လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ ဖြတ်သန်းရာ၊ ကျင်လည်ရာ ဘ၀တလျှောက်လုံးတွင် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာသည် မည်မျှ အရေးပါအရာရောက်သနည်း ဆိုသည်ကို ပဲ့ပြင်ဆုံးမသွန်သင်မှု မရရှိခဲ့ကြသော သူတို့သည် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့် လမ်းကို လျှောက်ကြကုန်၏။ ထိုသူတို့ အတွက် အနာဂတ်သည် မည်သို့မျှ အဖတ်ဆည်၍ ရမည်မဟုတ်ပါ။
လူတိုင်း လူတိုင်းသည် ကိုယ့်သမိုင်း ကိုယ်ရေးကြရသည်။
မျိုးမစစ်တဲ့ စိုးလင်းတို့အဖွဲ့
လွင်မောင်သန်း
မနေ့တနေ့က ရေဒီယိုမှာ “၀ံသာနု အမျိုးသားဒီမိုကရေစီအဖွဲ့” အကြောင်း ကြားလိုက်ရတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမေရိကန်တင်သွင်းတဲ့ မြန်မာပြည်အရေး ဆုံးဖြတ်ချက်မူကြမ်းကို ရုရှနဲ့တရုတ် ဗီတိုအာဏာနဲ့ ပယ်လိုက်တာကို ၀မ်းမြောက်ဝမ်းသာဖြစ်ကြောင်းနဲ့ တရုတ်နဲ့ ရုရှကို ဂုဏ်ပြုချီးကျူးကြောင်း ကြေညာချက်ထွက်ကြတယ်။ သတင်းစာတွေထဲမှာလည်း ဖော်ပြကြတယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ပုတ်ခတ်စော်ကားထားသေးတယ်။ ကိုယ့်အမေကို ကိုယ်ပြန်ဆဲနေတဲ့ သားကို အရပ်ထဲကပါ ၀ိုင်းဝန်းဆုံးမကြဖို့ လိုအပ်နေပါပြီ။ “၀ံသာနု အမျိုးသားဒီမိုကရေစီအဖွဲ့” ကို ဦးဆောင်နေတဲ့သူကိုလည်း ကြည့်ပါဦး၊ ဒေါက်တာစိုးလင်းတဲ့။
၁၉၉၁ ဧပြီလရဲ့ နေ့တနေ့မှာ “ပုံစံ…” ငှက်ဆိုးထိုးသံ အသံကြီးကြားရတယ်။ “အားလုံးနောက်လှည့် ထိုင်ထား မယ်” တန်းစီး စိုးလေးရဲ့အသံပြဲကြီးကိုပါ တဆက်တည်းကြားနေရတယ်။ ၁၉၉၀ ခုနှစ် စက်တင် ဘာလ ထောင်တွင်းတိုက်ပွဲများနောက်ပိုင်း ကျနော်တို့တိုက်ဝင်းထဲမှာ နိုင်ငံရေးသမားတွေကို အလွန် ရက်ရက်စက်စက် နှိပ်ကွပ်ထားတယ်။ တနေ့လုံးကို (၁၀) မိနစ်လောက်ပဲ ရေချိုးဖို့ အခန်းပြင်ထွက်ရ တယ်။ ရေကန်ရှိတဲ့နေရာအထိ လမ်းလျှောက်ရတယ်။ အဲဒီအချိန်လေးမှာပဲ မြေကြီးနဲ့ထိတွေ့ခွင့်ရတယ်။ ကျန်တဲ့အချိန် တွေမှာ (၁၀) ပေပတ်လည် တိုက်ခန်းတွေထဲမှာ တနေကုန်ပိတ်လှောင်ထားတယ်။
“အေးဇေ …” အသံတွေငြိမ်သွားပြီ။ ၀န်ထမ်းတွေလည်း ပြန်ထွက်သွားကြပြီလို့ယူဆရတယ်။ ဘေးခန်း တွေကို ဘယ်သူတွေဝင်လာသလဲဆိုတာ သိပ်သိချင်နေတယ်။ ထုံးစံအတိုင်း အခန်းနံရံကို တဒေါက် ဒေါက်နဲ့ခေါက်ပြီး အဆက်အသွယ်လုပ်တယ်။ ရာဇ၀တ်သားတွေလား၊ နိုင်ငံရေးအကျဉ်းသားတွေလား ကွဲကွဲပြားပြားသိချင်လှပြီ။
ဘေးခန်းကလူတွေအားလုံး NLD အမတ်တွေချည့်ပဲ။ စင်ပြိုင်အစိုးရဖွဲ့ဖို့အတွက် Hard လိုင်း၊ Soft လိုင်း အထက်မြန်မာပြည်ကအမတ်တွေ မန္တလေးမှာစုပြီး အစည်းအဝေးလုပ်ကြတာ။ တောခိုဖို့ လူရွေးနေကြ တာ။ ခုတော့ တစုတစည်းထဲ အမတ်တွေအများကြီး တပြိုင်နက်တည်း အဖမ်းခံကြရတယ်။ နှမျောစရာ ကောင်းလိုက်တာ။ ကျနော်တို့ (၅) တိုက်ကလည်း သူပုန်တိုက်။ တောတွင်းဆက်သွယ်နဲ့ တောထဲက အပြန်မိတာနဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဆက်သွယ်နေတဲ့ UG, OG ကျောင်းသားလူငယ်တွေ များတယ်။
ယခုအခါ အထက်မြန်မာပြည်က စင်ပြိုင်အစိုးရဖွဲ့မယ့်အမတ်တွေ ကျနော်တို့တိုက်ထဲကို ထပ်ရောက်လာ ကြပြန်ပြီ။ (၅) တိုက် အခန်း (၁၃) မှာ ဦးဘပွား (အမရပူရမြို့နယ်အမတ်)၊ ဒေါက်တာဇော်မြင့်မောင် (အမရပူရမြို့နယ်အမတ်)၊ ဦးကျော်သွင် (ခရမ်းမြို့နယ်အမတ်)၊ ဦးသိန်းဖေ (ကန့်ဘလူမြို့နယ်အမတ်) လေးယောက်နေတယ်။ အခန်း (၁၁) မှာ ဦးမြ၀င်း (အင်္ဂပူမြို့နယ်အမတ်)၊ ဦးမြင့်ကြည် (ကသာမြို့နယ် အမတ်)၊ ဦးစောလှိုင် (အင်းတော်ကြီးမြို့နယ်အမတ်)၊ ဦးသောင်းမြင့် (ခေါ်) ကိုသံချောင်း (ခင်ဦးမြို့နယ် အမတ်)၊ သာဂရ ကိုထွန်းအောင် (ရေတာရှည်မြို့နယ်အမတ်) တို့ဖြစ်ကြသည်။ အခန်း (၈) မှာတော့ မကွေးတိုင်းစည်း ဦးချစ်တင် (အထက်မင်းလှအမတ်)၊ ဦးခင်မောင်သိန်း (ခင်ဦးမြို့နယ်အမတ်)၊ ဦးတင်အောင် (မန္တလေးအနောက်မြောက်မြို့နယ်အမတ်)၊ ဒေါက်တာစိုးလင်း (မန္တလေးအနောက်မြောက် မြို့နယ်အမတ်)၊ ဦးပိုက်ကို (ပခုက္ကူ NLD စည်းရုံးရေးမှူး)၊ ပြီးတော့ အခန်း (၅) မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင်၏သား ဒေါက်တာမောင်မောင်လတ် (ခေါ်) ဒေါက်တာလှိုင်ညီ (သာကေတမြို့နယ်အမတ်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူမြို့နယ်အမတ်)၊ ဦးလှသန်း (ကိုကိုးကျွန်းမြို့နယ်အမတ်)၊ ဦးလှထွန်း (ကြည့်မြင်တိုင်မြို့နယ် အမတ်)၊ ဦးသာဆိုင် (တွံတေးမြို့နယ်အမတ်) တို့ဖြစ်ကြတယ်။ (၄) တိုက်ဘက် မှာတော့ ဦးစောနိုင်းနိုင်း (ပုဇွန်တောင်မြို့နယ်အမတ်)၊ NLD- CEC ဦးခင်မောင်ဆွေ (စမ်းချောင်းမြို့နယ် အမတ်)၊ ဦးအောင်ဆန်းမြင့် (မြိုင်မြို့နယ်အမတ်)၊ ဦးသိန်းထွန်း (ဇီးကုန်းမြို့နယ်အမတ်)၊ ဒေါက်တာ ဇော်မြင့် (ဟင်္သာတမြို့နယ်အမတ်)၊ ဦးရဲထွဋ် (ဒိုက်ဦးမြို့နယ်အမတ်)၊ ဦးစိန်လှဦး (အင်းစိန်မြို့နယ် အမတ်) နဲ့ ဦးဖေအောင်လင်း၊ ဦးတင်မောင်ဝင်း၊ ၀န်ကြီးချုပ်ဒေါက်တာစိန်ဝင်း၏ အောင်နိုင်ရေး စည်းရုံးရေးမှူး ပေါက်ခေါင်းက ဦးစောနေဒွန်း၊ မိန်းမထောင် တိုက်ထဲမှာလည်း ဒေါ်ခင်စန်းလှိုင်(၀က်လက်မြို့နယ်အမတ်)၊ ဒေါ်စန်းစန်း (ဆိပ်ကမ်းမြို့နယ်အမတ်)၊ ဒေါ်စန်းစန်းဝင်း (အလုံမြို့နယ်အမတ်)၊ ဒေါ်အုန်းကြည် (မြစ်သားမြို့နယ်အမတ်)၊ စစ်ကိုင်းတိုင်းစည်း ဒေါ်ဝင်းမေ၊ ဒေါ်ရွှေဝါစိုး စသည်ဖြင့် အမှုတွဲ စုစုပေါင်း (၃၅) ယောက်ရှိတယ်။ ပြည်သူ့လွှတ်တော်အမတ်တွေချည်းပဲ (၂၉) ယောက်ပါတယ်။ သည်လူတွေအားလုံးသာ မြန်မာပြည်အပြင်ဘက်ကို ရောက်အောင်သွားနိုင်ရင် ကုလသမဂ္ဂမှာ ယခင်မင်းသားကြီး သီဟာနုနေရာရသလို ကမ္ဘာ့အသိအမှတ်ပြု တရားဝင်အစိုးရဖြစ်မှာ။
သူတို့အမတ်အုပ်စုတွေထဲမှာ အသက်အကြီးဆုံးက အမရပူရအမတ်ဦးပွား (ခေါ်) အဘပွားဖြစ်တယ်။ NLD ဗဟိုကော်မတီဝင် ဦးချမ်းအေး (ခေါ်) စာရေးဆရာမောင်စူးစမ်းနဲ့ မဆလ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးကျော်ထင်တို့နဲ့ သူငယ်ချင်းဖြစ်တယ်။ ဂျပန်ခေတ်စစ်တက္ကသိုလ်ကျောင်းဆင်း အသက် (၇၀) ကျော် အသားမဲမဲ ဒေါင်ကောင်းကောင်း အညာသား၊ ဥပဓိရုပ်နဲ့။ ဒါပေမယ့် ယက္ကန်းစက်ရုံတွေ အများကြီး ပိုင်တဲ့ သူဌေးကြီး။ စကားပြောရင် ရိုးရိုးရှင်းရှင်း ဘွင်းဘွင်းပြောတတ်တယ်။ သွယ်ဝိုက်လှည့်ပတ် မပြောတတ်ဘူး။ ဒဲ့ဒိုးကြီးပြောချတတ်တယ်။ ရင်ထဲမှာလည်း တေးမှတ်မထားတတ်ဘူး။ အမှတ်တကယ် ကို အလွန်ရိုးသားကြတဲ့ အညာသား၊ မန္တလေးသားစစ်ကြီးတွေ။ ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်နေတယ် ဆိုတဲ့သူတွေ၊ အလွန်ကို အရှက်အကြောက်ကြီးကြတယ်။ အထူးသဖြင့် သူတို့မန္တလေးမြို့ရဲ့ ဂုဏ်သိက္ခာ ကို အထိခိုက်မခံနိုင်ကြဘူး။ အခုလည်း စင်ပြိုင်အစိုးရဖွဲ့ဖို့ တောခိုဖို့အတွက် အထက်မြန်မာပြည် အစည်းအဝေးကို သူ့အိမ်မှာလုပ်တယ်။ လာတဲ့ဧည့်သည်တွေကို လိုလေသေးမရှိ ဧည့်ဝတ် ကျေပွန်စွာ ဧည့်ခံကျွေးမွေးတယ်။ ဒါမှ မန္တလေးမြို့ရဲ့ဂုဏ်သိက္ခာ မညှိုးနွမ်းရမှာဖြစ်တယ်။
သူတို့ အထက်မြန်မာပြည်အစည်းအဝေးတက်တဲ့သူတွေအားလုံးကို ထောက်လှမ်းရေးက တယောက် မကျန် အကုန်ဖမ်းတယ်။ ထောက်လှမ်းရေးစစ်ကြောရေးမှာ ဦးဘပွားကို အသေးစိတ်မေးတယ်။ သူ့အိမ်မှာ အစည်းအဝေးလုပ်တယ်ဆိုတော့ လူဘယ်နှစ်ယောက်လဲ၊ ဘယ်သူတွေပါလဲ စသည်ဖြင့် မေးခွန်းပေါင်း များစွာမှာ မန္တလေးသားတွေကလွဲရင် လူတွေနာမည်မသိဘူး၊ မမှတ်မိဘူး။ ဆွေးနွေးတဲ့ အကြောင်းအရာ တွေဆိုရင် သူ့ရဲ့အသက်အရွယ်အရ ပိုပြီးငြင်းလို့ကောင်းတာပေါ့။ ဒါပေမယ့် အဲဒီ ထောက်လှမ်းရေးမှာ ကတည်းက အစည်းအဝေးက ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်တွေ၊ ဘယ်သူတွေက ဘာလုပ်မယ်၊ ဘာတာဝန်ယူမယ် စသည်ဖြင့် ပြည့်ပြည့်စုံစုံရေးထားတဲ့ လက်ငါးလုံး လက်တ၀ါးစာလောက် စာရွက် အထပ်လိုက်ကြီးရှိတဲ့ ဖော်ကောင်ဒေါက်တာစိုးလင်းရဲ့ ထွက်ဆိုချက်မှတ်တမ်းကို သူ့ကိုလာပြတယ်။ ဘာငြင်းဦးမလဲမေးတော့ “ငါ -ိုးမသား၊ မအေ -ိုး စိုးလင်း၊ မျိုးမစစ်ကောင် သစ္စာဖောက်” မအေနှမစုံနေအောင်လို့ ထောက်လှမ်းရေးတွေရှေ့မှာတင် ဆဲပစ်လိုက်တယ်။ မန္တလေးသားရဲ့ ဂုဏ်သိက္ခာကိုထိုခိုက်လို့ အလွန်ရှက်နေမိတယ်။ ဒေါသကလည်း အရမ်းထွက်နေတာပဲ။ အပြင်မှာသာ လွတ်လွတ်လပ်လပ် တွေ့လို့ကတော့ အသေကို သတ်ပြစ်မိမှာ။
အခုလည်း ထောင်ထဲမှာ ဦးဘပွားတို့ (၁၃) ခန်း ရေချိုးပြီးရင် ဒေါက်တာစိုးလင်းနေတဲ့ (၈) ခန်းကို ပိတ်ထားရတယ်။ စိုးလင်းကလည်း အခန်းထောင့်မှာပဲ အမြဲပုန်းနေရတယ်။ အခန်းအပေါက်ဝကနေ ဦးချစ်တင်၊ ဦးတင်အောင်၊ ဦးခင်မောင်သိန်းတို့က တယောက်မဟုတ် တယောက်ပိတ်ပြီး ထိုင်ပေး ထားရတယ်။ ဒါတောင်မှာ အဖိုးကြီးက နေ့တိုင်းအခန်းရှေ့လာပြီးဆဲတယ်။
“ဖော်ကောင် မအေ -ိုး စိုးလင်း၊ ငါ -ိုးမသား မျိုးမစစ်ကောင်”။ ဒေါက်တာစိုးလင်းရဲ့မိန်းမကလည်း ရှေးမြန်မာဘုရင်တွေလက်ထက် ကတည်းက ကိုယ်ရံတော် အထိန်းတော်မျိုးရိုးတွေက ဆင်းသက်လာတာ။ ဒါကြောင့် အိပ်ရာမ၀င်ခင် မိန်းမရှစ်ခိုးပြီးမှ အိပ်ရတဲ့ကောင် စံဆယ်ဖြာစိုးလင်းလို့ နောက်ပြောင်ခေါ်ကြတယ်။ စိုးလင်းထောင်ကျ နေတုန်း သူ့မိန်းမက မန္တလေးမှာနာမည်ကြီးတည်းခိုခန်းမှာ မန်နေဂျာလုပ်နေတယ်။ မန္တလေးမှာ “နေပြည်တော်” ရန်ကုန်မှာ “လေအေးသာ” ဆိုတာ ၀ါသနာပါသူတွေအတွက်တော့ လူတိုင်းသိတဲ့ နာမည်ကြီးတည်းခိုခန်းတွေပဲ။ စစ်ဗိုလ်ချုပ်၊ စစ်သားတွေ၊ ကန်ထရိုက်၊ အရာရှိကြီးတွေ လာဘ်ပေး လာဘ်ယူ ကြေးကြီးကြီးပေးပြီး ၀င်ထွက်နေတဲ့ဇိမ်ခန်းတွေပဲဖြစ်တယ်။
၁၉၉၂ ခုနှစ်မှာ နိုင်ငံတော်ရဲ့ ၁၁/၉၂ အမိန့်ကြေညာချက်နဲ့ အမတ်တွေအတော်များများ လွတ်သွားကြ တယ်။ ဦးဘပွားလည်း ထောင်ကလွတ်တယ်။ ဒါပေမယ့် သူတို့အမှုတွဲမှာပါတဲ့ အမတ်ဆရာဝန်တွေ အားလုံးကိုတော့ လွှတ်မပေးသေးဘူး။ သည့်အပြင် သူတို့အမှုတွဲတွေထဲက ဦးစောနေဒွန်း၊ ဦးလှထွန်း၊ ဦးမြ၀င်းနဲ့ ကိုကိုးကျွန်း ဦးလှသန်းတို့ မလွတ်သေးဘဲကျန်တော့တယ်။ သူတို့အမှုတွဲက ထောင်ထဲမှာ ကျန်သေးတဲ့လူတွေကလည်း အလွန်ကိုနည်းသွားပြီး နဂိုကတည်းက ရပ်တည်ချက်မခိုင်မာတဲ့ ဖော်ကောင်စိုးလင်းယောက် အတော်ကို လွတ်ကြောင်ကြောင်နေပြီ။ ထောက်လှမ်းရေးကလည်း အဲသည် ကာလအတွင်းမှာ စစ်ကြောရေးကလည်း ခဏခဏလုပ်နေတယ်။ ထောက်လှမ်းရေးနဲ့တွေ့တိုင်းလည်း စိုးလင်းတယောက်က လက်နက်ချ အညံ့ခံတာချည်းပါပဲ။ နိုင်ငံရေးကိုလည်း ဆက်မလုပ်တော့ပါဘူး၊ ထောက်လှမ်းရေးခိုင်းချင်ရာခိုင်းပါ၊ သူလုပ်ပေးမယ်ဆိုတဲ့အကြောင်း အထက်ကိုလည်းဆက်လက်တင်ပြ ပေးပါဆိုပြီး လက်မှတ်ထိုးထားတဲ့ ထွက်ဆိုချက်တွေကို ပြလေ့ရှိတယ်။ ထောက်လှမ်းရေးတွေကလည်း နောက်လူတွေကို စစ်ဆေးမေးမြန်း စစ်ကြောလုပ်တဲ့အခါတွေမှာလည်း စိုးလင်းလက်မှတ်ထိုးထားတဲ့ ထွက်ဆိုချက်တွေကို ပြလေ့ရှိတယ်။ ဒီတော့ သူ့သတင်းက တိုက်ထဲမှာပြန့်နေပြီ။ ဒီတော့ လူငယ်အတော် များများကလည်း သူ့ကိုမလေးစားတော့ဘူး။ အခေါ်အပြောသိပ်မလုပ်တော့ဘူး။ စိုးလင်းကလည်း သူကိုယ်တိုင် လက်နက်ချအညံ့ခံရုံတင်မကဘူး၊ သူများတွေကိုလည်း လိုက်စည်းရုံးတယ်။ အပြင်ကို အမြန်ပြန်ရောက်ဖို့က အရေးကြီးတယ်။ ဒါကြောင့် ထောက်လှမ်းရေးစစ်ကြောရေးခေါ်ထုတ်ရင် သူတို့ခိုင်းတဲ့အတိုင်း လက်မှတ်ရေးထိုးလိုက်ဖို့ကို တိုက်ထဲမှာလိုက်ပြီး စည်းရုံးနေတယ်။ သူ့လိုပဲ စိတ်ဓာတ်မခိုင်မာသူတချို့ကတော့ နားယောင်ကြတယ်။ များသောအားဖြင့်တော့ လက်မခံကြပါဘူး။ ထောင်ထဲမ၀င်ခင်ကတည်းက သူဖော်ကောင်လုပ်ပြီး ဒီမိုကရေစီဘက်တော်သားတွေကို ဒုက္ခပေးပြီးပြီ။ ခုလည်း ထောင်ထဲမှာ သူများတွေကိုပါ သူ့လို အညံ့ခံခိုင်းနေပြန်ပါပြီ။ ဒါနဲ့ပတ်သက်လို့ အဘ၀တီ (NLD-CEC ဦးဝင်းတင်) ကတော့ Pholosophize မလုပ်ကြဖို့ လူကြီးတယောက်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောပါတယ်။
၁၉၉၅ ခုနှစ်မှာ စစ်အစိုးရက တပ်မတော်ရွှေရတုအထိမ်းအမှတ်ဆိုပြီးတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင်တို့ကို လွှတ်ပေးရာမှာ ကျနော်တို့တိုက်ဝင်းထဲက ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစိုးညွန့် (ကျောက်တံတားမြို့နယ်အမတ်) တို့နဲ့အတူ ဒေါက်တာ စိုးလင်းလည်း ပြန်လွတ်သွားပါတယ်။ စစ်အစိုးရက ထောင်ကလွတ်လာတဲ့ရှေ့နေတွေ၊ ဆရာဝန်တွေ လိုင်စင်အကုန် အသိမ်းခံရတယ်။ ဆရာဝန်ပညာ ရှေ့နေပညာနဲ့ လုပ်ကိုင်စားသောက်လို့မရအောင် ပိတ်ပင်ထားတယ်။ စိုးလင်းလည်း ဘာမှမလုပ်ကိုင် မစားသောက်တော့ဘူး။ နဂိုကတည်းက မျိုးစေ့မမှန် တော့ သူမိန်းမခိုင်းတာ အကုန်လုပ်တယ်။ နအဖစစ်တပ်နဲ့ပေါင်းပြီး ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ နှစ်လုံး၊ သုံးလုံး လောင်းကစားဝိုင်းထောင်တယ်။ အမည်ခံတည်းခိုခန်းဖွင့်ထားတယ်။ မကောင်းတာတွေလုပ်နေပေမယ့် အဖမ်းမခံရဘူး။ ဖောက်သည်စစ်ဗိုလ် တွေက အကာအကွယ်ပေးထားတယ်။ ကျားကန်ပေးထားတယ်။ ထောင်ထဲက မကောင်းတဲ့အကျင့်အကြံ စရိုက်တွေနဲ့ လာဘ်ပေးလာဘ်ယူ ပုလင်းတူဘူးဆို့ ကြောင်ခံတွင်းပျက်နှင့် ဇရက်တောင်ပံ ကျိုးတွေ အရိုးအရင်းကိုက်နေတာကို မြင်ကြရတဲ့ မန္တလေးမြို့မိမြို့ဖအပေါင်းက သူတို့ရဲ့ယုံကြည်မှုနဲ့ အသည်းကြားကမဲပြားကို အလွဲသုံးစားလုပ်တဲ့ မျိုးမစစ် စိုးလင်းကို အော့နှလုံးနာလို့ မျက်နှာလွှဲလို့ထားကြပါတယ်။
ဦးဘပွားကလည်း ထောင်ကလွတ်ပြီး သိပ်မကြာဘူး အပြင်မှာပဲဆုံးတယ်။ အသက်ကလည်း အတော်ကြီး နေပြီး ထောင်ထဲမှာနေတုန်းကလည်း ကြမ်းပြင်သမံတလင်းပေါ်မှာ သည်အတိုင်းအိပ်ရတယ်။ ဦးဘပွားဆုံးတော့ သူ့ခေါင်းအုန်းအောက်က စာအိတ်တလုံးတွေ့ရတယ်။ စာအိတ်ထဲမှာ စာရွက်တရွက် ထည့်ထားတယ်။ အားလုံးကတော့ သေတန်းစာရေးခဲ့တယ်လို့ထင်ကြတယ်။ လူတွေအားလုံး လူစုံရာ ရှေ့မှာ ဖွင့်ဖောက်လိုက်တော့ “မအေ -ိုး ငါ -ိုးမသား၊ မျိုးမစစ် စိုးလင်း” လို့ရေးထားတယ်။ အညာသား မန္တလေးသားစစ်စစ်ကြီးဆိုတော့ သူတို့မြို့သားက ဖော်ကောင်ဘညွန့်လုပ်သွားတာကို အတော်လည်း ခံပြင်းနာကျည်းပြီး သေတဲ့အထိ အတော်ရှက်သွားပုံရတယ်။
မျိုးမစစ်စိုးလင်းကတော့ သူ့ကိုမွေးထုတ်ပေးလိုက်တဲ့ မိခင်ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတောင်မှ ပြန်ဆဲနေပါပြီ။ မျိုးမစစ်တဲ့ကောင်က ၀ံသာနုအမျိုးသားဒီမိုကရေစီအဖွဲ့ကို သူ့တပည့်ကလေကချေ လူ (၅) ယောက် (၆) ယောက်လောက်နဲ့ ဖွဲ့ထားလိုက်သေးတယ်။ မဲထည့်ပေးလိုက်တဲ့ ပြည်သူတွေရဲ့မျက်နှာကိုမှ မထောက်ထားတော့တဲ့အပြင် ပြည်သူတွေရဲ့ အသွေးအသားတွကိုတောင် ဖဲ့ယူစားသောက်နေပါပြီ။ တတိုင်း တပြည်လုံးကပြည်သူတွေ ထမင်းငတ်နေတဲ့အချိန်မှာ စိုးလင်းတို့လင်မယားနှစ်ယောက်က ဖောက်သည် နအဖစစ်ဗိုလ်ချုပ်တွေဆီကို သာကူးလုပ်ပြီး ထောင်ထဲကတန်းစီး၊ အခန်းလူကြီး ရာဇ၀တ် သားတွေရဲ့ ထောင်ကျင့်ထောင်ကြံပုံစံနဲ့ မျက်နှာချိုသွေး ပေါင်းသင်းနေလို့ တိုက်ဆောက်၊ ကားစီးနေရတာကို မစင်ပုံထဲက လောက်ကောင်တွေလို ပျော်နေကြတယ်။ ထောင်ထဲမ၀င်ခင်က ဖော်ကောင်လုပ် တယ်။ ထောင်ထဲမှာ လက်နက်ချအညံ့ခံတယ်။ ထောင်ကပြန်ထွက်လာတော့လည်း နအဖနဲ့ပူးပေါင်းပြီး မကောင်းမှု ဒုစရိုက်တွေလုပ်တယ်။ သည်လိုလူတယောက်က ၀ံသာနုနာမည်ခံထားသေးသတဲ့လား။ မျိုးချစ်တော့ မဖြစ်နိုင်ဘူး။ မျိုးမစစ်တဲ့ မျိုးဖျက်ပဲဖြစ်မယ်။ သူလိုကောင်က မိခင် NLD ပါတီကို ပြန်ဝေဖန် ဆဲဆိုနေသေးတယ် ဆိုတော့ သူခိုးကလူဟစ်နေတာပေါ့။ အခုတော့ အဘပွားလည်း မရှိတော့ဘူး။ ကောင်းရာ သုဂတိနိဗ္ဗာန်ဘုံသို့လားပါစေ။ စိုးလင်းတယောက်ကတေ့ အရှင်လတ်လတ်မြေပဲမျိုမလား၊ မိုကြိုးပဲ အပစ်ခံရလေမလား။ အ၀ီစိချိုးကပ်မယ့် အဇာတသတ်အဖြစ်ကိုတော့ အဘပွားရေ တမလွန်ကနေ စောင့်သြာ ကည့်နေပေတော့။ ။
Tuesday, July 03, 2007
ကိုယ့်သမိုင်းကိုယ် ဖျက်ဆီးသူများ
Posted by
freeburma
at
10:51 PM
0
comments
Labels: Traitor
ကျနော်လည်း ဆန္ဒပြုလိုက်ပါတယ်
“ဦးဝင်းတင်နဲ့ ခွင့်/ကာအဖွဲ့ရဲ့ ထောင်တွင်းတိုက်ပွဲ”
လွင်မောင်သန်း
၂၀၀၇ ခုနှစ် မတ်လ (၁၂) ရက်နေ့က လူသိများ ထင်ရှားတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့
(၇၇) နှစ်ပြည့် မွေးနေ့ဖြစ်တယ်။ သူက တကိုယ်တည်း လူပျိုကြီးဆိုတော့ အဲသည်နေ့မှာပဲ ထောင်ဝင်စာ သွားတွေ့တဲ့ သူ့သူငယ်ချင်းကတဆင့် ပြောလိုက်တယ်။ မတ်လ (၈) ရက်နေ့က အကျဉ်းဦးစီးညွှန်ချုပ် တန်းစီမှာ “ကျနော့်ကိုလွှတ်ပေးဖို့ အသနားခံ တောင်းဆိုနေတာ မဟုတ်ဘူး၊ ကျနော့်ကို ထောင်ဒဏ် အနှစ် (၂၀) ချထားတာ၊ အခု ထောင်တွင်းနေသား (၁၈) နှစ်ရှိပြီဖြစ်လို့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးအရ ကျနော့်ကိုလွှတ်ပေးသင့်တဲ့ရက်ထက် အများကြီးကျော်လွန်နေပါပြီ”။ သူတို့ပဲ လက်ကိုင်ထားတဲ့ အကျဉ်းထောင်လက်စွဲဥပဒေ (Jail Manual) အရ မည်သည့်အကျဉ်းသားမဆို ဆုမှတ်ရက်များကို အဆင့် (၃) ဆင့်ခွဲ၍ ခံစားခွင့်ရှိသည်လို့ ဥပဒေတွင် ပြဋ္ဌာန်းထားပါတယ်။
အကျဉ်းသားတိုင်း ‘ကကြီး’ ကွာ (‘A’ grade Quart) အတွက် ဆုမှတ်ရက် (၄၅) ရက်၊ ‘ခခွေး’ ကွာ အတွက် ဆုမှတ်ရက် (၃၂) ရက်နဲ့ ‘ဂငယ်’ ကွာအတွက် ဆုမှတ်ရက် (၂၃) ရက် ခံစားခွင့်ရှိရမယ်။ ကွာဆိုတာ (၃) လတကြိမ်စီနဲ့ တနှစ်ကို (၄) ကွာရှိတယ်။ အနိမ့်ဆုံးဆုမှတ်ရက် ‘ဂငယ်’ ကွာရတဲ့ အကျဉ်းသားတဦးဟာ နေသား (၃) လပြည့်ပြီးတိုင်း ဆုမှတ်ရက် (၂၃) ရက်ရတာဖြစ်လို့ နေသား တနှစ်ရှိရင် အပိုဆောင်းဆုမှတ်ရက် (၃) လ ကျော်ရသွားပြီဖြစ်ပါတယ်။ အဘဝတီလို ထောင်ဒဏ်အနှစ် (၂၀) ကျခံနေရသူတဦးဟာ ထောင်တွင်းနေသား (၁၆) နှစ်ရှိပြီဆိုတာနဲ့ ဥပဒေအရ လွှတ်ပေးရပါတယ်။ ခုတော့ အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ခံနေရပါပြီ။
