Wednesday, December 12, 2007

အများစု ဆန္ဒ စု ဆန္ဒ

မောင်စွမ်းရည်

ကိုယ့်ပြည် ကိုယ့်ယာ ကိုယ့်ပြည်တွင်းမှာ
အကျဉ်းခံရ တို့ဘ၀။

သင့်လွတ်လပ်မှု အသုံးပြုပြီး
တို့လွတ်လပ်မှု ကူညီပြုလော့
'စု' က ပန်ကြား ကမ္ဘာတလွှား။

မတရားမှုကို မတရားလို့မို့
မတရားလို့ မတရားကြောင်း
ပြည်သားကောင်းပီသ ကြွေးကြော်ကြ . . .။

မတရားတာကို တရားသယောင်
ထင်ယောင်ထင်မှား ယောင်ဝါးခြင်းက
တို့ဘ၀ကို
မုချ နစ်မွန်းစေလိမ့်မည်။

တစ်ယောက်တစ်လက် ကျောင်းသားလက်နဲ့
လက်ပေါင်းထောင်သောင်း ခွပ်ဒေါင်းလူလူ
အောင်လံထူစို့
လူထုခေါင်းဆောင်
အောင်ဆန်းစုကြည် သူရှိပြီ။

အများစုဆန္ဒ အများရအောင်
အများစုက ၀ိုင်းဝန်းကြ
အပ္ပမာဒေန သမ္မာဒေထ။

(၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေသည့် သစ္စာတော်လှန်ရေး မဂ္ဂဇင်းမှ -)

No comments: