
မျက်ရည်တွေ စီးကျပစေ
ဘယ်တော့မှ မသုတ်ဘူး။

နောင်တော်တွေ လက်ဆင့်ကမ်း
တိုက်ပွဲခေါ်သံ
နောင်လာနောက်သား
ကောင်းစားဖို့ငှာ .....

ခွပ်ဒေါင်းဘ၀ တာဝန်ကျေမှ
စည်ဗြောသံဝေ တညံညံနဲ့
အသင်တို့ကို အမျှဝေမယ်။

Read More...

Wednesday, July 04, 2007

စိတ်ရှည်ရန်လိုအပ်သည်


(ဗမာနိုင်ငံ၏ နိုင်ငံရေးနှိပ်ကွပ်မှုများကို ဖြေရှင်းရန်အတွက် သမာဓိစွမ်းအားများ ဆထက်ထမ်းပိုး လိုအပ်သည် ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံထုတ် ၀ါရှင်တန်ပို့(စ်)သတင်းစာ၌ ရေးသားခဲ့သည်။)


နိုင်ငံခြား ဧည့်သည်များနှင့် သတင်းစာဆရာများက ယနေ့ ဗမာနိုင်ငံ၌ ကြုံတွေ့ရင်ဆိုင်နေရသည့် "ရှေ့မတိုးသာ နောက်မဆုတ်သာ" နိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မည်သို့သဘောထားသနည်းဟု မကြာခဏ မေးမြန်းလေ့ ရှိသည်။ ထွက်ပေါက်ပိတ်နေသော အခြေအနေ မဟုတ်သဖြင့် "ရှေ့မတိုးသာ နောက်မဆုတ်သာ" ဟူ၍ မရှုမြင် မသုံးသပ်သင့်ကြောင်း ကျမ ပြန်လည် ရှင်းပြခဲ့ရသည်။ ဗမာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်နေသော်ငြားလည်း ပြင်ပ ဆန်းစစ်လေ့လာသူများ အနေဖြင့် လုံးဝဥဿုံ သိရှိနားလည်နိုင်မည် မဟုတ်ဟုလည်း ဖြည့်စွက်ပြောကြား ခဲ့ရသည်။

တနည်း ပြောရလျှင် နိုင်ငံရေး စကားဝိုင်း၏ သမာဓိစွမ်းအားဟူသည် ဟဒယရွှင်ဆေး တရပ်တော့ မဟုတ်ပေ။ ကျမတို့၏ အဓိကရည်ရွယ်ချက်သည် ကျမတို့ နိုင်ငံ၏ အဓိက နိုင်ငံရေးအင်အားစုများ လက်ခံနိုင်လောက်သည့် နိုင်ငံရေးဆန်သော ဖြေရှင်းမှုတရပ်ပင်။ ထို့ကြောင့် ထွက်ပေါက်ပိတ်အောင် ပြုမူ ဆောင်ရွက်ခြင်းမည်သည် ပဲ့ကိုင်တစ်ယောက်၏ လက်ကို ရိုက်ချိုးပစ်ခြင်း သို့တည်းမဟုတ် အသက်ရှင်ရပ်တည်ခွင့် မပေးခြင်းဟု ပြန်ဆိုနိုင်ပေမည်။ ဤနည်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို မဖော်ထုတ်နိုင်ရာ။ နအဖ (န၀တ) မှ ကျမတို့၏ အမြင်ရှုထောင့်ကို လက်မခံ နိုင်သည်က အချက်တစ်ချက်။ စစ်အုပ်စု အဖွဲ့ဝင်များ ထုတ်ပြန်သည့် ကြေညာချက်များအရ သူတို့ ပြောဆိုနေသော ငြိမ်းချမ်းရေးဟူသည် ဒီမိုကရေစီ အတိုက်အခံများ ကွယ်ပျောက်သွားစေရေး ဖြစ်နေသည်။ ကျမတို့ကို ဤကဲ့သို့ ချောင်ပိတ်ထားခြင်းအားဖြင့် ရရှိလာသည် ကတော့ အဖြေနတ္ထိ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံ ဦးတည် ပစ်မှတ်ထားသော စစ်အုပ်စု၏ သရုပ်သကန်သည် ဘေဆောရပ်(စ်) အဘိဓာန်က အနက်အဓိပ္ပာယ် ဖွင့်ဆိုထားသော အပြီးသတ် ချေမှုန်းမှု၊ အမှုန့်ကြိတ်ချေခြင်းနှင့် ပွဲသိမ်းဖျာလိပ်ခြင်းတို့နှင့်အတူ ထပ်တူ ထပ်မျှပင်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် အဖွဲ့ချုပ် ထောက်ခံသူတို့သည် နအဖ စစ်အုပ်စု၏ အကြမ်းပတမ်း ခေါ်ယူစစ်ဆေး ခြင်းကို ခံရ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ချ ခြင်းများကို နေ့စဉ်နှင့်အမျှ ခံနေကြရသည်။ ထို့ပြင် စစ်အာဏာပိုင်တို့သည် အစည်းအဝေများကို ကျင်းပပြီး လူထုကို အဓမ္မ တက်ရောက်ခိုင်းခြင်း၊ ရွေးချယ်တင်မြှောက်ခံထားရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ တောင်းဆို ခိုင်းခြင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းပေးရန် တောင်းဆိုခိုင်းခြင်းများ ပြုလုပ်နေကြသည်။

ထို့အပြင် စစ်အုပ်စု ကြိုးကိုင်ထားသော သတင်းစာ၊ ရေဒီယိုများမှလည်း ကျမတို့ ပါတီကိုယ်စားလှယ်များ နှုတ်ထွက်နေကြကြောင်း နေ့စဉ်နှင့်အမျှ ရေးသားထုတ်လွှင့်နေကြသည်။ မြောက်မြားစွာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် အဖွဲ့ချုပ်မှ ရာသက်ပန် နှုတ်ထွက်ကြောင်း လက်မှတ်ရေးထိုးရန် အဓမ္မ အမိန့်ပေး စေခိုင်းခြင်းကို ခံနေကြရသည်။ စစ်အုပ်စု၏ ဥပါဒါန်အစွဲ ဖြစ်နေသော ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်ဆီးပစ်ရန် ကြိုးစားမှုသည် ကျမတို့၏ ယုံကြည်မှု သံန္နိဋ္ဌာန်ကို ပိုမို အားကောင်းလာစေသည်။ အကြမ်းမဖက်သည့် နိုင်ငံရေးလှုပ်ရှားမှုများသည်သာ ကျန်းမာသန်စွမ်းသော ဒီမိုကရေစီနိုင်ငံ အခြေခံအုတ်မြစ် ချပေးနိုင်မည်ဟု ကျမတို့ နှစ်နှစ်ကာကာ ယုံကြည်ပြီး ထိုကဲ့သို့သာ လှုပ်ရှားဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အမျိုးသားရေး ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယုံကြည်သည်။ ကျိုးကြောင်းခိုင်လုံသော သဘောတူညီချက်များကို လက်ခံရန် ကျမတို့ အဆင်သင့် ဖြစ်နေသည်။ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုဆီ ဦးတည်သော ဘောင်သတ်မှတ်ချက်များအတွက် ကျမတို့ လက်ခံရန် အသင့်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။

သို့ရာတွင် စစ်အုပ်စုဘက်ကမူ တုပ်တုပ်မျှ မလှုပ်ခဲ့ပေ။ ၁၉၈၈ ခုနှစ် စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီလှုပ်ရှားမှု (၁၂) နှစ်တာ ကာလအတွင်း နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကိစ္စ အ၀၀သည် ဆထက်ထမ်းပိုး ဆိုးရွား၍သာ နေတော့သည်။ စစ်အုပ်စုအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သော်လည်း ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်း လာနိုင်စေမည့် အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ်များကို မဖော်ဆောင်နိုင်ခဲ့ပေ။

အမှန်တကယ်၌မူ ခေတ်နှင့်ဆီလျော်သော စီးပွားရေးပေါ်လစီများကို မဖော်ဆောင်နိုင်ခဲ့၍ တိုင်းပြည်သည် စီးပွားရေးနွံ၊ လူမှုရေးနွံများထဲ နစ်မွန်းနေရတော့သည်။ ယမန်နှစ် ကမ္ဘာဘဏ်၏ အစီရင်ခံစာအရ သော်လည်းကောင်း၊ မကြာသေးမီက ပြုလုပ်သော အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ကမ္ဘာကျန်းမာရေးအဖွဲ့တို့၏ သုတေသနပြုချက်များအရ လည်းကောင်း ကျမတို့၏ အဓိက ပြဿနာ အခြေအမြစ်သည် ကောင်းမွန်သော အစိုးရစနစ် ချို့တဲ့ခြင်းအပေါ် မူတည်သည်ဟု သိရသည်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှု ကိစ္စအတွက် စိုးရိမ်နေကြသူများ၊ မူးယစ်ဆေးဝါး မှောင်ခိုမှုကိစ္စအတွက် စိုးရိမ်နေကြသူများ၊ အိတ်(ခ်ျ) အိုင်ဗွီ ပျံ့ပွားမှုကိစ္စအတွက်၊ နိုင်ငံရေး ဒုက္ခသည် ကိစ္စအတွက်၊ တရားမ၀င် အလုပ်သမားများ ကိစ္စအတွက်၊ လူသားလိုအပ်ချက်များနှင့် အခြားပြဿနာများတွက် စိုးရိမ်ပူပန်နေကြသူများ အားလုံး အထက်ပါ အချက်များ မှန်ကန်ကြောင်း သိကြပေမည်။

နိုင်ငံရေးပြောင်းလဲမှုများကို စနစ်တကျ တဆင့်ပြီးတဆင့် မပြုလုပ်ပါက အုပ်ချုပ်ရေးကိစ္စများ အထူးသဖြင့် အစိုးရကောင်းတစ်ခု၏ အခြေခံလိုအပ်ချက်များကို မဖော်ဆိုင်နိုင်ပါက အနာဂတ်ကာလ၏ လူမှုရေး ကိစ္စများ၊ စီးပွားရေး ကိစ္စများ ပြေလည်ဖြေရှင်းသွားနိုင်မည် မဟုတ်ပေ။

ပြောစရာတစ်ခုတော့ ရှိသည်။ အုပ်ချုပ်ရေးလုပ်ငန်း မကျွမ်းကျင်မှု၊ လူမှုရေးမတည်ငြိမ်မှုတို့ကို အခြေခံ၍ ယနေ့ အုပ်ချုပ်နေသော အာဏာပိုင်များ ခြေကုန်လက်ပန်းကျသွားစေရန်၊ ထိုမှတဆင့် ဖယ်ရှားပစ်ရန် ဆောင်ရွက်နိုင်သည်။

Read More...

Tuesday, July 03, 2007

စံနမူနာ





"ဘာမထီ ငါ"
ဝင်းတင် (ဟံသာဝတီ)

ရှစ်လေးလုံးက ပေါက်ဖွား
ခြောက်ဆယ့်ငါးနှစ်သား ငါ။
ဘာမထီ အံခဲ၊
အာဏာပါးကွက်သားတွေရဲ့
ထောင်ဆွေးဆွေး လူဆွေးဆွေး
အရေးတော်ပုံ သွေးမပျက်
တိုက်ပွဲပြီး တိုက်ပွဲဆက်မယ်။
လှေခွက်မကျန်တောင်မှ
အလံမလှဲ။



သတင်းစာဆရာကြီး ဦးဝင်းတင်ကို အဖ ဦးပု၊ အမိ ဒေါ်အမာ တို့မှ ၁၉၃၀ ပြည့်၊ မတ်လ ၁၂ ရက် နေ့တွင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ် ရာဇ၀င်နှင့် နိုင်ငံရေးသိပ္ပံ ဘာသာတွဲဖြင့် ၀ိဇ္ဖာဘွဲ့ရခဲ့သည်။ မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ၀င်းထင်၊ ပုည၊ ၀င်းဆွေ၊ သုတေသီ၊ အယ်ဒီတာတစ်ဦး အစရှိသော ကလောင်အမည်ခွဲများဖြင့် စာများ ရေးသားခဲ့သည်။

ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများတွင် ၀င်းတင် အမည်ဖြင့် ကဗျာနှင့် ၀တ္ထုတိုများ စတင်ရေးသားခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အကျိုးဆောင် ဂျာနယ်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့၍ ၁၉၅၃ ခုနှစ်တွင် AFP နိုင်ငံခြား သတင်းဌာနတွင် ညအယ်ဒီတာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ စာပေဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅၀ မှ ၁၉၅၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄ မှ ၁၉၅၇ အထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးရင်း တဘက်မှလည်း ဗမာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ တဘက်တွင် စာသင်နေရင်း မြန်မာနိုင်ငံ သတင်းများ စုစည်းဖော်ပြသည့် "ဒို့ပြည် သတင်း" သတင်းစာ စောင်ရေ (၅၀၀) ခန့် ထုတ်ဝေ၍ ကမ္ဘာတ၀ှမ်းရှိ ပြည်ပရောက် ဗမာများထံ စာတိုက်မှ အခမဲ့ ပေးပို့ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ ဗမာနိုင်ငံသို့ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ်၊ ကြေးမုံသတင်းစာ စတင် ထူထောင်သူများတွင် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာ ဦးစီး အယ်ဒီတာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပြီး ကြေးမုံသတင်းစာ ချိတ်ပိတ်ခံရသည့် အချိန်တွင် ပြည်သူ့အိုးဝေသို့ ၀င်ရောက်လုပ်ကိုင် ခဲ့ပြီး၊ ထိုမှ ကြေးမုံသို့ ပြန်ရောက်ခဲ့သည်။ ၁၉၅၉ မှ ၁၉၆၄ အထိ စာနယ်ဇင်းကောင်စီ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီ သတင်းစာ၌ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။

ထိုကာလအတွင်း အနောက်ဥရောပနှင့် အရှေ့အာရှ နိုင်ငံပေါင်း ၂၀ ခန့်သို့ သတင်းစာဆရာ တစ်ယောက်အဖြစ် လေ့လာရေးခရီး သွားရောက်ခဲ့သည်။ ၁၉၇၇-၇၈ ခုတွင်ဗမာစာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေ စာပေ၀ိုင်းကို ဦးဆောင်ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။ ထိုစာတမ်းများကို စာအုပ်အဖြစ်လည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ကျင်းပတဲ့ စနေ စာပေ၀ိုင်းမှာ မဆလ တစ်ပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်းတစ်စောင် တင်သွင်း ဖတ်ကြားခဲ့သည်။
အဲဒီဖြစ်ရပ်ရဲ့ ရလဒ်အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ်လိုက်ပြီးနောက် ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့သည်။ စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည်တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန်အကဲဖြတ်ချက်များကို "ပေါ်သစ်" အမည်ဖြင့် ရေးသားခဲ့သည်။ 'ကွိ'၊ 'ဥတ္တရအလင်း' စသည့် ဘာသာပြန် စာအုပ်များကိုလည်း ရေးသားခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ခရီးသွားမှတ်တမ်း စာပေကို ရေးသားခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်း အနုပညာရှင်ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့် ကြေညာချက် ထွက်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်းလှုပ်ရှားကြသည့်အခါ ဒုဥက္ကဋ္ဌ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ကျောင်းသားသမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေခဲ့သည့် သမဂ္ဂ သတင်းစာတွင် အင်တိုက်အားတိုက် ပါဝင်ရေးသားခဲ့သည်။ ဆန္ဒဖော်သံ သတင်းစာကို ၃၀-၈-၈၈ တွင် ကိုယ်တိုင် ဦးစီးထုတ်ဝေ ခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့်အခါ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သည်။ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု၌လည်း ဒေါ်မြင့်မြင့်ခင်နှင့်အတူ နာယကအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက်ခဲ့ပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးပါတီများ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင်ချုပ်ချယ်ရန် ရည်ရွယ်၍ စစ်အစိုးရ၏ ပြည်ထဲရေးနှင့်သာသနာရေး ၀န်ကြီးဌာနမှ ၆-၆-၈၉ နေ့တွင် ကြေညာချက် အမှတ် ၃၈ ကို ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေးပါတီများမှ ထိုအမိန့်ကို ဆန့်ကျင်ရာ၌ သုံးစွဲခဲ့သည့် "အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဟူသော ဆောင်ပုဒ်ကို ရေးသားခဲ့သည်။

ဦးဝင်းတင်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က "အရေးတော်ပုံ အစပိုင်းကာလမှာကတည်းက ထွက်ပေါ် လာခဲ့တဲ့ စာရေးဆရာသမဂ္ဂရဲ့ လှုပ်ရှားမှုတွေမှာ ဦးဝင်းတင်ဟာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတော့တယ်။ ဒီမိုကရေစီရေးအတွက် သူ့ရဲ့ ယုံမှားဖွယ် မရှိတဲ့ စွမ်းရည်သတ္တိနဲ့ ခွန်အားပြည့် ပါဝင်လှုပ်ရှားမှုတွေဟာ ဒီမိုကရေစီ ဆန့်ကျင်ရေးသမားတွေရဲ့ မျက်စိ စပါးမွေးစူးစရာ ဖြစ်လာခဲ့ပြီး ၁၉၈၉ ခု၊ ဇွန်လထဲမှာ ပထမဆုံး အဖမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်လာခဲ့ရပါတယ်။" သူ့ကို စွဲချက်တင်တာကတော့ ပြစ်မှုက ရှောင်တိမ်းနေတဲ့ တရားခံတစ်ဦးရဲ့ ဖခင်နဲ့ တယ်လီဖုန်းဆက်တယ် ဆိုတဲ့ မရေရာတဲ့ စွပ်စွဲချက်နဲ့ပါပဲ။ တယ်လီဖုန်း စကားတွေဟာ ဘယ်အမှုမှာမဆို ဥပဒေအရ သက်သေအထောက် အထားအဖြစ် လက်ခံရိုး မရှိပေမယ့် ဗမာပြည်မှာတော့ စစ်အုပ်ချုပ်ရေးကို စိန်ခေါ်တဲ့သူကို ဥပဒေက အကာအကွယ် ပေးရိုး ထုံးစံမရှိပါဘူး။ ဦးဝင်းတင်ကို ဖမ်းခေါ်သွားပြီးတဲ့နောက် အစာမကျွေးဘဲ ချက်ချင်း စစ်ဆေးပြီး ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ သူပါဝင် လှုပ်ရှားခဲ့ပုံတွေကို စစ်ကြော မေးမြန်းပါတယ်။ သူ့ကို စစ်ကြော မေးမြန်းသူတွေက သူဟာ ကျမရဲ့ နိုင်ငံရေးဗျူဟာ အကြံပေးသူအဖြစ် ၀န်ခံအောင် အတင်းအဓမ္မ တိုက်တွန်း တာပါပဲ။ တနည်းပြောရရင် သူဟာ ကျမရဲ့ ရုပ်သေးကြိုးဆွဲဆရာပါ ဆိုတာကို ၀န်ခံခိုင်းတာပါပဲ။ ရဲရင့် ကြံ့ခိုင်တဲ့ ဦးဝင်းတင်လို ပုဂ္ဂိုလ်မျိုးကို လိမ်လည် ၀န်ခံခိုင်းလို့ ဘယ်တော့မှ ရမယ် မဟုတ်ပါဘူး။ ၁၉၈၉ ခု၊ အောက်တိုဘာလမှာ ထောင် (၃) နှစ် ကျခံစေလို့ စီရင်ချက် ချလိုက်ပါတယ်။ ၁၉၉၂ ခုမှာ သူ့ရဲ့ အကျဉ်းခံ သက်တမ်း မကုန်ဆုံးခင်မှာပဲ တခြား အဓိပ္ပာယ် မရှိတဲ့ ပုံကြီးချဲ့ စွပ်စွဲမှုတွေနဲ့ ရုံးတင်စစ်ဆေးပြီး နောက်ထပ် (၁၁) နှစ် ထောင်ဒဏ်ကျခံစေဖို့ စီရင်ချက် ချလိုက်ပြန်ပါတယ်။

ဦးဝင်းတင်အား ၁၉၈၉ ခု၊ ဇူလိုင်လ (၄) ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူးတိုက်ဝင်းအတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ထားခဲ့သည်။ ၁၉၉၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူးတိုက်မှ အမှတ် (၃) တိုက်သို့ ပြောင်းရွှေ့ထားခဲ့သည်။ အကျဉ်းထောင်အတွင်း အာဏာပိုင်များ၏ မတရားပြုမှုများကို ဆန့်ကျင်တိုက်ပွဲများတွင် အကြံဥာဏ်များ ပေးခဲ့သည်။ ၁၉၉၀ ၌ အင်းစိန် ထောင်တွင်း အစာငတ်ခံတိုက်ပွဲကို ဦးဆောင်ဆင်နွှဲခဲ့သည်။ ထောင်တွင်း လွတ်လပ်မှုကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာတစ်ခုကို တိုက်အတွင်း ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် Su-Slorc Dialogue Policy ကို ရေးသားထုတ်ဝေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန်၊ အမျိုးသားညီလာခံကို ဖျက်သိမ်းပေးရန်၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ စတင်ရန် သဘောထားစာတမ်းကို ရေးသားခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ န၀တ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှသာလျှင် ဗမာနိုင်ငံ၏ အလုံးစုံသော ပြဿနာများ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း နိုင်ငံရေး ပေါ်လစီ တရပ် ချမှတ် ထုတ်ပြန် ကြေညာခဲ့သည်။

၁၉၉၅ ခုနှစ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရသဖြင့် Appeal to the World ကမ္ဘာကြီးသို့ ပန်ကြားချက်တစ်စောင်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှုမရှိ၍ ကမ္ဘာကြီးမှ စစ်အာဏာရှင်တို့အား ပိတ်ဆို့အရေးယူ ပေးပါရန် တောင်းဆိုခဲ့သည်။ ရက်ပိုင်းအတွင်း Appeal to the Public ကမ္ဘာ့ပြည်သူများသို့ ပန်ကြားချက် တစ်စောင်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုပန်ကြားချက်တွင် စစ်အာဏာရှင်တို့သည် ကမ္ဘာ့ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြားနေသည့်အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက် မှုများ ပြုလုပ်ကြပါရန် တိုက်တွန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အမျိုးသား ညီလာခံမှ နှုတ်ထွက်သင့်ကြောင်း အကြံပြုချက်ကို ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၊ အင်အားစုများက လက်မှတ်ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့သည်။ လောလောဆယ် အရေးအကြီးဆုံး အလုပ် (၂) ခု ကို လုပ်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။ တစ်ခုမှာ ပါတီပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင် ပြောင်းလဲရေး (NC Reform) တို့ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်း အသီးသီး ပါဝင်သော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်း ဖိနှိပ်ညှဉ်းပန်းမှုများ၊ ရဲဘက်စခန်းများ၏ ငရဲခန်းများ၊ လက်ရှိ ဗမာနိုင်ငံ အခြေအနေတို့ ပါဝင်သော ၈၃ မျက်နှာပါ "ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာ" ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယိုဇိုတိုကိုတာထံသို့ လျှို့ဝှက်စာ ရေးသား ပေးပို့ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၅(ည) ဖြင့် ထပ်တိုး ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရပြန်သည်။

ဦးဝင်းတင်သည် ထောင်တွင်းတွင် "ထ" လေးလုံး ပေါ်လစီကိုလည်း ချမှတ် လမ်းညွှန်မှု ပေးခဲ့ပေသည်။ "ထူတောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်" ဆိုသည့် ပေါ်လစီပင် ဖြစ်သည်။

ဦးဝင်းတင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ၂၀၀၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/Guillermo Cana World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုနှစ်တွင်ပင် ကမ္ဘာ့သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့နှင့်အတူ ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး ဗမာ့သတင်းသမဂ္ဂမှ ဥဒါန်းမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။

၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် စစ်ခွေးတိုက်အတွင်း ချုပ်နှောင်ခံနေရစဉ် ဘ၀တူ နိုင်ငံရေး အကျဉ်းသားများကို ဦးဝင်းတင်က သူ့ခံယူချက်နှင့် ပတ်သက်ပြီး "ဗမာပြည်မှာ နိုင်ငံရေး လုပ်တော့မယ် ဆိုကတည်းက စစ်အာဏာရှင် တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ကျနော်တို့ ကြိုတင်တွက်ဆထားရမယ်။ အာဏာရှင်ကို ပလ္လင်ပေါ်က ဆွဲချတဲ့အခါ အဆင်မသင့်ရင် အသက်တောင် ပေးချင်ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန်မကျေရင် နောက်လာမယ့် မျိုးဆက်တွေက ကျနော်တို့ကို အပြစ်တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက်လာမယ့် လူငယ်မျိုးဆက်ကို လွတ်လပ်ရေးနှင့် တရားမျှတမှုအတွက် ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာလောက်တော့ စံနမူနာ ပြနိုင်ရမယ်။ ကျနော်တို့ကိုယ်တိုင် အလံမလှဲစတမ်း စွန့်လွှတ်စွန့်စား ပြနိုင်မှ နောက် လူငယ်မျိုးဆက်ကလည်း ဒီအလံကို ဆက်လက်စွဲကိုင် ချီတက်ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံမလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲဆုပ်ကိုင်ထားကြဖို့ လိုပါတယ်။" ဟု ပြောကြားခဲ့သည်။

ဦးဝင်းတင်နှင့် ၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက အကျဉ်းထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သူ ဗမာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးလေ့လာစောင့်ကြည့်သူ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင်ကဲ့သို့ တိုင်းပြည်၏ နား၊ မျက်စိ ဖြစ်သော သတင်းစာဆရာကြီး တစ်ဦးကို ဆယ်စုနှစ် တစ်ခုခွဲ ကြာသည်အထိ စစ်အာဏာပိုင်တို့က အငြိုးတကြီး ထောင်သွင်း ချုပ်နှောင်ထားသည်ကို သူ့အနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင် တစ်ဦးတည်း တိုက်ပိတ်ခံထားရသဖြင့် သူ့မှတ်ဥာဏ်များ ချွတ်ယွင်းမသွားစေရန် သမံတလင်းနှင့် နံရံများပေါ်တွင် စာများ ရေးလိုက်၊ ဖတ်လိုက် လုပ်နေရပုံကို တွေ့ရှိခဲ့ရ၍ သူ လွန်စွာ စိတ်ထိခိုက်ခဲ့ရသည်" ဟု ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်းဖမ်းဆီးထားသော အကျဉ်းသားများကို ပြန်လည် လွှတ်ပေးစဉ်က ဦးဝင်းတင်လည်း ပြန်လည်လွတ်မြောက်လာနိုးဖြင့် သူ့ကို လေးစားချစ်ခင်သူများက မျှော်လင့် ခဲ့သည်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာပေအသိုင်းအ၀ိုင်းနှင့် လူထူက လေးစားချစ်ခင်သည့် သတင်းစာ ဆရာမကြီးလည်းဖြစ်၊ စာရေးဆရာမကြီးလည်းဖြစ်တဲ့ လူထု ဒေါ်အမာ ပြောပြခဲ့သည်မှာ

"အမေကလေ ကိုဝင်းတင် လွတ်လာတယ် ကြားတော့ ၀မ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင်ကတည်းက တွက်ထားပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက်တာပါပဲ။ နောက်တော့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့စာရင်းထဲမှာ ဦးဝင်းတင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေမိတာ ပေါ့ကွယ်။ ဟုတ်တယ်မို့လား။ ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံးကျတော့လည်း လွတ်မလာဘူး။ အမေ့စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလို့လဲမကောင်း၊ အိပ်လို့လည်း မကောင်းနဲ့ အတော်နေမကောင်း ဖြစ်သွားရတယ်။"

၂၀၀၇ ခုနှစ်၊ မတ်လ (၁၂) ရက်က အသက် (၇၇) နှစ် ပြည့်မြောက်သည့် ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေးခံယူချက် များ မပြောင်းလဲသေးကြောင်း၊ သူ့အား ထောင်ဝင်စာ သွားတွေ့သူ ဦးမောင်မောင်ခင်က တဆင့် "သူဟာ ၁၂ ရက်နေ့ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ (၇၇) နှစ် ပြည့်တဲ့အချိန်မှာ ငါ့သဘောထားကို ပြောပြချင်တယ်ကွာတဲ့။ လူတွေကလည်း သိချင်မှာပေါ့တဲ့။ အဲဒါ ဘာလဲဆိုတော့ သူဟာ တလျှောက်လုံး သူရပ်တည်ခဲ့တဲ့ သဘောထား ကနေပြီး ရွေ့မသွားပါဘူး။ ဒီအတိုင်းပါပဲတဲ့။ အဲဒါကတော့ သုံးခုပေါ့ဗျာ။ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော်ခေါ်ပေးရေး၊ သုံးက တွေ့ဆုံဆွေးနွေး ရေး၊ ဒီဟာကလွဲလို့ ငါ ဘာမှ ကိုင်စွဲထားတာ မရှိပါဘူးတဲ့။ ဒီဟာတွေ ကိုင်စွဲထားတဲ့အတွက် ငါ့ကို မလွှတ်လည်း အရေးမကြီးပါဘူးတဲ့။" ဟု ပြောကြားခဲ့သည်။

ဦးဝင်းတင်၏ ကျန်းမာရေးအခြေအနေမှာ အသက်အရွယ် ကြီးရင့်မှု၊ ထောင်သွင်း အကျဉ်းခံကာလ ကြာမြင့်လာမှု တို့ကြောင့် ကျန်းမာရေးမှာ အဖက်ဖက်မှ ချွတ်ယွင်းလျက် ရှိသည်။ အထူးသဖြင့် လည်ပင်းကျီးပေါင်းတက်ရောဂါ၊ အူကျရောဂါ၊ သွေးတိုးရောဂါ၊ ဆီးကျိတ်ရောင်ရောဂါ၊ သွားကိုက်ရောဂါတို့ကို ခံစားနေရသည်။ သို့သော်လည်း စိတ်ဓာတ်ရေးအရ ကြံ့ခိုင်နေဆဲဖြစ်သည်။

Read More...

ရင်ထဲဆို့နင့်လောက်အောင် သမိုင်းကိုရေးတတ်ကြတယ်


၂၀၀၇ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့တွင် သတင်းစာဆရာကြီး ဦးဝင်းတင်၏ အကျဉ်းကျခံနေရသော ထောင်သက် ၁၈ နှစ် ပြည့်ပါပြီ။ ၁၈ နှစ်ကြာ အကျဉ်းကျခံ ဘဘ ဦးဝင်းတင်၏ စိတ်ဓာတ်၊ ကိုယ်ကျင့်တရားနှင့် ခိုင်မာပြတ်သားသော ရပ်တည်ချက်များကို လေးစားစွာဖြင့် ဦးညွတ်ဂုဏ်ပြုအပ်ပါသည်။


ရေဆန်ဆိုတာ စုန်ရတာထက်တော့ ခက်တယ်
ဇွန်မှိုင်း

`ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရမယ်။ ပြည်သူ့လွှတ်တော် ခေါ်ပေးရမယ်။ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။´

၂၀၀၇ ခုနှစ် မတ်လ (၁၁) ရက်နေ့က ထောင်ဝင်စာမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ဆရာ ဦးဝင်းတင်ရဲ့ သဘောထား ရပ်တည်ချက်တွေ ဖြစ်ပါတယ်။ မတ်လ (၁၂) ရက်နေ့မှာ ဆရာ့အသက် (၇၇) နှစ်တင်းတင်းပြည့်သွားပြီ။ အင်းစိန်အကျဉ်းထောင်ထဲမှာ နအဖစစ်အုပ်စုက ပုဒ်မတွေတခုပြီးတခု ထပ်ထပ်တိုးလိုက်ပြီး ဆရာ့ကို ထောင်ထဲမှာ ထောင်တွေထပ်ထပ်ချလိုက်တာ ဆရာ့ရဲ့ထောင်ထဲနေသားသည် ပင်လျှင် (၁၈) နှစ်တင်းတင်း ပြည့်လုနီးပါးဖြစ်သွားပြီင်္။

အသက်အရွယ်အရရော၊ ထောင်တွင်းဖိနှိပ်မှုသဏ္ဌာန်မျိုးစုံအရရော … ဆရာ့ကျန်းမာရေးအခြေအနေ တော်တော်ဆိုးနေပါပြီ။ စစ်အုပ်စုကတော့ ဆရာ့ကို ထောင်ထဲမှာ အသေသတ်ပစ်ချင်ပုံ ရပါတယ်။ စစ်အုပ်စုဟာ ဆရာ့ကို လူပုဂ္ဂိုလ်အနေနဲ့လည်း သတ်ပစ်ချင်နေပြီး ဆရာ့ရဲ့နိုင်ငံရေး ကိုလည်း သတ်ပစ်ဖို့ကြိုးစားနေတာ အမှန်ပါ။ ဒါကြောင့်ပဲ စစ်အုပ်စုဟာ …ဆရာ့ကိုရော၊ ဆရာ့ရဲ့နိုင်ငံရေးကိုပါ ကန့်သတ်ပိတ်ဆို့တားဆီးဖို့ တောက်လျှောက် အရူးအမူး အားထုတ်ခဲ့တာပါ။ ဒါပေမယ့် စစ်အုပ်စုရဲ့ဆန္ဒနဲ့ ပြောင်းပြန်ပဲ … ဆရာဟာ လိုအပ်ချက်နဲ့ကိုက်ညီတဲ့၊ အံဝင်ကွက်တိဖြစ်တဲ့ အလုပ်ကြွေးကြော်သံနှင့် အလုပ်လမ်းညွှန်တွေကို သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အမြဲထုတ်ပြန် လမ်းညွှန်ထောက်ပြနိုင်ခဲ့တယ်လို့ ကျနော်ဆိုချင်ပါတယ်။

၁၉၉၀ မေလ (၂၇) ရက်နေ့မှာ ကျနော်တို့ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်လိုက်တယ်။ ရွေးကောက်ပွဲပြီးလို့ (၂) လတိတိ ကြာတဲ့အခါမှာ … ရွေးကောက်ပွဲနိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဂန္ဒီဟောမှာ စုစည်းလိုက်ကြတယ်။ စစ်အုပ်စု မျက်လုံးမျက်ဆံပြူးသွားစေတဲ့ အကွက်ပါ။ ဂန္ဒီဟောထဲမှာက … မြန်မာနိုင်ငံတနံတလျား မဲဆန္ဒနယ်ပေါင်းစုံက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ။ ဂန္ဒီဟောရဲ့ ဘေးဝဲယာမှာက … အဲဒီကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ပြီး ယုံကြည်စွာ mandate ပေးလိုက်ကြတဲ့ ပြည်သူတွေ။

မြင်ကွင်းဟာ ကြက်သီးဖြန်းဖြန်းထလောက်တဲ့ မြင်ကွင်းပါ။ ၁၉၈၆ ခုနှစ်က ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲအပြီး သမ္မတဟောင်း အာဏာရှင်မာကိုးစ်ဆီက နိုင်ငံတော်အာဏာကို ကိုရာဇန် အကွီနိုက လူထုအားနှင့် အရယူလိုက်နိုင်တဲ့ မြင်ကွင်းမျိုးပါ။

ဂန္ဒီဟောကို ၀န်းရံထားတဲ့ လူပင်လယ်ကြီးမှာ … မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ၊ အဲဒီ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကြောင့် စီးကျလာတဲ့ မျက်ရည်တွေ၊ အံကြိတ်တက်ခေါက်သံတွေ။ ဒါပေမယ့် ဒီမှာ ကျနော်တို့ အဆင်သင့်မဖြစ်လိုက်ဘူး။ အခွင့်အခါကောင်းကို အမိအရ မဆုပ်ကိုင်လိုက်နိုင်ဘူး။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက်မှာ၊ တပါတီအာဏာရှင်စနစ်အောက်မှာ နိုင်ငံရေး ဖြတ်တောက်ခံထားရတာရဲ့ အကျိုးဆက်ပဲလို့ ကျနော်ကောက်ချက်ချမိတယ်။

အစိုးရဖွဲ့ဖို့ အဆင်သင့်မဖြစ်လိုက်နိုင်ပေမယ့် … `နောက်ရက်ပေါင်း (၆၀) အတွင်း စက်တင်ဘာလ ကုန်နောက်ဆုံးထားပြီး ပြည်သူ့လွှတ်တော်ခေါ်ပေးရန်´ ဆိုတဲ့ ဂန္ဒီဟောကြေညာချက်ကိုတော့ အခိုင်အမာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒါဟာ အဲဒီကာလမှာ ပကတိတည်ရှိနေတဲ့၊ အမှန်တကယ်တည်ရှိနေတဲ့ မိမိအနေအထားရဲ့ စုစည်းဖော်ပြချက် ဖြစ်နိုင်ပါတယ်။ ဒီထက် မရနိုင်သေးဘူး။ ဒီထက် မရနိုင်ခဲ့ဘူး။

စစ်အုပ်စုအတွက်တော့ ‘ခုမှပဲ အလုံးကြီးကျသွားတော့တယ်´ ဆိုတဲ့ အခွင့်အလမ်း အသေအချာ ဖြစ်သွားပါတယ်။ သူ့ရင်ထဲက အလုံးကြီးက `ဂန္ဒီဟောမှာ လွှတ်တော်ခေါ်လိုက်မှာလေလား´၊ `ဂန္ဒီဟောမှာ အစိုးရဖွဲ့လိုက်မှာလေလား´ ဆိုတဲ့ အလုံးကြီးပါ။ န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင်က `ရွေးကောက်ပွဲက Free and Fair ဖြစ်ပါတယ်´ လို့ ရွေးကောက်ပွဲမှာ မဲထည့်ရင်း ပြောထားခဲ့တာပါ။

ဒီစကားက … နိုင်ငံတကာနှင့် ပြည်တွင်းသတင်းထောက်တွေရဲ့ရှေ့မှာ … လူသိရှင်ကြား ထုတ်ပြောထားတဲ့ စကားပါ။ သူ့စကားနှင့်သူ ချည်မိတုပ်မိဖြစ်နေတုန်း … အန်အယ်လ်ဒီက ဗြုန်းဆို ဂန္ဒီဟော ကောက်ခေါ်လိုက်တော့ အသက်တောင် ဘယ်ကရှူရမှန်းမသိ ဖြစ်သွားရတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း စစ်အုပ်စုဟာ ၁/၉၀ ဆိုတဲ့ အမိန့်ကြေညာချက်ကို ကမန်းကတန်းထုတ်ပြီး ကြိုးစားကာပစ် ပစ်ကြည့်ခဲ့တဲ့ ကာလပါ။ ၁/၉၀ ရဲ့ အနှစ်သဘောက `လွှတ်တော်ကို ကိုယ့်အစီအစဉ်နှင့်ကိုယ် မခေါ်ပါနှင့်၊ န၀တက ကမကထပြုပြီး ခေါ်ပေးပါမယ်´ ဆိုတာပါ။ အဓိကရည်ရွယ်ရင်းကတော့ ဂန္ဒီဟောမှာ အစိုးရမဖွဲ့လိုက်ဖြစ်ဖို့ပါ။ ဂန္ဒီဟောမစခင် တရက်ကြိုပြီး ၁/၉၀ ကိုထုတ်လိုက်ပြီး … အဆုံးအဖြတ်အခန်းမှာရှိတဲ့ ခေါင်းဆောင် (policy maker) တချို့ရဲ့ တိကျမှုကိုေ၀၀ါးသွားစေဖို့ပဲ ဖြစ်ပါတယ်။

ထုံးစံအတိုင်းပါပဲ။ အန်အယ်လ်ဒီခေါင်းဆောင်တွေကြားမှာ … ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကြားမှာ… ဘယ်သူ့ကိုဖမ်းရမယ်၊ ဘယ်သူ့ကို ခြောက်ထုတ်ပစ်ရမယ်။ ဘယ်သူ့ကို မွေးရမယ်၊ ဘယ်သူ့ကို ရောဂါဝင်အောင် လုပ်ရမယ်ဆိုတာတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး … ၁၉၉၀ လူဖမ်းပွဲနှင့် သူ့ရဲ့ ဗျူဟာမြောက် အော်ပရေးရှင်းကို တရကြမ်း စတင်လိုက်တော့တာပါပဲ။ ဒီလိုနဲ့ ကျနော်တို့ဘက်မှာ ယာယီအရေးနိမ့်မှုတခု ဖြစ်ခဲ့ရတယ်။ ခြေလှမ်းတချို့နောက်ဆုတ်ခဲ့ရတယ်။ အဲဒီ (၂) လ၊ (၃) လ အတွင်းမှာကိုပဲ … စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်တွေနှင့် မူယာမာယာတွေ အောက်မှာ ကျနော်တို့ဘက်မှာ တကယ့်ကို အပြိုပြိုအလဲလဲ။

တချို့ ထောင်ထဲရောက်။
တချို့ တောထဲရောက်။
တချို့ ရှောင်ကြ၊ ရှားကြ။ တချို့ ဖြူကြ၊ ဖျော့ကြ။

လွန်ခဲ့တဲ့ (၂) လ၊ (၃) လက တိကျပြတ်ထင်နေတဲ့ မျဉ်းကြောင်းတချို့ဆိုလည်းေ၀၀ါးဖျော့တော့ အရောင်ပျယ်သွားကြ။

စစ်အုပ်စုဟာ (၂) နှစ်လောက်နားလိုက်ရတော့ အတော်လေး အမောစေ့သွားပုံရတယ်။ စစ်အုပ်စုဟာ အဲဒီလို အရှိန်လေး ရလာတယ်ဆိုရင်ပဲ … ဗိုလ်စောမောင်နေရာမှာ ဗိုလ်သန်းရွှေကို အစားထိုးပြီး ၁၁/၉၂ ကို ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ (၂) နှစ်က သူကိုယ်တိုင် ကြောက်အားလန့်အား ကမန်းကတမ်းထုတ်ထားတဲ့ ၁/၉၀ ကို သူကိုယ်တိုင် ဆုတ်ဖြဲပစ်လိုက်တယ်။ ၁၁/၉၂ ရဲ့ အနှစ်ဟာ … `ဘာလွှတ်တော်မှ ခေါ်ပေးစရာ မလိုဘူး၊ ခေါ်လည်းမပေးဘူး၊ အခု ပြည်သူ့လွှတ်တော်အမတ်တွေက သူလုပ်ပေးမယ့် အမျိုးသား ညီလာခံဆိုတာကို တက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူတွေကို ဆွဲကြ၊ ခင်ဗျားတို့ရဲ့ပိုင်ခွင့်က ဒါပဲ၊ လွှတ်တော်တွေ၊ ဘာတွေ ဘာမှ လာပြောမနေနှင့်တော့´ ဆိုတာပဲ။ အဲဒီလို သူက တဆင့်တိုးပြီး ထိုးစစ်ဆင်လာတဲ့အခါ ကျနော်တို့ ဘာလုပ်ခဲ့ကြသလဲ။

အဲဒီကာလဟာ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား အများဆုံးကာလဖြစ်တယ်လို့ ကျနော်မှတ်မိနေတယ်။ ဒီမှာ အင်အားစုတွေ စဉ်းစားကြရပြီ၊ တောင့်ခံမလား၊ မျှောလိုက်မလား။ ဘာပဲပြောပြော ဒါတွေကို ဆုံးဖြတ်ဖို့၊ ၁၁/၉၂ ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာ ဆုံးဖြတ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ရေးဟာ ပထမဆုံးလုပ်ရမယ့် အလုပ်ဖြစ်လိမ့်မယ်။ ဒါဟာ သေချာပေါက်ပဲ၊ ကျနော်တော့ ဒီလိုပဲ မြင်တယ်။ တိုင်းပြည်ကို ရိုးရိုးသားသား ချစ်ကြတယ်ဆိုရင် ဒါကို ပထမဆုံးကိုပဲ ဆုံးဖြတ် ချက်ရှိရှိ လုပ်ရပါလိမ့်မယ်။

ဒါကြောင့်ပဲ … ဆရာဦးဝင်းတင်ဟာ အကျဉ်းထောင်ထဲက ရဲဘော်များကြား၊ ခေါင်းဆောင်များကြား … အပြင်က ရဲဘော်များကြား၊ ခေါင်းဆောင်များကြားကို အလုပ်ကြွေးကြော်သံ (သို့မဟုတ်) လုပ်ငန်းလမ်းညွှန်ကို အခုလို ပြတ်ပြတ်သားသားပဲ တင်ပြလိုက်ပါတယ်။ `အခု ကျနော်တို့ လုပ်ရမယ့်အလုပ်ဟာ … စစ်အုပ်စုပြောတဲ့ ၁၁/၉၂ လမ်းကြောင်းမဟုတ်ဘူး။ ကျနော်တို့ တကယ်လုပ်ရမယ့် အလုပ်ဟာ… `စု၊ လွှတ်၊ ပြန်၊ တွေ့´ ဒါမှမဟုတ် `စု၊ တွေ့၊ ပြန်၊ လွှတ်´ ဖြစ်တယ်။´

အကျယ်က ဒီလိုပါ။
ကျနော်တို့ဟာ `ဆန်စင်ရာ၊ ကျည်ပွေ့လိုက်´ ဆိုတာလို စစ်အုပ်စုရွှေ့တဲ့အကွက်တွေကို နောက်ယောင်ခံလိုက်ပြီး ဘာမှ သူ့အလိုကျ ရွှေ့ပေးနေစရာ မလိုဘူး။ ကိုယ်ဟာ လူထုရဲ့ ယုံကြည်စွာ အပ်နှံ ထားတဲ့ mandate ရပါတီဖြစ်တယ်။ လူထုကိုယ်စားလှယ်ဖြစ်တယ်။ လူထုနှင့်အတူ၊ လူထုဝန်းရံထောက်ခံမှုနှင့်အတူ ရပ်တည်နေတဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကိုယ်ကိုယ်တိုင်က လမ်းကြောင်း ချမှတ်ခွင့်ရှိတယ်။ ဒီအခွင့်အလမ်းကိုလည်း လူထုကို အတိအကျချပြပြီး လူထုနှင့်အတူ ဆောင်ရွက်ရလိမ့်မယ်။

ပထမဆုံးလုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ်ပါ။ ဒုတိယ … ပြည်သူ့လွှတ်တော်အမြန်ခေါ်ပါ။ တတိယ … အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရင်း စတုတ္ထ … နိုင်ငံရေးအရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး အဖြေရှာပါ။

ဒါကတနည်း။
နောက်တနည်းက …
ပထမစပြီးလုပ်ရမှာက … ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ရေးပဲ၊
ဒုတိယက … တွေ့ဆုံဆွေးနွေး၊
တတိယ … အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ ဆောင်ရွက်၊
နောက်ဆုံးမှာမှ … ပြည်သူ့လွှတ်တော် ခေါ်ယူ။

လုပ်ငန်းစဉ်တိုင်းဟာ ရှင်းလင်းတယ်၊ ထင်သာမြင်သာရှိတယ်၊ ပြီးတော့ တိကျခိုင်မာတယ်။

ဘယ်လမ်းကြောင်းကိုပဲရွေးရွေး `ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားတွေ ချွင်းချက်မရှိလွှတ်ရေး´ နှင့် စတင်ကြရမှာချည်းပဲ။ ဒါကို ဆရာဦးဝင်းတင်ဟာ ထောင်ထဲမှာ ၁၉၉၁- ၁၉၉၂ ကတည်းက စိုက်လိုက်မတ်တပ် တောက်လျှောက်တင်ပြခဲ့တာ ဖြစ်ပါတယ်။ အခုထိလည်း သူ ဒါကိုပဲ ဆက် လက်ရပ်ခံတယ်။ ကျနော်တို့ရဲ့ ၁၉၉၂ ခုနှစ်က ၂၀၀၇ ခုနှစ်ကြား ခါးသည်းတဲ့ အတွေ့အကြုံတွေကို နိဂုံးချုပ်ကြည့်လိုက်တဲ့အခါမှာလည်း ဒီလမ်းညွှန်ဟာ လုံးဝကွက်တိ မှန်နေဆဲပဲ။

ကျနော်တို့နှင့်အတူတူ လူထုရှိနေတယ်လို့ ယုံရင် … ကျနော်တို့ဟာ စစ်အုပ်စုပြောသမျှ၊ သူလမ်း ကြောင်းပေးသမျှ လိုက်လုပ်နေရမယ် ဆိုတာ လုံးလုံးမသင့်လျော်ဘူး။ လူထုနှင့် ကင်းကွာ၊ လူထု တန်ဖိုးလည်း နားမလည်၊ လူထုကိုလည်း မယုံကြည်၊ လူထုကိုယ်တိုင် ကလည်း ဘာတန်ဖိုးမှ အပေးမခံရသူတွေသာ စစ်အုပ်စုနှင့် အလိုက်သင့် အလျားသင့် ဟိုဟာလိုက်လုပ်ရမှာလိုလို ဒီဟာလိုက်လုပ်ရမှာလိုလို ပျာယာခတ်နေကြတာပါ။

လူထုကို ယုံကြည်တယ်ဆိုရင် … ကိုယ့်လမ်းကိုယ်ထွင်ပြီး ရဲရဲလျှောက်နိုင်ရလိမ့်မယ်။ `လူထုကိုချပြ၊ လူထုထောက်ခံမှုကို အရယူပြီး၊ လူထုနှင့်အတူ ချီတက်ဆောင်ရွက်ရေး´ ဆိုတဲ့ အခြေခံတရားကို လက်မလွှတ်ဘူးဆိုရင် … ကျနော်တို့ကို ဘယ်သူမှ တားနိုင် ဆီးနိုင် ပိတ်ဆို့နိုင်မယ်မဟုတ်ဘူးလို့ ကျနော်ရဲရဲယုံကြည်တယ်။

Read More...

ကိုယ့်သမိုင်းကိုယ် ဖျက်ဆီးသူများ


လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ ဖြတ်သန်းရာ၊ ကျင်လည်ရာ ဘ၀တလျှောက်လုံးတွင် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာသည် မည်မျှ အရေးပါအရာရောက်သနည်း ဆိုသည်ကို ပဲ့ပြင်ဆုံးမသွန်သင်မှု မရရှိခဲ့ကြသော သူတို့သည် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့် လမ်းကို လျှောက်ကြကုန်၏။ ထိုသူတို့ အတွက် အနာဂတ်သည် မည်သို့မျှ အဖတ်ဆည်၍ ရမည်မဟုတ်ပါ။

လူတိုင်း လူတိုင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးကြရသည်။



မျိုးမစစ်တဲ့ စိုးလင်းတို့အဖွဲ့
လွင်မောင်သန်း

မနေ့တနေ့က ရေဒီယိုမှာ “၀ံသာနု အမျိုးသားဒီမိုကရေစီအဖွဲ့” အကြောင်း ကြားလိုက်ရတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်တင်သွင်းတဲ့ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းကို ရုရှနဲ့တရုတ် ဗီတိုအာဏာနဲ့ ပယ်လိုက်တာကို ၀မ်းမြောက်ဝမ်းသာဖြစ်ကြောင်းနဲ့ တရုတ်နဲ့ ရုရှကို ဂုဏ်ပြုချီးကျူးကြောင်း ကြေညာချက်ထွက်ကြတယ်။ သတင်းစာတွေထဲမှာလည်း ဖော်ပြကြတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ပုတ်ခတ်စော်ကားထားသေးတယ်။ ကိုယ့်အမေကို ကိုယ်ပြန်ဆဲနေတဲ့ သားကို အရပ်ထဲကပါ ၀ိုင်းဝန်းဆုံးမကြဖို့ လိုအပ်နေပါပြီ။ “၀ံသာနု အမျိုးသားဒီမိုကရေစီအဖွဲ့” ကို ဦးဆောင်နေတဲ့သူကိုလည်း ကြည့်ပါဦး၊ ဒေါက်တာစိုးလင်းတဲ့။

၁၉၉၁ ဧပြီလရဲ့ နေ့တနေ့မှာ “ပုံစံ…” ငှက်ဆိုးထိုးသံ အသံကြီးကြားရတယ်။ “အားလုံးနောက်လှည့် ထိုင်ထား မယ်” တန်းစီး စိုးလေးရဲ့အသံပြဲကြီးကိုပါ တဆက်တည်းကြားနေရတယ်။ ၁၉၉၀ ခုနှစ် စက်တင် ဘာလ ထောင်တွင်းတိုက်ပွဲများနောက်ပိုင်း ကျနော်တို့တိုက်ဝင်းထဲမှာ နိုင်ငံရေးသမားတွေကို အလွန် ရက်ရက်စက်စက် နှိပ်ကွပ်ထားတယ်။ တနေ့လုံးကို (၁၀) မိနစ်လောက်ပဲ ရေချိုးဖို့ အခန်းပြင်ထွက်ရ တယ်။ ရေကန်ရှိတဲ့နေရာအထိ လမ်းလျှောက်ရတယ်။ အဲဒီအချိန်လေးမှာပဲ မြေကြီးနဲ့ထိတွေ့ခွင့်ရတယ်။ ကျန်တဲ့အချိန် တွေမှာ (၁၀) ပေပတ်လည် တိုက်ခန်းတွေထဲမှာ တနေကုန်ပိတ်လှောင်ထားတယ်။

“အေးဇေ …” အသံတွေငြိမ်သွားပြီ။ ၀န်ထမ်းတွေလည်း ပြန်ထွက်သွားကြပြီလို့ယူဆရတယ်။ ဘေးခန်း တွေကို ဘယ်သူတွေဝင်လာသလဲဆိုတာ သိပ်သိချင်နေတယ်။ ထုံးစံအတိုင်း အခန်းနံရံကို တဒေါက် ဒေါက်နဲ့ခေါက်ပြီး အဆက်အသွယ်လုပ်တယ်။ ရာဇ၀တ်သားတွေလား၊ နိုင်ငံရေးအကျဉ်းသားတွေလား ကွဲကွဲပြားပြားသိချင်လှပြီ။

ဘေးခန်းကလူတွေအားလုံး NLD အမတ်တွေချည့်ပဲ။ စင်ပြိုင်အစိုးရဖွဲ့ဖို့အတွက် Hard လိုင်း၊ Soft လိုင်း အထက်မြန်မာပြည်ကအမတ်တွေ မန္တလေးမှာစုပြီး အစည်းအဝေးလုပ်ကြတာ။ တောခိုဖို့ လူရွေးနေကြ တာ။ ခုတော့ တစုတစည်းထဲ အမတ်တွေအများကြီး တပြိုင်နက်တည်း အဖမ်းခံကြရတယ်။ နှမျောစရာ ကောင်းလိုက်တာ။ ကျနော်တို့ (၅) တိုက်ကလည်း သူပုန်တိုက်။ တောတွင်းဆက်သွယ်နဲ့ တောထဲက အပြန်မိတာနဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်သွယ်နေတဲ့ UG, OG ကျောင်းသားလူငယ်တွေ များတယ်။

ယခုအခါ အထက်မြန်မာပြည်က စင်ပြိုင်အစိုးရဖွဲ့မယ့်အမတ်တွေ ကျနော်တို့တိုက်ထဲကို ထပ်ရောက်လာ ကြပြန်ပြီ။ (၅) တိုက် အခန်း (၁၃) မှာ ဦးဘပွား (အမရပူရမြို့နယ်အမတ်)၊ ဒေါက်တာဇော်မြင့်မောင် (အမရပူရမြို့နယ်အမတ်)၊ ဦးကျော်သွင် (ခရမ်းမြို့နယ်အမတ်)၊ ဦးသိန်းဖေ (ကန့်ဘလူမြို့နယ်အမတ်) လေးယောက်နေတယ်။ အခန်း (၁၁) မှာ ဦးမြ၀င်း (အင်္ဂပူမြို့နယ်အမတ်)၊ ဦးမြင့်ကြည် (ကသာမြို့နယ် အမတ်)၊ ဦးစောလှိုင် (အင်းတော်ကြီးမြို့နယ်အမတ်)၊ ဦးသောင်းမြင့် (ခေါ်) ကိုသံချောင်း (ခင်ဦးမြို့နယ် အမတ်)၊ သာဂရ ကိုထွန်းအောင် (ရေတာရှည်မြို့နယ်အမတ်) တို့ဖြစ်ကြသည်။ အခန်း (၈) မှာတော့ မကွေးတိုင်းစည်း ဦးချစ်တင် (အထက်မင်းလှအမတ်)၊ ဦးခင်မောင်သိန်း (ခင်ဦးမြို့နယ်အမတ်)၊ ဦးတင်အောင် (မန္တလေးအနောက်မြောက်မြို့နယ်အမတ်)၊ ဒေါက်တာစိုးလင်း (မန္တလေးအနောက်မြောက် မြို့နယ်အမတ်)၊ ဦးပိုက်ကို (ပခုက္ကူ NLD စည်းရုံးရေးမှူး)၊ ပြီးတော့ အခန်း (၅) မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏သား ဒေါက်တာမောင်မောင်လတ် (ခေါ်) ဒေါက်တာလှိုင်ညီ (သာကေတမြို့နယ်အမတ်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူမြို့နယ်အမတ်)၊ ဦးလှသန်း (ကိုကိုးကျွန်းမြို့နယ်အမတ်)၊ ဦးလှထွန်း (ကြည့်မြင်တိုင်မြို့နယ် အမတ်)၊ ဦးသာဆိုင် (တွံတေးမြို့နယ်အမတ်) တို့ဖြစ်ကြတယ်။ (၄) တိုက်ဘက် မှာတော့ ဦးစောနိုင်းနိုင်း (ပုဇွန်တောင်မြို့နယ်အမတ်)၊ NLD- CEC ဦးခင်မောင်ဆွေ (စမ်းချောင်းမြို့နယ် အမတ်)၊ ဦးအောင်ဆန်းမြင့် (မြိုင်မြို့နယ်အမတ်)၊ ဦးသိန်းထွန်း (ဇီးကုန်းမြို့နယ်အမတ်)၊ ဒေါက်တာ ဇော်မြင့် (ဟင်္သာတမြို့နယ်အမတ်)၊ ဦးရဲထွဋ် (ဒိုက်ဦးမြို့နယ်အမတ်)၊ ဦးစိန်လှဦး (အင်းစိန်မြို့နယ် အမတ်) နဲ့ ဦးဖေအောင်လင်း၊ ဦးတင်မောင်ဝင်း၊ ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်း၏ အောင်နိုင်ရေး စည်းရုံးရေးမှူး ပေါက်ခေါင်းက ဦးစောနေဒွန်း၊ မိန်းမထောင် တိုက်ထဲမှာလည်း ဒေါ်ခင်စန်းလှိုင်(၀က်လက်မြို့နယ်အမတ်)၊ ဒေါ်စန်းစန်း (ဆိပ်ကမ်းမြို့နယ်အမတ်)၊ ဒေါ်စန်းစန်းဝင်း (အလုံမြို့နယ်အမတ်)၊ ဒေါ်အုန်းကြည် (မြစ်သားမြို့နယ်အမတ်)၊ စစ်ကိုင်းတိုင်းစည်း ဒေါ်ဝင်းမေ၊ ဒေါ်ရွှေဝါစိုး စသည်ဖြင့် အမှုတွဲ စုစုပေါင်း (၃၅) ယောက်ရှိတယ်။ ပြည်သူ့လွှတ်တော်အမတ်တွေချည်းပဲ (၂၉) ယောက်ပါတယ်။ သည်လူတွေအားလုံးသာ မြန်မာပြည်အပြင်ဘက်ကို ရောက်အောင်သွားနိုင်ရင် ကုလသမဂ္ဂမှာ ယခင်မင်းသားကြီး သီဟာနုနေရာရသလို ကမ္ဘာ့အသိအမှတ်ပြု တရားဝင်အစိုးရဖြစ်မှာ။

သူတို့အမတ်အုပ်စုတွေထဲမှာ အသက်အကြီးဆုံးက အမရပူရအမတ်ဦးပွား (ခေါ်) အဘပွားဖြစ်တယ်။ NLD ဗဟိုကော်မတီဝင် ဦးချမ်းအေး (ခေါ်) စာရေးဆရာမောင်စူးစမ်းနဲ့ မဆလ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးကျော်ထင်တို့နဲ့ သူငယ်ချင်းဖြစ်တယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ်ကျောင်းဆင်း အသက် (၇၀) ကျော် အသားမဲမဲ ဒေါင်ကောင်းကောင်း အညာသား၊ ဥပဓိရုပ်နဲ့။ ဒါပေမယ့် ယက္ကန်းစက်ရုံတွေ အများကြီး ပိုင်တဲ့ သူဌေးကြီး။ စကားပြောရင် ရိုးရိုးရှင်းရှင်း ဘွင်းဘွင်းပြောတတ်တယ်။ သွယ်ဝိုက်လှည့်ပတ် မပြောတတ်ဘူး။ ဒဲ့ဒိုးကြီးပြောချတတ်တယ်။ ရင်ထဲမှာလည်း တေးမှတ်မထားတတ်ဘူး။ အမှတ်တကယ် ကို အလွန်ရိုးသားကြတဲ့ အညာသား၊ မန္တလေးသားစစ်ကြီးတွေ။ ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်နေတယ် ဆိုတဲ့သူတွေ၊ အလွန်ကို အရှက်အကြောက်ကြီးကြတယ်။ အထူးသဖြင့် သူတို့မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာ ကို အထိခိုက်မခံနိုင်ကြဘူး။ အခုလည်း စင်ပြိုင်အစိုးရဖွဲ့ဖို့ တောခိုဖို့အတွက် အထက်မြန်မာပြည် အစည်းအဝေးကို သူ့အိမ်မှာလုပ်တယ်။ လာတဲ့ဧည့်သည်တွေကို လိုလေသေးမရှိ ဧည့်ဝတ် ကျေပွန်စွာ ဧည့်ခံကျွေးမွေးတယ်။ ဒါမှ မန္တလေးမြို့ရဲ့ဂုဏ်သိက္ခာ မညှိုးနွမ်းရမှာဖြစ်တယ်။

သူတို့ အထက်မြန်မာပြည်အစည်းအဝေးတက်တဲ့သူတွေအားလုံးကို ထောက်လှမ်းရေးက တယောက် မကျန် အကုန်ဖမ်းတယ်။ ထောက်လှမ်းရေးစစ်ကြောရေးမှာ ဦးဘပွားကို အသေးစိတ်မေးတယ်။ သူ့အိမ်မှာ အစည်းအဝေးလုပ်တယ်ဆိုတော့ လူဘယ်နှစ်ယောက်လဲ၊ ဘယ်သူတွေပါလဲ စသည်ဖြင့် မေးခွန်းပေါင်း များစွာမှာ မန္တလေးသားတွေကလွဲရင် လူတွေနာမည်မသိဘူး၊ မမှတ်မိဘူး။ ဆွေးနွေးတဲ့ အကြောင်းအရာ တွေဆိုရင် သူ့ရဲ့အသက်အရွယ်အရ ပိုပြီးငြင်းလို့ကောင်းတာပေါ့။ ဒါပေမယ့် အဲဒီ ထောက်လှမ်းရေးမှာ ကတည်းက အစည်းအဝေးက ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်တွေ၊ ဘယ်သူတွေက ဘာလုပ်မယ်၊ ဘာတာဝန်ယူမယ် စသည်ဖြင့် ပြည့်ပြည့်စုံစုံရေးထားတဲ့ လက်ငါးလုံး လက်တ၀ါးစာလောက် စာရွက် အထပ်လိုက်ကြီးရှိတဲ့ ဖော်ကောင်ဒေါက်တာစိုးလင်းရဲ့ ထွက်ဆိုချက်မှတ်တမ်းကို သူ့ကိုလာပြတယ်။ ဘာငြင်းဦးမလဲမေးတော့ “ငါ -ိုးမသား၊ မအေ -ိုး စိုးလင်း၊ မျိုးမစစ်ကောင် သစ္စာဖောက်” မအေနှမစုံနေအောင်လို့ ထောက်လှမ်းရေးတွေရှေ့မှာတင် ဆဲပစ်လိုက်တယ်။ မန္တလေးသားရဲ့ ဂုဏ်သိက္ခာကိုထိုခိုက်လို့ အလွန်ရှက်နေမိတယ်။ ဒေါသကလည်း အရမ်းထွက်နေတာပဲ။ အပြင်မှာသာ လွတ်လွတ်လပ်လပ် တွေ့လို့ကတော့ အသေကို သတ်ပြစ်မိမှာ။

အခုလည်း ထောင်ထဲမှာ ဦးဘပွားတို့ (၁၃) ခန်း ရေချိုးပြီးရင် ဒေါက်တာစိုးလင်းနေတဲ့ (၈) ခန်းကို ပိတ်ထားရတယ်။ စိုးလင်းကလည်း အခန်းထောင့်မှာပဲ အမြဲပုန်းနေရတယ်။ အခန်းအပေါက်ဝကနေ ဦးချစ်တင်၊ ဦးတင်အောင်၊ ဦးခင်မောင်သိန်းတို့က တယောက်မဟုတ် တယောက်ပိတ်ပြီး ထိုင်ပေး ထားရတယ်။ ဒါတောင်မှာ အဖိုးကြီးက နေ့တိုင်းအခန်းရှေ့လာပြီးဆဲတယ်။

“ဖော်ကောင် မအေ -ိုး စိုးလင်း၊ ငါ -ိုးမသား မျိုးမစစ်ကောင်”။ ဒေါက်တာစိုးလင်းရဲ့မိန်းမကလည်း ရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက ကိုယ်ရံတော် အထိန်းတော်မျိုးရိုးတွေက ဆင်းသက်လာတာ။ ဒါကြောင့် အိပ်ရာမ၀င်ခင် မိန်းမရှစ်ခိုးပြီးမှ အိပ်ရတဲ့ကောင် စံဆယ်ဖြာစိုးလင်းလို့ နောက်ပြောင်ခေါ်ကြတယ်။ စိုးလင်းထောင်ကျ နေတုန်း သူ့မိန်းမက မန္တလေးမှာနာမည်ကြီးတည်းခိုခန်းမှာ မန်နေဂျာလုပ်နေတယ်။ မန္တလေးမှာ “နေပြည်တော်” ရန်ကုန်မှာ “လေအေးသာ” ဆိုတာ ၀ါသနာပါသူတွေအတွက်တော့ လူတိုင်းသိတဲ့ နာမည်ကြီးတည်းခိုခန်းတွေပဲ။ စစ်ဗိုလ်ချုပ်၊ စစ်သားတွေ၊ ကန်ထရိုက်၊ အရာရှိကြီးတွေ လာဘ်ပေး လာဘ်ယူ ကြေးကြီးကြီးပေးပြီး ၀င်ထွက်နေတဲ့ဇိမ်ခန်းတွေပဲဖြစ်တယ်။

၁၉၉၂ ခုနှစ်မှာ နိုင်ငံတော်ရဲ့ ၁၁/၉၂ အမိန့်ကြေညာချက်နဲ့ အမတ်တွေအတော်များများ လွတ်သွားကြ တယ်။ ဦးဘပွားလည်း ထောင်ကလွတ်တယ်။ ဒါပေမယ့် သူတို့အမှုတွဲမှာပါတဲ့ အမတ်ဆရာဝန်တွေ အားလုံးကိုတော့ လွှတ်မပေးသေးဘူး။ သည့်အပြင် သူတို့အမှုတွဲတွေထဲက ဦးစောနေဒွန်း၊ ဦးလှထွန်း၊ ဦးမြ၀င်းနဲ့ ကိုကိုးကျွန်း ဦးလှသန်းတို့ မလွတ်သေးဘဲကျန်တော့တယ်။ သူတို့အမှုတွဲက ထောင်ထဲမှာ ကျန်သေးတဲ့လူတွေကလည်း အလွန်ကိုနည်းသွားပြီး နဂိုကတည်းက ရပ်တည်ချက်မခိုင်မာတဲ့ ဖော်ကောင်စိုးလင်းယောက် အတော်ကို လွတ်ကြောင်ကြောင်နေပြီ။ ထောက်လှမ်းရေးကလည်း အဲသည် ကာလအတွင်းမှာ စစ်ကြောရေးကလည်း ခဏခဏလုပ်နေတယ်။ ထောက်လှမ်းရေးနဲ့တွေ့တိုင်းလည်း စိုးလင်းတယောက်က လက်နက်ချ အညံ့ခံတာချည်းပါပဲ။ နိုင်ငံရေးကိုလည်း ဆက်မလုပ်တော့ပါဘူး၊ ထောက်လှမ်းရေးခိုင်းချင်ရာခိုင်းပါ၊ သူလုပ်ပေးမယ်ဆိုတဲ့အကြောင်း အထက်ကိုလည်းဆက်လက်တင်ပြ ပေးပါဆိုပြီး လက်မှတ်ထိုးထားတဲ့ ထွက်ဆိုချက်တွေကို ပြလေ့ရှိတယ်။ ထောက်လှမ်းရေးတွေကလည်း နောက်လူတွေကို စစ်ဆေးမေးမြန်း စစ်ကြောလုပ်တဲ့အခါတွေမှာလည်း စိုးလင်းလက်မှတ်ထိုးထားတဲ့ ထွက်ဆိုချက်တွေကို ပြလေ့ရှိတယ်။ ဒီတော့ သူ့သတင်းက တိုက်ထဲမှာပြန့်နေပြီ။ ဒီတော့ လူငယ်အတော် များများကလည်း သူ့ကိုမလေးစားတော့ဘူး။ အခေါ်အပြောသိပ်မလုပ်တော့ဘူး။ စိုးလင်းကလည်း သူကိုယ်တိုင် လက်နက်ချအညံ့ခံရုံတင်မကဘူး၊ သူများတွေကိုလည်း လိုက်စည်းရုံးတယ်။ အပြင်ကို အမြန်ပြန်ရောက်ဖို့က အရေးကြီးတယ်။ ဒါကြောင့် ထောက်လှမ်းရေးစစ်ကြောရေးခေါ်ထုတ်ရင် သူတို့ခိုင်းတဲ့အတိုင်း လက်မှတ်ရေးထိုးလိုက်ဖို့ကို တိုက်ထဲမှာလိုက်ပြီး စည်းရုံးနေတယ်။ သူ့လိုပဲ စိတ်ဓာတ်မခိုင်မာသူတချို့ကတော့ နားယောင်ကြတယ်။ များသောအားဖြင့်တော့ လက်မခံကြပါဘူး။ ထောင်ထဲမ၀င်ခင်ကတည်းက သူဖော်ကောင်လုပ်ပြီး ဒီမိုကရေစီဘက်တော်သားတွေကို ဒုက္ခပေးပြီးပြီ။ ခုလည်း ထောင်ထဲမှာ သူများတွေကိုပါ သူ့လို အညံ့ခံခိုင်းနေပြန်ပါပြီ။ ဒါနဲ့ပတ်သက်လို့ အဘ၀တီ (NLD-CEC ဦးဝင်းတင်) ကတော့ Pholosophize မလုပ်ကြဖို့ လူကြီးတယောက်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောပါတယ်။

၁၉၉၅ ခုနှစ်မှာ စစ်အစိုးရက တပ်မတော်ရွှေရတုအထိမ်းအမှတ်ဆိုပြီးတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်တို့ကို လွှတ်ပေးရာမှာ ကျနော်တို့တိုက်ဝင်းထဲက ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစိုးညွန့် (ကျောက်တံတားမြို့နယ်အမတ်) တို့နဲ့အတူ ဒေါက်တာ စိုးလင်းလည်း ပြန်လွတ်သွားပါတယ်။ စစ်အစိုးရက ထောင်ကလွတ်လာတဲ့ရှေ့နေတွေ၊ ဆရာဝန်တွေ လိုင်စင်အကုန် အသိမ်းခံရတယ်။ ဆရာဝန်ပညာ ရှေ့နေပညာနဲ့ လုပ်ကိုင်စားသောက်လို့မရအောင် ပိတ်ပင်ထားတယ်။ စိုးလင်းလည်း ဘာမှမလုပ်ကိုင် မစားသောက်တော့ဘူး။ နဂိုကတည်းက မျိုးစေ့မမှန် တော့ သူမိန်းမခိုင်းတာ အကုန်လုပ်တယ်။ နအဖစစ်တပ်နဲ့ပေါင်းပြီး ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ နှစ်လုံး၊ သုံးလုံး လောင်းကစားဝိုင်းထောင်တယ်။ အမည်ခံတည်းခိုခန်းဖွင့်ထားတယ်။ မကောင်းတာတွေလုပ်နေပေမယ့် အဖမ်းမခံရဘူး။ ဖောက်သည်စစ်ဗိုလ် တွေက အကာအကွယ်ပေးထားတယ်။ ကျားကန်ပေးထားတယ်။ ထောင်ထဲက မကောင်းတဲ့အကျင့်အကြံ စရိုက်တွေနဲ့ လာဘ်ပေးလာဘ်ယူ ပုလင်းတူဘူးဆို့ ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံ ကျိုးတွေ အရိုးအရင်းကိုက်နေတာကို မြင်ကြရတဲ့ မန္တလေးမြို့မိမြို့ဖအပေါင်းက သူတို့ရဲ့ယုံကြည်မှုနဲ့ အသည်းကြားကမဲပြားကို အလွဲသုံးစားလုပ်တဲ့ မျိုးမစစ် စိုးလင်းကို အော့နှလုံးနာလို့ မျက်နှာလွှဲလို့ထားကြပါတယ်။

ဦးဘပွားကလည်း ထောင်ကလွတ်ပြီး သိပ်မကြာဘူး အပြင်မှာပဲဆုံးတယ်။ အသက်ကလည်း အတော်ကြီး နေပြီး ထောင်ထဲမှာနေတုန်းကလည်း ကြမ်းပြင်သမံတလင်းပေါ်မှာ သည်အတိုင်းအိပ်ရတယ်။ ဦးဘပွားဆုံးတော့ သူ့ခေါင်းအုန်းအောက်က စာအိတ်တလုံးတွေ့ရတယ်။ စာအိတ်ထဲမှာ စာရွက်တရွက် ထည့်ထားတယ်။ အားလုံးကတော့ သေတန်းစာရေးခဲ့တယ်လို့ထင်ကြတယ်။ လူတွေအားလုံး လူစုံရာ ရှေ့မှာ ဖွင့်ဖောက်လိုက်တော့ “မအေ -ိုး ငါ -ိုးမသား၊ မျိုးမစစ် စိုးလင်း” လို့ရေးထားတယ်။ အညာသား မန္တလေးသားစစ်စစ်ကြီးဆိုတော့ သူတို့မြို့သားက ဖော်ကောင်ဘညွန့်လုပ်သွားတာကို အတော်လည်း ခံပြင်းနာကျည်းပြီး သေတဲ့အထိ အတော်ရှက်သွားပုံရတယ်။

မျိုးမစစ်စိုးလင်းကတော့ သူ့ကိုမွေးထုတ်ပေးလိုက်တဲ့ မိခင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတောင်မှ ပြန်ဆဲနေပါပြီ။ မျိုးမစစ်တဲ့ကောင်က ၀ံသာနုအမျိုးသားဒီမိုကရေစီအဖွဲ့ကို သူ့တပည့်ကလေကချေ လူ (၅) ယောက် (၆) ယောက်လောက်နဲ့ ဖွဲ့ထားလိုက်သေးတယ်။ မဲထည့်ပေးလိုက်တဲ့ ပြည်သူတွေရဲ့မျက်နှာကိုမှ မထောက်ထားတော့တဲ့အပြင် ပြည်သူတွေရဲ့ အသွေးအသားတွကိုတောင် ဖဲ့ယူစားသောက်နေပါပြီ။ တတိုင်း တပြည်လုံးကပြည်သူတွေ ထမင်းငတ်နေတဲ့အချိန်မှာ စိုးလင်းတို့လင်မယားနှစ်ယောက်က ဖောက်သည် နအဖစစ်ဗိုလ်ချုပ်တွေဆီကို သာကူးလုပ်ပြီး ထောင်ထဲကတန်းစီး၊ အခန်းလူကြီး ရာဇ၀တ် သားတွေရဲ့ ထောင်ကျင့်ထောင်ကြံပုံစံနဲ့ မျက်နှာချိုသွေး ပေါင်းသင်းနေလို့ တိုက်ဆောက်၊ ကားစီးနေရတာကို မစင်ပုံထဲက လောက်ကောင်တွေလို ပျော်နေကြတယ်။ ထောင်ထဲမ၀င်ခင်က ဖော်ကောင်လုပ် တယ်။ ထောင်ထဲမှာ လက်နက်ချအညံ့ခံတယ်။ ထောင်ကပြန်ထွက်လာတော့လည်း နအဖနဲ့ပူးပေါင်းပြီး မကောင်းမှု ဒုစရိုက်တွေလုပ်တယ်။ သည်လိုလူတယောက်က ၀ံသာနုနာမည်ခံထားသေးသတဲ့လား။ မျိုးချစ်တော့ မဖြစ်နိုင်ဘူး။ မျိုးမစစ်တဲ့ မျိုးဖျက်ပဲဖြစ်မယ်။ သူလိုကောင်က မိခင် NLD ပါတီကို ပြန်ဝေဖန် ဆဲဆိုနေသေးတယ် ဆိုတော့ သူခိုးကလူဟစ်နေတာပေါ့။ အခုတော့ အဘပွားလည်း မရှိတော့ဘူး။ ကောင်းရာ သုဂတိနိဗ္ဗာန်ဘုံသို့လားပါစေ။ စိုးလင်းတယောက်ကတေ့ အရှင်လတ်လတ်မြေပဲမျိုမလား၊ မိုကြိုးပဲ အပစ်ခံရလေမလား။ အ၀ီစိချိုးကပ်မယ့် အဇာတသတ်အဖြစ်ကိုတော့ အဘပွားရေ တမလွန်ကနေ စောင့်သြာ ကည့်နေပေတော့။ ။

Read More...