ထောင်တွင်းတိုက်ပွဲဆိုတာ အပြောလွယ်သလောက် အတော်ကို အလုပ်ရခက်ပါတယ်။ တချို့ကလည်း ရပြီးသား၊ ရှိပြီးသား အခွင့်အရေးလေးတွေ ပျောက်သွားမှာကို အရမ်းစိုးရိမ်ကြပါတယ်။ တိုက်ဝင်း အတွင်းထဲမှာ လွတ်လွတ်လပ်လပ် သွားလာနေရတာတို့၊ ရေအဝချိုးရတာတို့ အပါအဝင်ပေါ့။ အတူနေ အကျဉ်းသား ကိုယ့်ရဲဘော်အချင်းချင်း နားလည်မှုတွေ မလွဲရလေအောင် ကြိုတင်ညှိနှိုင်းထားသင့်တဲ့ ကိစ္စကို ကြိုညှိထားကြပြီး တိုက်ပွဲရဲ့ အဆင့်အလိုက်ပေါ်မှာမူတည်လို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပုံသဏ္ဌာန်အမျိုးမျိုးဖော်နေသလို ရန်သူအာဏာပိုင်ဘက်ကလည်း ကိုယ့်ဘက်က အားနည်းချက်များကို အမိအရနင်းပြီး ချေမှုန်းတတ်ပါတယ်။
(၅) ညတို့တိုက်ပွဲမှာတော့ နွားကွဲရင် ကျားဆွဲတတ်တဲ့ သင်ခန်းစာတွေကို ထပ်တလဲလဲရနေပါတယ်။ ဒါပေမယ့် သမိုင်းစာမျက်နှာမှာတော့ မတရားညှဉ်းပန်းနှိပ်စက်နေတဲ့ အာဏာရှင်ကတော့ လူကြမ်း ဗီလိန်ပဲဖြစ်မှာပါ။ ပြည်သူ့သူရဲကောင်းဖြစ်ချင်ရင်တော့ အဖိနှိပ်ခံ ပြည်သူရဲ့ရှေ့က ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်ပါ။ ယောင်ဝါးဝါးနဲ့ ခြံစည်းရိုးပေါ်မှာ ခွထိုင်ထားလို့ မရပါဘူး။ အင်္ဂလိပ် ပရီးမီးယားလို သရေပွဲမရှိဘူး။ မနိုင်ရင် ရှုံးမယ်၊ မရှုံးရင် နိုင်မယ်။ ကျနော်တို့အတွက်တော့ အသက်ချင်း ထပ်ထားရတဲ့ လောင်းကစားပွဲ။
အစောကြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေကို စနစ်တကျလုပ်ထားရပါတယ်။ ဘယ်အဆင့်မှာ ဘယ်သူက ဘာလုပ်ရမယ်ဆိုတာက အစပေါ့။ တကယ်တော့ ကိုယ့်ရဲ့ရပိုင်ခွင့် အကျဉ်းသား အခွင့် အရေးကို ကာကွယ်ဖို့ မနည်းကျားကန်ထားရတာပါ။ ၁၉၉၄-၉၅-၉၆ ကာလတုန်းက ကျနော်တို့ (၃) တိုက်မှာ အဘဝတီရှိနေတဲ့အတွက် အခြားတိုက်များ၊ အဆောင်များနဲ့မတူဘဲ ထူးထူးခြားခြား စနစ်တကျ ညီညွတ်နေကြပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ သာရေး နာရေးကိစ္စ၊ အကျဉ်းသားအခွင့် အရေးများ စသည်ဖြင့် သူ့နေရာနဲ့သူ အံဝင်ခွင်ကျ လှုပ်ရှားနေကြပါတယ်။
(၃) တိုက်မှာ လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အကျဉ်းသားအခွင့်အရေးကာကွယ်ရေးကော်မတီ (ခွင့်/ကာ အဖွဲ့) ရဲ့ တာဝန်ပေးချက်အရ ကျနော်၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်တိုင်း NLD ကိုဌေးအောင် (ဆရာဇင်လင်း) နဲ့ အဘဝတီတို့ဟာ အသက်အရွယ်အရ လူလတ်ပိုင်းရော၊ လူကြီးပိုင်းပါဖြစ်နေကြလို့ အာဏာပိုင်နဲ့တွေ့ရင်လည်း ပြောတတ်၊ ဆိုတတ်ကြတယ်ဆိုပြီး ကိုယ်စားလှယ်များအဖြစ် ထောင်မှူး၊ ထောင်ပိုင်များနဲ့ တွေ့ဖို့ကိစ္စရှိတယ်ဆိုရင် စေလွှတ်လေ့ရှိကြပါတယ်။
ထောင်ဝင်စာအလာနည်း၊ အလာကြဲကြလို့လည်း ဒီတာဝန်ကိုပေးကြရတာလည်း ပါမှာပါ။ များသော အားဖြင့် ထောင်အာဏာပိုင်တွေကလည်း ထောင်ထဲမှာနေတဲ့ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေကို အုပ်ချုပ်လို့မနိုင်ရင် အပြင်ကထောင်ဝင်စာလာတွေ့တဲ့ မိသားစုကို မဲပြီး Pressure ပေး ညစ်ပတ်တတ်ကြပါတယ်။ ထောင်ဝင်စာပိတ်တာတွေကိုလည်း လုပ်တတ်ကြပါတယ်။ (၃) တိုက်မှာ ထောင်ဝင်စာ အလာများတဲ့ သူဌေးတွေများလို့ မနက်ပိုင်းကို လက်ဘက်ရည်၊ ကော်ဖီနဲ့ နေ့စဉ် အသားဟင်း မပြတ် ထမင်းစားနေကြရတာကတော့ သေဖော်ရှင်ဖက် ရဲဘော်များရဲ့ မျှတစားသောက်ကြတဲ့ မေတ္တာတရား များသာ ဖြစ်ပါတယ်။
အင်းစိန်ထောင်တွင်းက အကျဉ်းသားများရဲ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ပုံစံအင်္ကျီမှာ စာရေးပြီး ကုလသမဂ္ဂညီလာခံသို့ရောက်အောင် ပို့ဆောင်နိုင်ကြတာဟာ ထောင်တွင်းနိုင်ငံရေးမှာ ယုံကြည်ချက်အပြည့်နဲ့ ငွေအား၊ လူအားစိုက်ထုတ်ပြီး တယောက်နဲ့တယောက် မခိုမကပ် ကျရာ အခန်းကဏ္ဍများအလိုက် လုပ်ကြလို့ပါ။ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတို့ရဲ့ ချယ်လှယ်လွှမ်းမိုးမှုမှလည်း မရှိကြပါဘူး။ နိုင်ငံရေး ခေါင်းပုံဖြတ်တတ်တဲ့ ရေသာခိုအချောင်သမား၊ အခွင့်အရေးသမားများလည်း မရှိပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထောင်တွင်းပြစ်ဒဏ် နှစ်တိုးထောင်ကျခံရတဲ့ သူရဲကောင်းများကိုတော့ ချီးကျူးဂုဏ်ယူလို့ မဆုံးပါဘူး။ ခွင့်/ကာ အဖွဲ့မှာ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုသက်မင်းအောင် (ABSDF) နဲ့ ကိုစိုးမြင့် (ဗကပ) တို့ (၅) ဦး ပါဝင်ကြပါတယ်။
(၁) ခန်းက ကိုမျိုးမင်း (ဒညတ) ဆီက ပိုက်ဆံအတော်များများ အကုန်အကျခံပြီး ထောင်တွင်းကို ရအောင်သွင်းထားတဲ့ ရေဒီယိုတလုံး ရှာဖွေရေးတလာစီတုန်း မိသွားတယ်။ ထောင်တွင်းမှာ အများစု သတင်းငတ်နေတော့လည်း ဖြစ်ကာမှဖြစ်ရော ရသလောက် လုပ်နေကြတာပဲ။ အာဏာပိုင်များက ပြစ်ဒဏ်တိုက်၊ စစ်ခွေးတိုက်ကိုပို့တာ လက်မခံနိုင်ဘူး။
အကျဉ်းထောင်လက်စွဲဥပဒေအရ ပြစ်ဒဏ်ကျ အကျဉ်းသားကို အများမြင်သာတဲ့နေရာမှာ သီးခြားခွဲထားရမယ်။ အများနဲ့ရောပြီး အတူရေချိုးမချဘူး။ လူသားတဦးရဲ့ ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသော ရိုက်နှက်ခြင်း၊ ဒေါက်ခြေချင်းများခတ်ခြင်းတို့ကို လက်မခံနိုင်ကြောင်း အာဏာပိုင်များထံကို တင်ပြနိုင်ခဲ့လို့ ထောင်ဝင်စာတော့ (၁) လအပိတ်ခံရတယ်။ သို့သော် စားစရာတွေကို ဝန်ထမ်းကတဆင့် ပေးခိုင်းလို့ရတယ်။ ဒါကလည်း ခွင့်/ကာ အဖွဲ့ရဲ့ ဆုံးဖြတ် ချက်နဲ့ ၅ (ည) တွေ တညီတညွတ်တည်း ရပ်တည်နေကြတာကိုတွေ့လို့ အာဏာပိုင်တွေက လိုက်လျော နေရတာ။ မမြင်ကွယ်ရာမှာ ဆုမှတ်ရက် ကွာဖြတ်တာတွေ ရှိတတ်တယ်။ မမြင်ရလို့ မတတ်နိုင်တော့ဘူး။ ဘယ်လိုပဲပြောပြော အောင်မြင်မှုရခဲ့တဲ့ ထောင်တွင်းတိုက်ပွဲပါပဲ။
(၄) တိုက်မှာ အခန်းစုစုပေါင်း (၃၀) ရှိပြီး (၁၈) ခန်းရှိတဲ့အခြမ်းကို (၄) ရှည်နဲ့ (၁၂) ခန်းရှိတဲ့အခြမ်းကို (၄) တို ဆိုပြီး အကန့်ခွဲထားတယ်။ (၄) တိုက ဗကပကိုသက်ခိုင်အမှုတွဲ ကိုဗလကြီး (ခေါ်) ကိုသန်းထွဋ် အခန်းထဲက ပုံမှန်ရှာဖွေရေး တလာစီတဲ့အချိန်မှာ စာရွက်နဲ့ခဲတံ သိမ်းဆည်းရမိသွားပြန်ပါတယ်။ ယုဝတီဆောင်လို့ခေါ်တဲ့ (၅) တိုက်ကို ဒေါက်-ခြေချင်းခတ်ပြီး ပို့လိုက်တယ်ဆိုပြီး သတင်းရတယ်။
ယုဝတီဆောင်လို့ခေါ်ရတာကလည်း ဒေါက်-ခြေချင်း ခတ်ထားခြင်းခံရပြီး ရောက်လာတဲ့ ပြစ်ဒဏ်ကျ ရာဇဝတ်အကျဉ်းသားတွေကို ဝန်ထမ်းတွေ၊ တန်းစီး၊ အခန်းလူကြီး စတဲ့ နှစ်ကြီးရာဇဝတ်အကျဉ်းသား တွေက (၅) တိုက်ခြံဝင်းထဲကို စဝင်ကတည်းကနေ အခန်းပေါ် ရောက်တဲ့အထိ တဝုန်းဝုန်း၊ တဒိုင်းဒိုင်းနဲ့ လူမဆန်စွာရိုက်နှက်ကြပြီး ယောက်ျားတွေကို မိန်းမတွေလို ဟုတ်ကဲ့ရှင့်-ကြောက်ပါပြီရှင့်ဆိုပြီး အော်ခိုင်းတယ်။ ယောက်ျားတယောက်ရဲ့ ဂုဏ်သိက္ခာ ရိုက်ချိုးပြီး ထိခိုက်စော်ကား အနှိမ်ခံရတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ ကိုဗလကြီးကို သည်လိုလုပ်တာကို လက်မခံနိုင်ဘူး ဆိုပြီး တိုက်ပွဲဝင်ကြတယ်။ တိုက်ပွဲဝင်တယ်လို့သာ ပြောရတာပါ။ တကယ်တော့ ကျနော်တို့ရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးကို ကာကွယ်နေကြရတာပါ။
အင်းစိန်ထောင်အတွက် မြင်းခြံထောင်ကပြောင်းလာတဲ့ အထူးအရာရှိ ဒု-ထောင်ပိုင် လူလှရောက်လာ တယ်။ အောက်ခြေက အဆင့်ဆင့်ရာထူးတက်လာတဲ့ ထောင်သဘာ၊ ငယ်မွေးခြံပေါက်ဆိုတော့ ထောင်ကျင့်၊ ထောင်ကြံ ရက်စက်ယုတ်မာ၊ ကောက်ကျစ်တာတွေ ညစ်ပတ်တဲ့နည်းမှန်သမျှ အကုန် ကျွမ်းတယ်။ အဘဝတီနဲ့ ကျနော်ရယ် ကိုဗလကြီးကိစ္စမှာ သူနဲ့ထိပ်တိုက်တွေ့ကြတယ်။ ပုံစံထိုင်ခိုင်း တယ်၊ မရဘူး။ အဘဝတီက အူကျတဲ့ရောဂါရှိလို့ ခါးထောက်ပြီးတော့တောင်မှ စကားပြောလိုက် သေးတယ်။ ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြတဲ့ပွဲပဲ။ အနိုင်အရှုံး အားစမ်းတဲ့အနေနဲ့ နှစ်ဖက်စလုံး မာန်တင်းထားတယ်။
ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားအများစုဟာ ထင်းအစီး မပြေသလို အုပ်စုလိုက်ညီနေကြလို့ သူချိုးလို့ မရနိုင်ဘူးဆိုတာကို သိသွားတယ်။ ဒီလိုဆိုတော့လည်း သူ့ပခုံးက အပွင့်ကြွေမှာကိုကြောက်သွားတော့ ရူးသလို ပေါသလို မျက်နှာပြောင်နဲ့ အခုတောင်းဆိုနေကြတဲ့ ကိုဗလကြီးကို ဒေါက်-ခြေချင်းဖြုတ်ပေးဖို့၊ (၄) တိုက်ကို ပြန်ပို့ပေးဖို့ဆိုတာတွေဟာ သူလုပ်ပေးရင် ရပါတယ်ဆိုပြီး အလျှော့ပေး လိုက်လျောလိုက်ရတယ်။ ယုံကြည်ချက်သမားတွေနဲ့ ကြေးစားတို့ရဲ့လွန်ဆွဲတဲ့ပွဲ။ ဒုတိယအကြိမ် အောင်ပွဲခံလိုက်နိုင်ပါတယ်။
အခုလို တိုက်ဝင်းထဲက ထောင်တွင်းတိုက်ပွဲဝင် ၅ (ည) အုပ်စုတွေကို ထောင်အာဏာပိုင်တွေတင် မကဘူး၊ ထောက်လှမ်းရေးတွေကိုယ်တိုင် နှိပ်ကွပ်ဖို့ အစီအစဉ်ဆွဲ ပြင်ဆင်နေကြတယ်လို့ သတင်းရနေပါတယ်။ အဲသည်ကာလတုန်းက နိုင်ငံရေးအကျဉ်းသားထဲမှာလည်း “လွတ်ကြောင်” တွေက အတော်ဒုက္ခပေးနေပါပြီ။ ၁၁/၉၂ နိုင်ငံတော်အမိန့်နဲ့ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများလည်း မနည်းတော့ပါဘူး။ ဆိုင်းငံ့ပြစ်ဒဏ်ပုဒ်မ (၄၀၁)၊ အပိုဒ် (၁) ဆိုတာကလည်း ရှိသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ထောင်အပြင်ရောက်၊ လွတ်ဖို့ပဲဆိုရင်တော့ အားလုံး အကြုံးဝင်နေပါတယ်။ အဲသည်မှာ သုံးခွမြို့က ၈၈ အရေးအခင်းအတွင်း ရဲစခန်းဝင်စီးမှုများနဲ့ ထောင်ကျတဲ့ မဆလစစ်တပ်က တပ်ကြပ်ကြီးဟောင်း ခေါင်းဖြူတင်ဝင်းက ပြဿနာစဖြစ်ပါတယ်။ အမှုကများပြီး တမှုကို (၇) နှစ်စီနဲ့ အမှု (၆) ခုအတွက် ထောင်ကျပြစ်ဒဏ် (၄၂) နှစ်ကျပြီး (၄) တိုက်မှာနေတယ်။ နိုင်ငံတော်ကြေညာချက် ၁၁/၉၂ ကလည်း (၁၀) နှစ်အထက် ပြစ်ဒဏ်ကျနေသူအားလုံးကို (၁၀) နှစ်အထိလျှော့ချလိုက်တဲ့ အမိန့်ဆိုတော့ (၁၅) နှစ် (၂၀) နှစ် (၂၅) နှစ် တပေါင်းတည်းပြစ်ဒဏ် ဘယ်လောက်များများ
(၁၀) နှစ်ဖြစ်ကုန်ကြတယ်။ သူက သီးခြားအမှုတွေဆိုတော့ အကျုံးမ၀င်ဘူး။
သူ့မယားညီအစ်ကိုက မန္တလေးဆေးတပ်ထဲက စစ်သားဖြစ်တယ်။ သူမိန်းမနဲ့ သမီးတွေကလည်း အဲသည်စစ်တပ်ထဲမှာပဲ လိုက်နေရတယ်။ သူ့မိန်းမထောင်ဝင်စာလာတွေ့တော့ သူနဲ့ပတ်သက်ပြီး ထောက်လှမ်းရေးကို အသနားခံစာ တင်ခိုင်းတယ်။ ထောင်ကလွတ်ဖို့အတွက် အပေးအယူလုပ်ချင် ကြောင်း သတင်းပို့ခိုင်းတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ထောင်အပြင်ရောက်ဖို့က အရေးအကြီးဆုံးပဲဆိုတဲ့ ဖောက်ပြန်တဲ့အယူအဆကို လက်ကိုင်ထားတဲ့ မန္တလေးက ဒေါက်တာစိုးလင်းရဲ့ သြဝါဒမှိုင်းကလည်း မိထားသေးတယ်။ လုပ်ဖော်ကိုင်ဖက်ချင်းတွေပေါ်မှာ သစ္စာဖောက်ဖို့ ဝန်မလေးတဲ့ အေးလွင်တို့လို လူစားတွေ။ ကိုယ့်အခွင့်အရေးရဖို့ဆိုရင် အဖေ၊ အမေအရင်းတွေရဲ့ ခေါင်းကိုတောင်မှ ဖြတ်မယ့် ကောင်စားတွေ။ သိပ်မကြာပါဘူး၊ ထောက်လှမ်းရေးက သူ့ကို မကြာခဏခေါ်တွေ့နေတယ်။ အဲသည်တုန်းက (၄) တိုက်မှာလည်း အချင်းချင်းသိပ်မညီမညွတ်ဖြစ်နေတယ်။ ဖြစ်နေတဲ့အကွဲအပြဲပေါ်မှာ အခွင့်ကောင်းယူပြီး တိုက်ဝင်းထဲက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေအားလုံးကို ထောက်လှမ်း ရေးမှာ သတင်းပေးလုပ်နေပြီဆိုတာကို ကျနော်တို့စည်းရုံးထားတဲ့ ဝန်ထမ်းအချို့ဆီကတဆင့် ပြန်သိနေ ရပြီ။ ကျနော်တို့ ရဲဘော်အားလုံးကိုလည်း တော်လှန်ရေးသတိရှိဖို့ တပ်လှန့်ထားရတယ်။
ကျနော်တို့ (၃) တိုက်မှာက ကိုဌေးအောင် (ဆရာဇင်လင်း-NLD)၊ မိုးဇော်ဦး (NLD)၊ ဘိုဘိုဦး (ABSDF)၊ သီဟထွဋ်ခင် (ပြည်-သုခစာပေတိုက်) နဲ့ ကျနော်တို့က အခမ်းအနားကျင်းပရေးနဲ့ စာစောင်ထုတ်ဝေရေး ကော်မတီဆိုပြီး “ဒီလှိုင်း” ဆိုတဲ့နာမည်နဲ့ စာစောင်လစဉ်ထုတ်တယ်၊ အမှတ်တရ အခမ်းအနားတွေကို လုပ်ကြတယ်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့စာစောင်နဲ့ ကွယ်လွန်သူ ဝန်ကြီးချုပ်ဦးနုရဲ့ အမှတ်တရ အောင့်မေ့ဘွယ်စာစောင်တို့ကို ထုတ်ဝေဖြစ်ပါတယ်။ လက်ရေးနဲ့ရေးထားတဲ့ ထောင်တွင်းစာစောင်တွေဆိုပေမယ့် ကဗျာ၊ ဆောင်းပါး၊ သရုပ်ဖော်ပန်းချီကအစ အဆင့်အတန်းမြင့်ပါတယ်။