ကျနော်လည်း ဆန္ဒပြုလိုက်ပါတယ်


“ဦးဝင်းတင်နဲ့ ခွင့်/ကာအဖွဲ့ရဲ့ ထောင်တွင်းတိုက်ပွဲ”

လွင်မောင်သန်း

၂၀၀၇ ခုနှစ် မတ်လ (၁၂) ရက်နေ့က လူသိများ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့
(၇၇) နှစ်ပြည့် မွေးနေ့ဖြစ်တယ်။ သူက တကိုယ်တည်း လူပျိုကြီးဆိုတော့ အဲသည်နေ့မှာပဲ ထောင်ဝင်စာ သွားတွေ့တဲ့ သူ့သူငယ်ချင်းကတဆင့် ပြောလိုက်တယ်။ မတ်လ (၈) ရက်နေ့က အကျဉ်းဦးစီးညွှန်ချုပ် တန်းစီမှာ “ကျနော့်ကိုလွှတ်ပေးဖို့ အသနားခံ တောင်းဆိုနေတာ မဟုတ်ဘူး၊ ကျနော့်ကို ထောင်ဒဏ် အနှစ် (၂၀) ချထားတာ၊ အခု ထောင်တွင်းနေသား (၁၈) နှစ်ရှိပြီဖြစ်လို့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ ကျနော့်ကိုလွှတ်ပေးသင့်တဲ့ရက်ထက် အများကြီးကျော်လွန်နေပါပြီ”။ သူတို့ပဲ လက်ကိုင်ထားတဲ့ အကျဉ်းထောင်လက်စွဲဥပဒေ (Jail Manual) အရ မည်သည့်အကျဉ်းသားမဆို ဆုမှတ်ရက်များကို အဆင့် (၃) ဆင့်ခွဲ၍ ခံစားခွင့်ရှိသည်လို့ ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။

အကျဉ်းသားတိုင်း ‘ကကြီး’ ကွာ (‘A’ grade Quart) အတွက် ဆုမှတ်ရက် (၄၅) ရက်၊ ‘ခခွေး’ ကွာ အတွက် ဆုမှတ်ရက် (၃၂) ရက်နဲ့ ‘ဂငယ်’ ကွာအတွက် ဆုမှတ်ရက် (၂၃) ရက် ခံစားခွင့်ရှိရမယ်။ ကွာဆိုတာ (၃) လတကြိမ်စီနဲ့ တနှစ်ကို (၄) ကွာရှိတယ်။ အနိမ့်ဆုံးဆုမှတ်ရက် ‘ဂငယ်’ ကွာရတဲ့ အကျဉ်းသားတဦးဟာ နေသား (၃) လပြည့်ပြီးတိုင်း ဆုမှတ်ရက် (၂၃) ရက်ရတာဖြစ်လို့ နေသား တနှစ်ရှိရင် အပိုဆောင်းဆုမှတ်ရက် (၃) လ ကျော်ရသွားပြီဖြစ်ပါတယ်။ အဘဝတီလို ထောင်ဒဏ်အနှစ် (၂၀) ကျခံနေရသူတဦးဟာ ထောင်တွင်းနေသား (၁၆) နှစ်ရှိပြီဆိုတာနဲ့ ဥပဒေအရ လွှတ်ပေးရပါတယ်။ ခုတော့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံနေရပါပြီ။

ထောင်တွင်းတိုက်ပွဲဆိုတာ အပြောလွယ်သလောက် အတော်ကို အလုပ်ရခက်ပါတယ်။ တချို့ကလည်း ရပြီးသား၊ ရှိပြီးသား အခွင့်အရေးလေးတွေ ပျောက်သွားမှာကို အရမ်းစိုးရိမ်ကြပါတယ်။ တိုက်ဝင်း အတွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေရတာတို့၊ ရေအဝချိုးရတာတို့ အပါအဝင်ပေါ့။ အတူနေ အကျဉ်းသား ကိုယ့်ရဲဘော်အချင်းချင်း နားလည်မှုတွေ မလွဲရလေအောင် ကြိုတင်ညှိနှိုင်းထားသင့်တဲ့ ကိစ္စကို ကြိုညှိထားကြပြီး တိုက်ပွဲရဲ့ အဆင့်အလိုက်ပေါ်မှာမူတည်လို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပုံသဏ္ဌာန်အမျိုးမျိုးဖော်နေသလို ရန်သူအာဏာပိုင်ဘက်ကလည်း ကိုယ့်ဘက်က အားနည်းချက်များကို အမိအရနင်းပြီး ချေမှုန်းတတ်ပါတယ်။

(၅) ညတို့တိုက်ပွဲမှာတော့ နွားကွဲရင် ကျားဆွဲတတ်တဲ့ သင်ခန်းစာတွေကို ထပ်တလဲလဲရနေပါတယ်။ ဒါပေမယ့် သမိုင်းစာမျက်နှာမှာတော့ မတရားညှဉ်းပန်းနှိပ်စက်နေတဲ့ အာဏာရှင်ကတော့ လူကြမ်း ဗီလိန်ပဲဖြစ်မှာပါ။ ပြည်သူ့သူရဲကောင်းဖြစ်ချင်ရင်တော့ အဖိနှိပ်ခံ ပြည်သူရဲ့ရှေ့က ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ပါ။ ယောင်ဝါးဝါးနဲ့ ခြံစည်းရိုးပေါ်မှာ ခွထိုင်ထားလို့ မရပါဘူး။ အင်္ဂလိပ် ပရီးမီးယားလို သရေပွဲမရှိဘူး။ မနိုင်ရင် ရှုံးမယ်၊ မရှုံးရင် နိုင်မယ်။ ကျနော်တို့အတွက်တော့ အသက်ချင်း ထပ်ထားရတဲ့ လောင်းကစားပွဲ။

အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျလုပ်ထားရပါတယ်။ ဘယ်အဆင့်မှာ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာက အစပေါ့။ တကယ်တော့ ကိုယ့်ရဲ့ရပိုင်ခွင့် အကျဉ်းသား အခွင့် အရေးကို ကာကွယ်ဖို့ မနည်းကျားကန်ထားရတာပါ။ ၁၉၉၄-၉၅-၉၆ ကာလတုန်းက ကျနော်တို့ (၃) တိုက်မှာ အဘဝတီရှိနေတဲ့အတွက် အခြားတိုက်များ၊ အဆောင်များနဲ့မတူဘဲ ထူးထူးခြားခြား စနစ်တကျ ညီညွတ်နေကြပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ သာရေး နာရေးကိစ္စ၊ အကျဉ်းသားအခွင့် အရေးများ စသည်ဖြင့် သူ့နေရာနဲ့သူ အံဝင်ခွင်ကျ လှုပ်ရှားနေကြပါတယ်။

(၃) တိုက်မှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အကျဉ်းသားအခွင့်အရေးကာကွယ်ရေးကော်မတီ (ခွင့်/ကာ အဖွဲ့) ရဲ့ တာဝန်ပေးချက်အရ ကျနော်၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်တိုင်း NLD ကိုဌေးအောင် (ဆရာဇင်လင်း) နဲ့ အဘဝတီတို့ဟာ အသက်အရွယ်အရ လူလတ်ပိုင်းရော၊ လူကြီးပိုင်းပါဖြစ်နေကြလို့ အာဏာပိုင်နဲ့တွေ့ရင်လည်း ပြောတတ်၊ ဆိုတတ်ကြတယ်ဆိုပြီး ကိုယ်စားလှယ်များအဖြစ် ထောင်မှူး၊ ထောင်ပိုင်များနဲ့ တွေ့ဖို့ကိစ္စရှိတယ်ဆိုရင် စေလွှတ်လေ့ရှိကြပါတယ်။

ထောင်ဝင်စာအလာနည်း၊ အလာကြဲကြလို့လည်း ဒီတာဝန်ကိုပေးကြရတာလည်း ပါမှာပါ။ များသော အားဖြင့် ထောင်အာဏာပိုင်တွေကလည်း ထောင်ထဲမှာနေတဲ့ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကို အုပ်ချုပ်လို့မနိုင်ရင် အပြင်ကထောင်ဝင်စာလာတွေ့တဲ့ မိသားစုကို မဲပြီး Pressure ပေး ညစ်ပတ်တတ်ကြပါတယ်။ ထောင်ဝင်စာပိတ်တာတွေကိုလည်း လုပ်တတ်ကြပါတယ်။ (၃) တိုက်မှာ ထောင်ဝင်စာ အလာများတဲ့ သူဌေးတွေများလို့ မနက်ပိုင်းကို လက်ဘက်ရည်၊ ကော်ဖီနဲ့ နေ့စဉ် အသားဟင်း မပြတ် ထမင်းစားနေကြရတာကတော့ သေဖော်ရှင်ဖက် ရဲဘော်များရဲ့ မျှတစားသောက်ကြတဲ့ မေတ္တာတရား များသာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းက အကျဉ်းသားများရဲ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပုံစံအင်္ကျီမှာ စာရေးပြီး ကုလသမဂ္ဂညီလာခံသို့ရောက်အောင် ပို့ဆောင်နိုင်ကြတာဟာ ထောင်တွင်းနိုင်ငံရေးမှာ ယုံကြည်ချက်အပြည့်နဲ့ ငွေအား၊ လူအားစိုက်ထုတ်ပြီး တယောက်နဲ့တယောက် မခိုမကပ် ကျရာ အခန်းကဏ္ဍများအလိုက် လုပ်ကြလို့ပါ။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတို့ရဲ့ ချယ်လှယ်လွှမ်းမိုးမှုမှလည်း မရှိကြပါဘူး။ နိုင်ငံရေး ခေါင်းပုံဖြတ်တတ်တဲ့ ရေသာခိုအချောင်သမား၊ အခွင့်အရေးသမားများလည်း မရှိပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထောင်တွင်းပြစ်ဒဏ် နှစ်တိုးထောင်ကျခံရတဲ့ သူရဲကောင်းများကိုတော့ ချီးကျူးဂုဏ်ယူလို့ မဆုံးပါဘူး။ ခွင့်/ကာ အဖွဲ့မှာ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုသက်မင်းအောင် (ABSDF) နဲ့ ကိုစိုးမြင့် (ဗကပ) တို့ (၅) ဦး ပါဝင်ကြပါတယ်။
(၁) ခန်းက ကိုမျိုးမင်း (ဒညတ) ဆီက ပိုက်ဆံအတော်များများ အကုန်အကျခံပြီး ထောင်တွင်းကို ရအောင်သွင်းထားတဲ့ ရေဒီယိုတလုံး ရှာဖွေရေးတလာစီတုန်း မိသွားတယ်။ ထောင်တွင်းမှာ အများစု သတင်းငတ်နေတော့လည်း ဖြစ်ကာမှဖြစ်ရော ရသလောက် လုပ်နေကြတာပဲ။ အာဏာပိုင်များက ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်ကိုပို့တာ လက်မခံနိုင်ဘူး။

အကျဉ်းထောင်လက်စွဲဥပဒေအရ ပြစ်ဒဏ်ကျ အကျဉ်းသားကို အများမြင်သာတဲ့နေရာမှာ သီးခြားခွဲထားရမယ်။ အများနဲ့ရောပြီး အတူရေချိုးမချဘူး။ လူသားတဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသော ရိုက်နှက်ခြင်း၊ ဒေါက်ခြေချင်းများခတ်ခြင်းတို့ကို လက်မခံနိုင်ကြောင်း အာဏာပိုင်များထံကို တင်ပြနိုင်ခဲ့လို့ ထောင်ဝင်စာတော့ (၁) လအပိတ်ခံရတယ်။ သို့သော် စားစရာတွေကို ဝန်ထမ်းကတဆင့် ပေးခိုင်းလို့ရတယ်။ ဒါကလည်း ခွင့်/ကာ အဖွဲ့ရဲ့ ဆုံးဖြတ် ချက်နဲ့ ၅ (ည) တွေ တညီတညွတ်တည်း ရပ်တည်နေကြတာကိုတွေ့လို့ အာဏာပိုင်တွေက လိုက်လျော နေရတာ။ မမြင်ကွယ်ရာမှာ ဆုမှတ်ရက် ကွာဖြတ်တာတွေ ရှိတတ်တယ်။ မမြင်ရလို့ မတတ်နိုင်တော့ဘူး။ ဘယ်လိုပဲပြောပြော အောင်မြင်မှုရခဲ့တဲ့ ထောင်တွင်းတိုက်ပွဲပါပဲ။

(၄) တိုက်မှာ အခန်းစုစုပေါင်း (၃၀) ရှိပြီး (၁၈) ခန်းရှိတဲ့အခြမ်းကို (၄) ရှည်နဲ့ (၁၂) ခန်းရှိတဲ့အခြမ်းကို (၄) တို ဆိုပြီး အကန့်ခွဲထားတယ်။ (၄) တိုက ဗကပကိုသက်ခိုင်အမှုတွဲ ကိုဗလကြီး (ခေါ်) ကိုသန်းထွဋ် အခန်းထဲက ပုံမှန်ရှာဖွေရေး တလာစီတဲ့အချိန်မှာ စာရွက်နဲ့ခဲတံ သိမ်းဆည်းရမိသွားပြန်ပါတယ်။ ယုဝတီဆောင်လို့ခေါ်တဲ့ (၅) တိုက်ကို ဒေါက်-ခြေချင်းခတ်ပြီး ပို့လိုက်တယ်ဆိုပြီး သတင်းရတယ်။

ယုဝတီဆောင်လို့ခေါ်ရတာကလည်း ဒေါက်-ခြေချင်း ခတ်ထားခြင်းခံရပြီး ရောက်လာတဲ့ ပြစ်ဒဏ်ကျ ရာဇဝတ်အကျဉ်းသားတွေကို ဝန်ထမ်းတွေ၊ တန်းစီး၊ အခန်းလူကြီး စတဲ့ နှစ်ကြီးရာဇဝတ်အကျဉ်းသား တွေက (၅) တိုက်ခြံဝင်းထဲကို စဝင်ကတည်းကနေ အခန်းပေါ် ရောက်တဲ့အထိ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ လူမဆန်စွာရိုက်နှက်ကြပြီး ယောက်ျားတွေကို မိန်းမတွေလို ဟုတ်ကဲ့ရှင့်-ကြောက်ပါပြီရှင့်ဆိုပြီး အော်ခိုင်းတယ်။ ယောက်ျားတယောက်ရဲ့ ဂုဏ်သိက္ခာ ရိုက်ချိုးပြီး ထိခိုက်စော်ကား အနှိမ်ခံရတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုဗလကြီးကို သည်လိုလုပ်တာကို လက်မခံနိုင်ဘူး ဆိုပြီး တိုက်ပွဲဝင်ကြတယ်။ တိုက်ပွဲဝင်တယ်လို့သာ ပြောရတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးကို ကာကွယ်နေကြရတာပါ။

အင်းစိန်ထောင်အတွက် မြင်းခြံထောင်ကပြောင်းလာတဲ့ အထူးအရာရှိ ဒု-ထောင်ပိုင် လူလှရောက်လာ တယ်။ အောက်ခြေက အဆင့်ဆင့်ရာထူးတက်လာတဲ့ ထောင်သဘာ၊ ငယ်မွေးခြံပေါက်ဆိုတော့ ထောင်ကျင့်၊ ထောင်ကြံ ရက်စက်ယုတ်မာ၊ ကောက်ကျစ်တာတွေ ညစ်ပတ်တဲ့နည်းမှန်သမျှ အကုန် ကျွမ်းတယ်။ အဘဝတီနဲ့ ကျနော်ရယ် ကိုဗလကြီးကိစ္စမှာ သူနဲ့ထိပ်တိုက်တွေ့ကြတယ်။ ပုံစံထိုင်ခိုင်း တယ်၊ မရဘူး။ အဘဝတီက အူကျတဲ့ရောဂါရှိလို့ ခါးထောက်ပြီးတော့တောင်မှ စကားပြောလိုက် သေးတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြတဲ့ပွဲပဲ။ အနိုင်အရှုံး အားစမ်းတဲ့အနေနဲ့ နှစ်ဖက်စလုံး မာန်တင်းထားတယ်။

ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားအများစုဟာ ထင်းအစီး မပြေသလို အုပ်စုလိုက်ညီနေကြလို့ သူချိုးလို့ မရနိုင်ဘူးဆိုတာကို သိသွားတယ်။ ဒီလိုဆိုတော့လည်း သူ့ပခုံးက အပွင့်ကြွေမှာကိုကြောက်သွားတော့ ရူးသလို ပေါသလို မျက်နှာပြောင်နဲ့ အခုတောင်းဆိုနေကြတဲ့ ကိုဗလကြီးကို ဒေါက်-ခြေချင်းဖြုတ်ပေးဖို့၊ (၄) တိုက်ကို ပြန်ပို့ပေးဖို့ဆိုတာတွေဟာ သူလုပ်ပေးရင် ရပါတယ်ဆိုပြီး အလျှော့ပေး လိုက်လျောလိုက်ရတယ်။ ယုံကြည်ချက်သမားတွေနဲ့ ကြေးစားတို့ရဲ့လွန်ဆွဲတဲ့ပွဲ။ ဒုတိယအကြိမ် အောင်ပွဲခံလိုက်နိုင်ပါတယ်။

အခုလို တိုက်ဝင်းထဲက ထောင်တွင်းတိုက်ပွဲဝင် ၅ (ည) အုပ်စုတွေကို ထောင်အာဏာပိုင်တွေတင် မကဘူး၊ ထောက်လှမ်းရေးတွေကိုယ်တိုင် နှိပ်ကွပ်ဖို့ အစီအစဉ်ဆွဲ ပြင်ဆင်နေကြတယ်လို့ သတင်းရနေပါတယ်။ အဲသည်ကာလတုန်းက နိုင်ငံရေးအကျဉ်းသားထဲမှာလည်း “လွတ်ကြောင်” တွေက အတော်ဒုက္ခပေးနေပါပြီ။ ၁၁/၉၂ နိုင်ငံတော်အမိန့်နဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများလည်း မနည်းတော့ပါဘူး။ ဆိုင်းငံ့ပြစ်ဒဏ်ပုဒ်မ (၄၀၁)၊ အပိုဒ် (၁) ဆိုတာကလည်း ရှိသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထောင်အပြင်ရောက်၊ လွတ်ဖို့ပဲဆိုရင်တော့ အားလုံး အကြုံးဝင်နေပါတယ်။ အဲသည်မှာ သုံးခွမြို့က ၈၈ အရေးအခင်းအတွင်း ရဲစခန်းဝင်စီးမှုများနဲ့ ထောင်ကျတဲ့ မဆလစစ်တပ်က တပ်ကြပ်ကြီးဟောင်း ခေါင်းဖြူတင်ဝင်းက ပြဿနာစဖြစ်ပါတယ်။ အမှုကများပြီး တမှုကို (၇) နှစ်စီနဲ့ အမှု (၆) ခုအတွက် ထောင်ကျပြစ်ဒဏ် (၄၂) နှစ်ကျပြီး (၄) တိုက်မှာနေတယ်။ နိုင်ငံတော်ကြေညာချက် ၁၁/၉၂ ကလည်း (၁၀) နှစ်အထက် ပြစ်ဒဏ်ကျနေသူအားလုံးကို (၁၀) နှစ်အထိလျှော့ချလိုက်တဲ့ အမိန့်ဆိုတော့ (၁၅) နှစ် (၂၀) နှစ် (၂၅) နှစ် တပေါင်းတည်းပြစ်ဒဏ် ဘယ်လောက်များများ
(၁၀) နှစ်ဖြစ်ကုန်ကြတယ်။ သူက သီးခြားအမှုတွေဆိုတော့ အကျုံးမ၀င်ဘူး။

သူ့မယားညီအစ်ကိုက မန္တလေးဆေးတပ်ထဲက စစ်သားဖြစ်တယ်။ သူမိန်းမနဲ့ သမီးတွေကလည်း အဲသည်စစ်တပ်ထဲမှာပဲ လိုက်နေရတယ်။ သူ့မိန်းမထောင်ဝင်စာလာတွေ့တော့ သူနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးကို အသနားခံစာ တင်ခိုင်းတယ်။ ထောင်ကလွတ်ဖို့အတွက် အပေးအယူလုပ်ချင် ကြောင်း သတင်းပို့ခိုင်းတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ထောင်အပြင်ရောက်ဖို့က အရေးအကြီးဆုံးပဲဆိုတဲ့ ဖောက်ပြန်တဲ့အယူအဆကို လက်ကိုင်ထားတဲ့ မန္တလေးက ဒေါက်တာစိုးလင်းရဲ့ သြဝါဒမှိုင်းကလည်း မိထားသေးတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းတွေပေါ်မှာ သစ္စာဖောက်ဖို့ ဝန်မလေးတဲ့ အေးလွင်တို့လို လူစားတွေ။ ကိုယ့်အခွင့်အရေးရဖို့ဆိုရင် အဖေ၊ အမေအရင်းတွေရဲ့ ခေါင်းကိုတောင်မှ ဖြတ်မယ့် ကောင်စားတွေ။ သိပ်မကြာပါဘူး၊ ထောက်လှမ်းရေးက သူ့ကို မကြာခဏခေါ်တွေ့နေတယ်။ အဲသည်တုန်းက (၄) တိုက်မှာလည်း အချင်းချင်းသိပ်မညီမညွတ်ဖြစ်နေတယ်။ ဖြစ်နေတဲ့အကွဲအပြဲပေါ်မှာ အခွင့်ကောင်းယူပြီး တိုက်ဝင်းထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေအားလုံးကို ထောက်လှမ်း ရေးမှာ သတင်းပေးလုပ်နေပြီဆိုတာကို ကျနော်တို့စည်းရုံးထားတဲ့ ဝန်ထမ်းအချို့ဆီကတဆင့် ပြန်သိနေ ရပြီ။ ကျနော်တို့ ရဲဘော်အားလုံးကိုလည်း တော်လှန်ရေးသတိရှိဖို့ တပ်လှန့်ထားရတယ်။

ကျနော်တို့ (၃) တိုက်မှာက ကိုဌေးအောင် (ဆရာဇင်လင်း-NLD)၊ မိုးဇော်ဦး (NLD)၊ ဘိုဘိုဦး (ABSDF)၊ သီဟထွဋ်ခင် (ပြည်-သုခစာပေတိုက်) နဲ့ ကျနော်တို့က အခမ်းအနားကျင်းပရေးနဲ့ စာစောင်ထုတ်ဝေရေး ကော်မတီဆိုပြီး “ဒီလှိုင်း” ဆိုတဲ့နာမည်နဲ့ စာစောင်လစဉ်ထုတ်တယ်၊ အမှတ်တရ အခမ်းအနားတွေကို လုပ်ကြတယ်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့စာစောင်နဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဦးနုရဲ့ အမှတ်တရ အောင့်မေ့ဘွယ်စာစောင်တို့ကို ထုတ်ဝေဖြစ်ပါတယ်။ လက်ရေးနဲ့ရေးထားတဲ့ ထောင်တွင်းစာစောင်တွေဆိုပေမယ့် ကဗျာ၊ ဆောင်းပါး၊ သရုပ်ဖော်ပန်းချီကအစ အဆင့်အတန်းမြင့်ပါတယ်။

တချို့စာစောင်တွေကိုလည်း ထောင်အပြင်ကိုရောက်အောင် ထုတ်ဖြစ်ကြပါတယ်။ နောင်ကို သမိုင်း တွင်ကျန်ရစ်မယ့် သွေးနဲ့ရေးခဲ့ရတဲ့ ရုပ်ကြွင်းများဖြစ်ပါတယ်။ (၄) တိုက်က ကျောင်းသားအုပ်စုကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ်စာစောင်နဲ့ သွေးသစ်လှိုင်းစာစောင်တို့ လုပ်နေကြပါတယ်။ ခံစားချက်များကို ရင်ဖွင့်ရင်း ရဲဘော်အချင်းချင်းကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပါတယ်။

၁၉၉၅ ခုနှစ်ကတော့ ထူးခြားတဲ့နှစ်တနှစ်ပါပဲ။ ရန်ကုန်တက္ကသိုလ် (၇၅) နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅)၊ ဒေါ်အောင်ဆန်းစုကြည် နှစ် (၅၀) ပြည့်ရွှေ ရတုမွေးနေ့ (၁၉၄၅-၁၉၉၅)၊ ဝန်ကြီးချုပ်ဦနု သေဆုံးတဲ့နေ့ (၁၄-၂-၉၅) အပြင် နှစ် (၅၀) ပြည့် ဖက်ဆစ်တော်လှန်ရေး ရွှေရတုနှစ်ပတ်လည်နေ့ (၁၉၄၅-၉၅) (သူတို့က တပ်မတော်နေ့ဆိုပြီး တော်လှန်ရေးကို မောင်ပိုင်စီး ထားချင်ကြသေးတယ်။)

ဒီတခါ ရှာဖွေရေးတလာစီတာကို ထောင်ပေါင်းစုံကဝန်ထမ်းတွေကို ခေါ်ထားတယ်။ ဝန်ထမ်းအင်အား ရာဂဏန်းလောက်ရှိမယ်။ မမြင်ဘူးတဲ့ မျက်နှာစိမ်းဝန်ထမ်းတွေ အများကြီးနဲ့ အထူးရှာဖွေရေး စစ်ဆင်ရေးတရပ်ဖြစ်တယ်။ ပေါက်ချွန်း၊ ပေါက်တူး၊ ဂေါ်ပြား စသည့်လက်နက်ပစ္စည်း ကိရိယာ အစုံအလင်နဲ့ တိုက်ဝင်းတခုလုံးမှာ အပြည့်နေရာယူထားတယ်။ အင်းစိန်ထောင် သန္ဓေဝန်ထမ်းတွေက သော့ကိုင်ပြီး အခန်းတွေကိုဖွင့်ပေးရတယ်။ အခန်းပေါ်တက်လာကြတဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာကြော တွေကလည်း တင်းထားကြတယ်။ ထောင်နံရံတွေကို ခေါက်ကြည့်တယ်။ သမံတလင်းကို ပေါက်ချွန်း တွေနဲ့ပေါက်တော့ မြေအောက်ဂလိုင်ထဲမှာ ထည့်ဖွက်ထားတဲ့ စာအုပ်စာတမ်းတွေ အကုန်မိတယ်။ နံရံတွေ၊ အမိုးမျက်နှာကျက်တွေပေါ်ကို လှေခါးထောင်ပြီး တက်နှိုက်ကြတာဆိုတော့ အံဝှက်မျက်နှာ ကျက်ကြားမှာထည့်ထားတဲ့ လက်သဲညှပ်တောင်မှ မကျန်ဘူး။

လူဆွေးဆွေး၊ ထောင်ဆွေးဆွေးနဲ့ တိုက်ထဲမှာက နေသားကြာတဲ့သူ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲဆိုတော့လည်း အခန်းတိုင်းမှာ မိကြတဲ့ စာအုပ်စာတမ်းတွေက တခန်းကို အနည်းဆုံး တတင်းခွဲဆန်အိတ်ခွံ မြွေရေခွံအိတ် တလုံးစာ လောက်စီရှိတယ်။ နိုင်ငံရေးသမားဆိုတာကလည်း အစားအသောက်ထက် စာရေးစာဖတ်ရတာကို ပိုပြီးတန်ဖိုးထား မက်မောကြတယ်။
ဒီတခါ အထူးရှာဖွေရေးလုပ်နေတဲ့ပုံစံမှာတော့ အခြေအနေသိပ်မကောင်းနိုင်ဘူးဆိုတာကို အတွေ့အကြုံအရ သိနေတယ်။

ရေချိုးတောင်မှ လုံးဝမချဘူး။ အဓိကကတော့ အသားထဲကလောက်ထွက်တော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတွင်းသတင်းတွေကို ထောက်လှမ်းရေးတွေကလည်း အကုန်သိနေတဲ့ပုံပေါ်တယ်။ ဝေါ်ကီတော်ကီတွေကိုင်ပြီး ပွစိ၊ ပွစိ ဆက်နေကြတယ်။ အခန်းတွေရှေ့ ကလည်း သုတ်သီးသုတ်ပြာတွေနဲ့ လမ်းသလားနေကြတယ်။

ထောင်ပိတ်ပြီး ည (၇) နာရီလောက်မှာ ကျနော့်ကို ပထမဆုံးခေါင်းစွပ်စွပ်၊ လက်ထိပ်နောက်ပြန်ခတ်ပြီး စစ်ကြောရေးအတွက် လာထုတ်တယ်။ ထောင်အာဏာပိုင်တွေကလည်း ကြည့်မရ၊ အမြင်ကပ်နေတာ ကြာပြီဆိုတော့ အခုထောက်လှမ်းရေးစစ်ကြောရေးမှာ တမင်ကို အရင်ဆုံး ထိပ်တိုက်ဆုံပေးလိုက်ခြင်း ဖြစ်ပါတယ်။ ညနေစောင်း အပုပ်ချိန်ဆိုတော့ စစ်ကြောရေးလုပ်နေတဲ့သူတွေ အားလုံးနီးပါး မူးနေကြ ပါပြီ။ ခေါင်းစွပ်နဲ့ဆိုတော့ ဘယ်သူ၊ ဘယ်ဝါတွေမှန်းလည်း မသိပါဘူး။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းနဲ့ တော့ စကြတာပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အဖြေ၊ အချက်အလက်တွေ ဘာမှမရဘူးဖြစ်နေတယ်။ ဒါနဲ့ ကြာတော့ ခေါင်းစွပ်ချွတ်ပြီး ထောက်လှမ်းရေးဗိုလ်မှူးကိုယ်တိုင် မျက်နှာချင်းဆိုင်ထိုင်ပြီး အမေး အဖြေလုပ်ပါတော့တယ်။

စစ်ကြောရေးတွေမှာလည်း ခဏခဏ တွေ့နေကြဆိုတော့ မျက်မှန်းတန်းမိနေပါပြီ။ သူတို့အဓိက လိုချင်တာက သွေးသစ်လှိုင်းနဲ့ တက္ကသိုလ်စိန်ရတု လက်ရေးမူနဲ့ စာစောင်လုပ်တဲ့သူတွေကို သိချင် တယ်။ စာစောင်တွေကိုထုတ်ပြတော့ မမြင်ဘူး၊ မသိဘူး။ ကျနော့်အခန်းကမိတဲ့ နွယ်နီ၊ ဓနမဂ္ဂဇင်းနဲ့ အဘိဓာန်စာအုပ်အပါအဝင် အပြင်မှာတရားဝင်ထုတ်ထားတဲ့ စာအုပ်စာရင်းတွေကို ထပ်တလဲလဲ ရွတ်ပြလိုက်တော့ ထောက်လှမ်းရေးဗိုလ်မှူး နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားတယ်။ ကျနော်တို့ လက်မှတ်ထိုးထားရတဲ့ သိမ်းဆည်းရမိပစ္စည်း စာရင်းစာရွက်တွေကိုတောင်းပြီး စစ်ဆေးကြည့် လိုက်တော့ အတော်ကိုဒေါပွသွားတယ်။ သူလိုချင်တဲ့အဖြေက (၄) တိုက် ဖြစ်နေတယ်။ ကျနော်က
(၃) တိုက်ဆိုတော့ ဘာမှမဆိုင်ဘူး၊ တခြားစီဖြစ်နေတယ်။ ထောင်မှူး၊ ထောင်ပိုင်တွေကိုခေါ်ခိုင်းပြီး ကျနော့်ရှေ့မှာတင် မအေ၊ နှမနဲ့ကိုင်တုတ်ပြီး ဆဲလိုက်တာ ရစရာကိုမရှိဘူး။

အခုလို အထူးတိုက်မှာ ထောက်လှမ်းရေးစစ်ကြောရေးပြီးတော့လည်း အရင် (၃) တိုက်ကိုပြန်မပို့ဘဲ ပြစ်ဒဏ်တိုက် စစ်ခွေးတိုက်ထဲမှာ ထည့်ထားတယ်။ တညလုံးစစ်ကြောရေးလုပ်ထားတာဆိုတော့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။ အခင်းဖျာမရှိ၊ သောက်ရေအိုးမရှိဆိုတော့ ဝန်ထမ်းတွေကို အော်ခေါ်တယ်။ တယောက်မှ မလာဘူး၊ တခန်းကျော်စီမှာတော့ ကိုဘမျိုးသိန်း၊ ဆလိုင်းကိုကိုကြီး၊ စသည်ဖြင့် … ထည့်ထားတယ်။ ထမင်းမကျွေး၊ ရေမတိုက်လုပ်ထားတယ်။

လည်ချောင်းတွေပူနေတာ အသံတောင်မှ မထွက်တော့ဘူး။ တမင်လုပ်ထားမှန်းရိပ်မိလို့ အသာလေးငြိမ်ငြိမ်နေလိုက်တယ်။ ဒါပေမယ့် ညကတည်းက စစ်ကြောရေးမှာ စကားအများကြီးပြောထားရတာဆိုတော့ လည်ချောင်းနာပြီး ရင်ထဲကလည်း ပူနေတယ်။ ရေအသက်တမနက်ဆိုပေမယ့် ရေမသောက်ရတာ (၂၄) နာရီနီးပါး လောက်ရှိနေပြီ။ သံတိုင်နားအပေါက်ဝမှာ ခွေခွေလေးမှီပြီး အိပ်နေတယ်။ မျက်စိထဲမှာလည်း ဝါးတားတား အရိပ်တွေပြေးနေတယ်။ ညနေ (၅) နာရီကျော်မှ လက်သန်းတလုံးစာ မရှိသလောက် ကလေး ရေလာတိုက်တယ်။ အငမ်းမရသောက်လိုက်တာ၊ ဆက်မတိုက်ဘူး။ နောင်မှသိရတယ်၊ တခါတည်း အဝတိုက်လိုက်ရင် တခါတည်းသေသွားနိုင်တယ်ဆိုတာကို။ စေတနာရှိလို့တော့ မဟုတ် နိုင်ဘူး။ သူတို့အမှုပတ်မှာစိုးလို့ ထင်ရတာပဲ။
ပေးဆပ်ရတဲ့အရင်းအနှီးက သိပ်များတယ်။ အဘဝတီအပါအဝင် ကျနော်တို့ရဲဘော်(၂၄) ဦး ထောင်တွင်းပြစ်ဒဏ် နှစ်တိုးပြီး ထောင်ထပ်ကျကြရတယ်။ (၃) တိုက်က ဦးဝင်းတင် (NLD)၊ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင် (NLD)၊ ကိုမြတ်ထွန်း (ကမာရွတ် NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဘိုဘိုဦး (ABSDF)၊ ကိုသက်မင်းအောင် (ABSDF)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုစိုးမြင့် (ဗကပ) ပေါင်း (၉) ယောက်။ (၄) တိုက ကိုထွန်းဝင်း
(ရခိုင်ဗကပ - သေဒဏ်မှကျွန်းပြောင်း)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်)၊ ကိုအောင်မျိုးတင့် (ABSDF)၊ ကိုလှသန်း (ABSDF)၊ ကိုဝင်းသိန်း (သုံးရောင်ခြယ်)၊ ကိုစိန်လှိုင် (သုံးရောင်ခြယ်) ပေါင်း (၇) ယောက်။ (၄) ရှည်က ကိုမျိုးမြင့်ငြိမ်း (NLD)၊ ကိုကြည်ဖေကျော် (ABSDF)၊ ကိုဇော်ထွန်း (သင်္ဃန်းကျွန်းဗကသ)၊ ကိုဇော်မင်း(သင်္ဃန်းကျွန်းဗကသ)၊ ကိုအောင်ကျော်ဦး (သင်္ဃန်းကျွန်း ဗကသ)၊ ကိုကျော်ဝင်းသိန်း (သင်္ဃန်းကျွန်းဗကသ)၊ စိုးထက်ခိုင် (ဒညတ) နဲ့ သာယာဝတီထောင်တွင်းမှာ ကျဆုံးသွားရတဲ့ ကိုညွန့်ဇော် (ABSDF) ပေါင်း (၈) ယောက်ဆိုတော့ အားလုံးပေါင်းလိုက်ရင် (၂၄) ယောက်ဖြစ်တယ်။

ကျွန်တော်တို့ (၃) တိုက်က ပစ္စည်းမိတုန်းက အနည်းဆုံးဆိုပေမယ့် အဘဝတီဦးဆောင်ပြီး ညီညီညွတ်ညွတ် ရှိနေတာကို အာဏာပိုင်တွေအမြင်ကပ်နေလို့ နှစ်တိုးထောင်ကျတာ အများဆုံးဖြစ်တဲ့အပြင် ခုထိလည်း လွတ်ရက်ကျော်ပြီး မလွှတ်သေးတာ (၅) ဦးရှိနေပါသေးတယ်။

(၄) တိုက်မှာ ၁၉၈၄ ခုနှစ်ကတည်းက သေဒဏ် ကျွန်းပြောင်းပြစ်ဒဏ်ကျ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်) ရှိနေပါသေးတယ်။ သူကလည်း ပြစ်ဒဏ် (၂၇) နှစ်မှာ ထောင်တွင်းနေသား (၂၄) နှစ်ရှိနေပြီဖြစ်လို့ လွတ်ရက်ထက် အများကြီးကျော်နေပါပြီ။

အဘဝတီက စုစုပေါင်းထောင်ကျနှစ် (၂၀) မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ကိုဘမျိုးသိန်းက ထောင်ကျနှစ် စုစုပေါင်း (၁၉) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်ရှိနေကြပြီဖြစ်လို့ အကျဉ်းသားတိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေးအရ လွှတ်ပေးရမယ့် ရက်ထက် အများကြီးကျော်လွန်နေကြပြီ ဖြစ်ပါတယ်။ ကိုဘိုဘိုဦးက စုစုပေါင်းထောင်ကျနှစ် (၂၆) နှစ်မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ဒေါက်တာ ဇော်မြင့်မောင်က စုစုပေါင်းထောင်ကျနှစ် (၂၂) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်နဲ့ ကိုစိုးမြင့်က စုစုပေါင်း ထောင်ကျနှစ် (၂၂) နှစ်မှာ နေသား (၁၆) နှစ်ရှိနေကြပြီ ဖြစ်လို့ လွှတ်မယ်ဆိုရင် လွှတ်နိုင်သည့်သူများသာ ဖြစ်ပါတယ်။

ထောင်တွင်းပြစ်ဒဏ်ထပ်တိုးခံရသူ (၂၄) ဦးမှာ ထောင်တွင်းနေသား ဆယ်စုနှစ် (၂) ခုနီးပါး ရှိနေ ပြီဖြစ်တဲ့ နှစ်ရှည်ထောင်ကျမှာ နိုင်ငံရေးအကျဉ်းသား ဒီ (၆) ဦးပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူ အားလုံးလည်း လွတ်မြောက်လာကြပါပြီ။ ဒါကြောင့် အဘဝတီနဲ့ အကျဉ်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ခွင့်/ကာ) အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
အဘဝတီနဲ့အတူ ထောင်တွင်း၌ (၁၆) နှစ်အထက် နှစ်ရှည်ကျခံပြီးကြသော ခွင့်/ကာ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားခေါင်းဆောင်များရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးအရ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင်များရဲ့ ရပိုင်ခွင့်အခွင့်အရေးများကို ဝိုင်းဝန်းတောင်းဆိုကြဖို့လည်း တိုက်တွန်းပါတယ်။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အသက်ရာကျော်ရှည်ပါစေ။

အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံးပြန်လွတ်ပါစေ။ ။


Read More...

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း


၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်သည်။ ဤအထွေထွေညီလာခံ အစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကို လည်းကောင်း၊ ထို့ပြင် နိုင်ငံများ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ် ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။


စကားချီး

လူခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်း အညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် လည်းကောင်း၊

လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့် လည်းကောင်း၊

လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင် ယုံကြည်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက် ဆန္ဒကြီး အဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီး ဖြစ်သောကြောင့် လည်းကောင်း၊

လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန် လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့် လည်းကောင်း၊

နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မူလ လူ့အခွင့်အရေးများကို လည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကို လည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့် အပြင် လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးများကို လည်းကောင်း၊ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေးများကို လည်းကောင်း၊ ကမ္ဘာတ၀န်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး ဖြစ်သောကြောင့် လည်းကောင်း၊

ထို့ကြောင့်

အထွေထွေညီလာခံက

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀န်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။

အပိုဒ် (၁)

ပို့စ်များကို ဦးစားပေးတင်နေပါ၍ .... ဆက်ရေးပါမည်။

Read More...

Monday, July 02, 2007

Universal Declaration of Human Rights


The Thirty Articles

Article 1:
All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

Article 2:
Everyone is entitled to all the rights and freedoms set forth in this declaration without distinction of any kind, such as race, colour, sex, language, religion, political or other opinion, national or social orgin, property, birth or other status.
Furthermore, no distinction shall be made on the basis of the political, jurisdictional or international status of the country or territory to which a person belongs, whether it be independent, trust, non-self-governing or under any other limitation of sovereignty.

Article 3:
Everyone has the right to life, liberty and security of person.


Article 4:
No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.

Article 5:
No one shall be subjected to torture or to cruel, inhuman or degrading treatment or punishment.

Article 6:
Everyone has the right to recognition everywhere as a person before the law.

Article 7:
All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of the Declaration and against any incitement to such discrimination.

Article 8:
Everyone has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.

Article 9:
No one shall be subjected to arbitrary arrest, detention or exile.

Article 10:
Everyone is entitled in full equality to a fair and public hearing by an independent and impartial tribunal, in the determination of his rights and obligations and of any criminal charge against him.

Article 11:
1. Everyone charged with a penal offense has the right to be presumed innocent until proved guilty according to law in a public trial at which he has had all the guarantees necessary for his defense.
2. No one shall be held guilty of any penal offense on account of any act or omission which did not constitute a penal offense, under national or international law, at the time it was committed. Nor shall a heavier penalty be imposed than the one that was applicable at the time the penal offense was committed.

Article 12:
No one shall be subjected to arbitrary interference with his privacy, family, home or correspondence, nor to attacks upon his honor and reputation. Everyone has the right to the protection of the law against such interference or attacks.

Article 13:
1. Everyone has the right to freedom of movement and residence within the borders of each state.
2. Everyone has the right to leave any country, including his own, and to return to his country.

Article 14:
1. Everyone has the right to seek and to enjoy in other countries asylum from persecution.
2. This right may not be invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary to the purposes and principles of the United Nations.

Article 15:
1. Everyone has the right to a nationality.
2. No one shall be arbitrarily deprived of his nationality nor denied the right to change his nationality.

Article 16:
1. Men and women of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage, during marriage and at its dissolution.
2. Marriage shall be entered into only with the free and full consent of the intending spouses.
3. The family is the natural and fundamental group unit of society and is entitled to protection by society and the State.

Article 17:
1. Everyone has the right to own property alone as well as in association with others.
2. No one shall be arbitrarily deprived of his property.

Article 18:
Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief, and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

Article 19:
Everyone has the right to freedom of opinion and expression: this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

Article 20:
1. Everyone has the right to freedom of peaceful assembly and association.
2. No one may be compelled to belong to an association.

Article 21:
1. Everyone has the right to take part in the government of his country, directly or through freely chosen representatives.
2. Everyone has the right of equal access to public service in his country.
3. The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.

Article 22:
Everyone, as a member of society, has the right to social security and is entitled to realization, through national effort and international co- operation and in accordance with the organization and resources of each State, of the economic, social and cultural rights indispensable for his dignity and the free development of his personality.

Article 23:
1. Everyone has the right to work, to free choice of employment, to just and favorable conditions of work and to protection against unemployment.
2. Everyone, without any discrimination, has the right to equal pay for equal work.
3. Everyone who works has the right to just and favorable remuneration ensuring for himself and his family an existence worthy of human dignity, and supplemented, if necessary, by other means of social protection.
4. Everyone has the right to form and to join trade unions for the protection of his interests.

Article 24:
Everyone has the right to rest and leisure, including reasonable limitation of working hours and periodic holidays with pay.

Article 25:
1. Everyone has the right to a standard of living adequate for the health and well-being of himself and of his family, including food, clothing, housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability, widowhood, old age or other lack of livelihood in circumstances beyond his control.
2. Motherhood and childhood are entitled to special care and assistance. All children, whether born in or out of wedlock, shall enjoy the same social protection.

Article 26:
1. Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.
2. Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.
3. Parents have a prior right to choose the kind of education that shall be given to their children.

Article 27:
1. Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.
2. Everyone has the right to the protection of the moral and material interests resulting from any scientific, literary or artistic production of which he is the author.

Article 28:
Everyone is entitled to a social and international order in which the rights and freedoms set forth in this Declaration can be fully realized.

Article 29:
1. Everyone has duties to the community in which alone the free and full development of his personality is possible.
2. In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of others and of meeting the just requirements of morality, public order and the general welfare in a democratic society.
3. These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.

Article 30:
Nothing in this Declaration may be interpreted as implying for any State, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set forth herein.

Read More...

သူ့မှာ အကြောက်တရားရှိတယ်


သူဟာ
အာဏာရှင်ကို
ဒူးထောက်ဖို့
မပြောနဲ့ ..........
ပူးပေါင်းဖို့
မပြောနဲ့ ..........
ကြောက်ပြီလား
ဘယ်တော့မှ မမေးနဲ့
အမြဲတမ်း ဟင့်အင်းနဲ့
သူတို့အတွက်ဆို
သံမဏိအပြုံးပိုင်ရှင်။

သူဟာ
တို့တတွေ
အကြောက်တရားက လွတ်မြောက်ဖို့
ကြိုးစားနေဆဲ ..........
သူ့ဘ၀ကို စတေးရဲတယ်
တို့တတွေ
အမှန်တရားကို မြတ်နိုးတတ်ဖို့
လမ်းပြနေဆဲ ..........
သူ့ဘ၀ကို မြှုပ်နှံထားတယ်။
စံထားလောက်တယ်
တို့အားလုံးအတွက်
ပေးဆပ်ထားတဲ့ မေတ္တာရှင်။

ဒါပေမယ့်
တို့တတွေ
မလွတ်မြောက်မှာကိုတော့
သူ ... အကြောက်ကြီး ကြောက်နေရှာတယ်။

ဒီအကြောက်တရားကို တွန်းလှန်ဖို့
သူ့မှာ
ယုံကြည်ချက်ရှိတယ်
ခံယူချက်ရှိတယ်
ဥာဏ်ပညာရှိတယ်
အတွေ့အကြုံရှိတယ်
စိတ်စွမ်းအားရှိတယ်
ခံနိုင်ရည်ရှိတယ်

ဒီအကြောက်တရားကို တွန်းလှန်ဖို့
သူ လိုနေတာ ........
သူ လိုနေတာ ........
တို့တတွေပဲ
တို့တတွေပဲ ။ ။

Read More...