တချို့စာစောင်တွေကိုလည်း ထောင်အပြင်ကိုရောက်အောင် ထုတ်ဖြစ်ကြပါတယ်။ နောင်ကို သမိုင်း တွင်ကျန်ရစ်မယ့် သွေးနဲ့ရေးခဲ့ရတဲ့ ရုပ်ကြွင်းများဖြစ်ပါတယ်။ (၄) တိုက်က ကျောင်းသားအုပ်စုကလည်း ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ်စာစောင်နဲ့ သွေးသစ်လှိုင်းစာစောင်တို့ လုပ်နေကြပါတယ်။ ခံစားချက်များကို ရင်ဖွင့်ရင်း ရဲဘော်အချင်းချင်းကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးရာရောက်ပါတယ်။
၁၉၉၅ ခုနှစ်ကတော့ ထူးခြားတဲ့နှစ်တနှစ်ပါပဲ။ ရန်ကုန်တက္ကသိုလ် (၇၅) နှစ်ပြည့်စိန်ရတု (၁၉၂၀-၁၉၉၅)၊ ဒေါ်အောင်ဆန်းစုကြည် နှစ် (၅၀) ပြည့်ရွှေ ရတုမွေးနေ့ (၁၉၄၅-၁၉၉၅)၊ ဝန်ကြီးချုပ်ဦနု သေဆုံးတဲ့နေ့ (၁၄-၂-၉၅) အပြင် နှစ် (၅၀) ပြည့် ဖက်ဆစ်တော်လှန်ရေး ရွှေရတုနှစ်ပတ်လည်နေ့ (၁၉၄၅-၉၅) (သူတို့က တပ်မတော်နေ့ဆိုပြီး တော်လှန်ရေးကို မောင်ပိုင်စီး ထားချင်ကြသေးတယ်။)
ဒီတခါ ရှာဖွေရေးတလာစီတာကို ထောင်ပေါင်းစုံကဝန်ထမ်းတွေကို ခေါ်ထားတယ်။ ဝန်ထမ်းအင်အား ရာဂဏန်းလောက်ရှိမယ်။ မမြင်ဘူးတဲ့ မျက်နှာစိမ်းဝန်ထမ်းတွေ အများကြီးနဲ့ အထူးရှာဖွေရေး စစ်ဆင်ရေးတရပ်ဖြစ်တယ်။ ပေါက်ချွန်း၊ ပေါက်တူး၊ ဂေါ်ပြား စသည့်လက်နက်ပစ္စည်း ကိရိယာ အစုံအလင်နဲ့ တိုက်ဝင်းတခုလုံးမှာ အပြည့်နေရာယူထားတယ်။ အင်းစိန်ထောင် သန္ဓေဝန်ထမ်းတွေက သော့ကိုင်ပြီး အခန်းတွေကိုဖွင့်ပေးရတယ်။ အခန်းပေါ်တက်လာကြတဲ့ ဝန်ထမ်းတွေရဲ့ မျက်နှာကြော တွေကလည်း တင်းထားကြတယ်။ ထောင်နံရံတွေကို ခေါက်ကြည့်တယ်။ သမံတလင်းကို ပေါက်ချွန်း တွေနဲ့ပေါက်တော့ မြေအောက်ဂလိုင်ထဲမှာ ထည့်ဖွက်ထားတဲ့ စာအုပ်စာတမ်းတွေ အကုန်မိတယ်။ နံရံတွေ၊ အမိုးမျက်နှာကျက်တွေပေါ်ကို လှေခါးထောင်ပြီး တက်နှိုက်ကြတာဆိုတော့ အံဝှက်မျက်နှာ ကျက်ကြားမှာထည့်ထားတဲ့ လက်သဲညှပ်တောင်မှ မကျန်ဘူး။
လူဆွေးဆွေး၊ ထောင်ဆွေးဆွေးနဲ့ တိုက်ထဲမှာက နေသားကြာတဲ့သူ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲဆိုတော့လည်း အခန်းတိုင်းမှာ မိကြတဲ့ စာအုပ်စာတမ်းတွေက တခန်းကို အနည်းဆုံး တတင်းခွဲဆန်အိတ်ခွံ မြွေရေခွံအိတ် တလုံးစာ လောက်စီရှိတယ်။ နိုင်ငံရေးသမားဆိုတာကလည်း အစားအသောက်ထက် စာရေးစာဖတ်ရတာကို ပိုပြီးတန်ဖိုးထား မက်မောကြတယ်။
ဒီတခါ အထူးရှာဖွေရေးလုပ်နေတဲ့ပုံစံမှာတော့ အခြေအနေသိပ်မကောင်းနိုင်ဘူးဆိုတာကို အတွေ့အကြုံအရ သိနေတယ်။
ရေချိုးတောင်မှ လုံးဝမချဘူး။ အဓိကကတော့ အသားထဲကလောက်ထွက်တော့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အတွင်းသတင်းတွေကို ထောက်လှမ်းရေးတွေကလည်း အကုန်သိနေတဲ့ပုံပေါ်တယ်။ ဝေါ်ကီတော်ကီတွေကိုင်ပြီး ပွစိ၊ ပွစိ ဆက်နေကြတယ်။ အခန်းတွေရှေ့ ကလည်း သုတ်သီးသုတ်ပြာတွေနဲ့ လမ်းသလားနေကြတယ်။
ထောင်ပိတ်ပြီး ည (၇) နာရီလောက်မှာ ကျနော့်ကို ပထမဆုံးခေါင်းစွပ်စွပ်၊ လက်ထိပ်နောက်ပြန်ခတ်ပြီး စစ်ကြောရေးအတွက် လာထုတ်တယ်။ ထောင်အာဏာပိုင်တွေကလည်း ကြည့်မရ၊ အမြင်ကပ်နေတာ ကြာပြီဆိုတော့ အခုထောက်လှမ်းရေးစစ်ကြောရေးမှာ တမင်ကို အရင်ဆုံး ထိပ်တိုက်ဆုံပေးလိုက်ခြင်း ဖြစ်ပါတယ်။ ညနေစောင်း အပုပ်ချိန်ဆိုတော့ စစ်ကြောရေးလုပ်နေတဲ့သူတွေ အားလုံးနီးပါး မူးနေကြ ပါပြီ။ ခေါင်းစွပ်နဲ့ဆိုတော့ ဘယ်သူ၊ ဘယ်ဝါတွေမှန်းလည်း မသိပါဘူး။ ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်းနဲ့ တော့ စကြတာပါပဲ။ ဒါပေမယ့် သူတို့လိုချင်တဲ့ အဖြေ၊ အချက်အလက်တွေ ဘာမှမရဘူးဖြစ်နေတယ်။ ဒါနဲ့ ကြာတော့ ခေါင်းစွပ်ချွတ်ပြီး ထောက်လှမ်းရေးဗိုလ်မှူးကိုယ်တိုင် မျက်နှာချင်းဆိုင်ထိုင်ပြီး အမေး အဖြေလုပ်ပါတော့တယ်။
စစ်ကြောရေးတွေမှာလည်း ခဏခဏ တွေ့နေကြဆိုတော့ မျက်မှန်းတန်းမိနေပါပြီ။ သူတို့အဓိက လိုချင်တာက သွေးသစ်လှိုင်းနဲ့ တက္ကသိုလ်စိန်ရတု လက်ရေးမူနဲ့ စာစောင်လုပ်တဲ့သူတွေကို သိချင် တယ်။ စာစောင်တွေကိုထုတ်ပြတော့ မမြင်ဘူး၊ မသိဘူး။ ကျနော့်အခန်းကမိတဲ့ နွယ်နီ၊ ဓနမဂ္ဂဇင်းနဲ့ အဘိဓာန်စာအုပ်အပါအဝင် အပြင်မှာတရားဝင်ထုတ်ထားတဲ့ စာအုပ်စာရင်းတွေကို ထပ်တလဲလဲ ရွတ်ပြလိုက်တော့ ထောက်လှမ်းရေးဗိုလ်မှူး နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားတယ်။ ကျနော်တို့ လက်မှတ်ထိုးထားရတဲ့ သိမ်းဆည်းရမိပစ္စည်း စာရင်းစာရွက်တွေကိုတောင်းပြီး စစ်ဆေးကြည့် လိုက်တော့ အတော်ကိုဒေါပွသွားတယ်။ သူလိုချင်တဲ့အဖြေက (၄) တိုက် ဖြစ်နေတယ်။ ကျနော်က
(၃) တိုက်ဆိုတော့ ဘာမှမဆိုင်ဘူး၊ တခြားစီဖြစ်နေတယ်။ ထောင်မှူး၊ ထောင်ပိုင်တွေကိုခေါ်ခိုင်းပြီး ကျနော့်ရှေ့မှာတင် မအေ၊ နှမနဲ့ကိုင်တုတ်ပြီး ဆဲလိုက်တာ ရစရာကိုမရှိဘူး။
အခုလို အထူးတိုက်မှာ ထောက်လှမ်းရေးစစ်ကြောရေးပြီးတော့လည်း အရင် (၃) တိုက်ကိုပြန်မပို့ဘဲ ပြစ်ဒဏ်တိုက် စစ်ခွေးတိုက်ထဲမှာ ထည့်ထားတယ်။ တညလုံးစစ်ကြောရေးလုပ်ထားတာဆိုတော့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားတယ်။ အခင်းဖျာမရှိ၊ သောက်ရေအိုးမရှိဆိုတော့ ဝန်ထမ်းတွေကို အော်ခေါ်တယ်။ တယောက်မှ မလာဘူး၊ တခန်းကျော်စီမှာတော့ ကိုဘမျိုးသိန်း၊ ဆလိုင်းကိုကိုကြီး၊ စသည်ဖြင့် … ထည့်ထားတယ်။ ထမင်းမကျွေး၊ ရေမတိုက်လုပ်ထားတယ်။
လည်ချောင်းတွေပူနေတာ အသံတောင်မှ မထွက်တော့ဘူး။ တမင်လုပ်ထားမှန်းရိပ်မိလို့ အသာလေးငြိမ်ငြိမ်နေလိုက်တယ်။ ဒါပေမယ့် ညကတည်းက စစ်ကြောရေးမှာ စကားအများကြီးပြောထားရတာဆိုတော့ လည်ချောင်းနာပြီး ရင်ထဲကလည်း ပူနေတယ်။ ရေအသက်တမနက်ဆိုပေမယ့် ရေမသောက်ရတာ (၂၄) နာရီနီးပါး လောက်ရှိနေပြီ။ သံတိုင်နားအပေါက်ဝမှာ ခွေခွေလေးမှီပြီး အိပ်နေတယ်။ မျက်စိထဲမှာလည်း ဝါးတားတား အရိပ်တွေပြေးနေတယ်။ ညနေ (၅) နာရီကျော်မှ လက်သန်းတလုံးစာ မရှိသလောက် ကလေး ရေလာတိုက်တယ်။ အငမ်းမရသောက်လိုက်တာ၊ ဆက်မတိုက်ဘူး။ နောင်မှသိရတယ်၊ တခါတည်း အဝတိုက်လိုက်ရင် တခါတည်းသေသွားနိုင်တယ်ဆိုတာကို။ စေတနာရှိလို့တော့ မဟုတ် နိုင်ဘူး။ သူတို့အမှုပတ်မှာစိုးလို့ ထင်ရတာပဲ။
ပေးဆပ်ရတဲ့အရင်းအနှီးက သိပ်များတယ်။ အဘဝတီအပါအဝင် ကျနော်တို့ရဲဘော်(၂၄) ဦး ထောင်တွင်းပြစ်ဒဏ် နှစ်တိုးပြီး ထောင်ထပ်ကျကြရတယ်။ (၃) တိုက်က ဦးဝင်းတင် (NLD)၊ အမရပူရအမတ် ဒေါက်တာဇော်မြင့်မောင် (NLD)၊ ခင်ဦးအမတ် ဒေါက်တာမြင့်နိုင် (NLD)၊ ကိုမြတ်ထွန်း (ကမာရွတ် NLD)၊ ကိုဘမျိုးသိန်း (ဒညတ)၊ ကိုဘိုဘိုဦး (ABSDF)၊ ကိုသက်မင်းအောင် (ABSDF)၊ ကိုဂျင်မီ (လူ့ဘောင်သစ်)၊ ကိုစိုးမြင့် (ဗကပ) ပေါင်း (၉) ယောက်။ (၄) တိုက ကိုထွန်းဝင်း
(ရခိုင်ဗကပ - သေဒဏ်မှကျွန်းပြောင်း)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်)၊ ကိုအောင်မျိုးတင့် (ABSDF)၊ ကိုလှသန်း (ABSDF)၊ ကိုဝင်းသိန်း (သုံးရောင်ခြယ်)၊ ကိုစိန်လှိုင် (သုံးရောင်ခြယ်) ပေါင်း (၇) ယောက်။ (၄) ရှည်က ကိုမျိုးမြင့်ငြိမ်း (NLD)၊ ကိုကြည်ဖေကျော် (ABSDF)၊ ကိုဇော်ထွန်း (သင်္ဃန်းကျွန်းဗကသ)၊ ကိုဇော်မင်း(သင်္ဃန်းကျွန်းဗကသ)၊ ကိုအောင်ကျော်ဦး (သင်္ဃန်းကျွန်း ဗကသ)၊ ကိုကျော်ဝင်းသိန်း (သင်္ဃန်းကျွန်းဗကသ)၊ စိုးထက်ခိုင် (ဒညတ) နဲ့ သာယာဝတီထောင်တွင်းမှာ ကျဆုံးသွားရတဲ့ ကိုညွန့်ဇော် (ABSDF) ပေါင်း (၈) ယောက်ဆိုတော့ အားလုံးပေါင်းလိုက်ရင် (၂၄) ယောက်ဖြစ်တယ်။
ကျွန်တော်တို့ (၃) တိုက်က ပစ္စည်းမိတုန်းက အနည်းဆုံးဆိုပေမယ့် အဘဝတီဦးဆောင်ပြီး ညီညီညွတ်ညွတ် ရှိနေတာကို အာဏာပိုင်တွေအမြင်ကပ်နေလို့ နှစ်တိုးထောင်ကျတာ အများဆုံးဖြစ်တဲ့အပြင် ခုထိလည်း လွတ်ရက်ကျော်ပြီး မလွှတ်သေးတာ (၅) ဦးရှိနေပါသေးတယ်။
(၄) တိုက်မှာ ၁၉၈၄ ခုနှစ်ကတည်းက သေဒဏ် ကျွန်းပြောင်းပြစ်ဒဏ်ကျ ကိုထွန်းဝင်း (ရခိုင်ကွန်မြူနစ်) ရှိနေပါသေးတယ်။ သူကလည်း ပြစ်ဒဏ် (၂၇) နှစ်မှာ ထောင်တွင်းနေသား (၂၄) နှစ်ရှိနေပြီဖြစ်လို့ လွတ်ရက်ထက် အများကြီးကျော်နေပါပြီ။
အဘဝတီက စုစုပေါင်းထောင်ကျနှစ် (၂၀) မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ကိုဘမျိုးသိန်းက ထောင်ကျနှစ် စုစုပေါင်း (၁၉) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်ရှိနေကြပြီဖြစ်လို့ အကျဉ်းသားတိုင်းရဲ့ ရပိုင်ခွင့်အခွင့်အရေးအရ လွှတ်ပေးရမယ့် ရက်ထက် အများကြီးကျော်လွန်နေကြပြီ ဖြစ်ပါတယ်။ ကိုဘိုဘိုဦးက စုစုပေါင်းထောင်ကျနှစ် (၂၆) နှစ်မှာ ထောင်တွင်းနေသား (၁၈) နှစ်၊ ဒေါက်တာ ဇော်မြင့်မောင်က စုစုပေါင်းထောင်ကျနှစ် (၂၂) နှစ်မှာ ထောင်တွင်းနေသား (၁၆) နှစ်နဲ့ ကိုစိုးမြင့်က စုစုပေါင်း ထောင်ကျနှစ် (၂၂) နှစ်မှာ နေသား (၁၆) နှစ်ရှိနေကြပြီ ဖြစ်လို့ လွှတ်မယ်ဆိုရင် လွှတ်နိုင်သည့်သူများသာ ဖြစ်ပါတယ်။
ထောင်တွင်းပြစ်ဒဏ်ထပ်တိုးခံရသူ (၂၄) ဦးမှာ ထောင်တွင်းနေသား ဆယ်စုနှစ် (၂) ခုနီးပါး ရှိနေ ပြီဖြစ်တဲ့ နှစ်ရှည်ထောင်ကျမှာ နိုင်ငံရေးအကျဉ်းသား ဒီ (၆) ဦးပဲ ကျန်ပါတော့တယ်။ ကျန်တဲ့သူ အားလုံးလည်း လွတ်မြောက်လာကြပါပြီ။ ဒါကြောင့် အဘဝတီနဲ့ အကျဉ်းသားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (ခွင့်/ကာ) အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
အဘဝတီနဲ့အတူ ထောင်တွင်း၌ (၁၆) နှစ်အထက် နှစ်ရှည်ကျခံပြီးကြသော ခွင့်/ကာ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားခေါင်းဆောင်များရဲ့ ရပိုင်ခွင့် အကျဉ်းသားအခွင့်အရေးအရ အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင်များရဲ့ ရပိုင်ခွင့်အခွင့်အရေးများကို ဝိုင်းဝန်းတောင်းဆိုကြဖို့လည်း တိုက်တွန်းပါတယ်။
အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အသက်ရာကျော်ရှည်ပါစေ။
အဘဝတီနဲ့ ခွင့်/ကာအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားခေါင်းဆောင်များ အမြန်ဆုံးပြန်လွတ်ပါစေ။ ။
Posted by
freeburma
at
10:50 PM
0
comments
Labels: Fight On
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်သည်။ ဤအထွေထွေညီလာခံ အစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကို လည်းကောင်း၊ ထို့ပြင် နိုင်ငံများ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြား ပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှစေရန်၊ မြင်သာအောင် ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ် ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။
စကားချီး
လူခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်း အညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် လည်းကောင်း၊
လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့် လည်းကောင်း၊
လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင် ယုံကြည်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက် ဆန္ဒကြီး အဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီး ဖြစ်သောကြောင့် လည်းကောင်း၊
လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်း မပြုစေရန် လူ့အခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့် လည်းကောင်း၊
နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မူလ လူ့အခွင့်အရေးများကို လည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကို လည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့် အပြင် လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမိုလွတ်လပ် ကောင်းမွန်သော လူ့ဘ၀အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့် ပူးပေါင်း၍ လူ့အခွင့်အရေးများကို လည်းကောင်း၊ အခြေခံ လွတ်လပ်ခွင့် အခွင့်အရေးများကို လည်းကောင်း၊ ကမ္ဘာတ၀န်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီး ဖြစ်သောကြောင့် လည်းကောင်း၊
ထို့ကြောင့်
အထွေထွေညီလာခံက
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတ၀န်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟု လည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခု ထုတ်ပြန်ကြေညာလိုက်သည်။
အပိုဒ် (၁)
ပို့စ်များကို ဦးစားပေးတင်နေပါ၍ .... ဆက်ရေးပါမည်။
Posted by
freeburma
at
10:43 PM
0
comments
Labels: Human Rights
Monday, July 02, 2007
Universal Declaration of Human Rights
The Thirty Articles
Article 1:
All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.
Article 2:
Everyone is entitled to all the rights and freedoms set forth in this declaration without distinction of any kind, such as race, colour, sex, language, religion, political or other opinion, national or social orgin, property, birth or other status.
Furthermore, no distinction shall be made on the basis of the political, jurisdictional or international status of the country or territory to which a person belongs, whether it be independent, trust, non-self-governing or under any other limitation of sovereignty.
Article 3:
Everyone has the right to life, liberty and security of person.
Article 4:
No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.
Article 5:
No one shall be subjected to torture or to cruel, inhuman or degrading treatment or punishment.
Article 6:
Everyone has the right to recognition everywhere as a person before the law.
Article 7:
All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of the Declaration and against any incitement to such discrimination.
Article 8:
Everyone has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.
Article 9:
No one shall be subjected to arbitrary arrest, detention or exile.
Article 10:
Everyone is entitled in full equality to a fair and public hearing by an independent and impartial tribunal, in the determination of his rights and obligations and of any criminal charge against him.
Article 11:
1. Everyone charged with a penal offense has the right to be presumed innocent until proved guilty according to law in a public trial at which he has had all the guarantees necessary for his defense.
2. No one shall be held guilty of any penal offense on account of any act or omission which did not constitute a penal offense, under national or international law, at the time it was committed. Nor shall a heavier penalty be imposed than the one that was applicable at the time the penal offense was committed.
Article 12:
No one shall be subjected to arbitrary interference with his privacy, family, home or correspondence, nor to attacks upon his honor and reputation. Everyone has the right to the protection of the law against such interference or attacks.
Article 13:
1. Everyone has the right to freedom of movement and residence within the borders of each state.
2. Everyone has the right to leave any country, including his own, and to return to his country.
Article 14:
1. Everyone has the right to seek and to enjoy in other countries asylum from persecution.
2. This right may not be invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary to the purposes and principles of the United Nations.
Article 15:
1. Everyone has the right to a nationality.
2. No one shall be arbitrarily deprived of his nationality nor denied the right to change his nationality.
Article 16:
1. Men and women of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage, during marriage and at its dissolution.
2. Marriage shall be entered into only with the free and full consent of the intending spouses.
3. The family is the natural and fundamental group unit of society and is entitled to protection by society and the State.
Article 17:
1. Everyone has the right to own property alone as well as in association with others.
2. No one shall be arbitrarily deprived of his property.
Article 18:
Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief, and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.
Article 19:
Everyone has the right to freedom of opinion and expression: this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.
Article 20:
1. Everyone has the right to freedom of peaceful assembly and association.
2. No one may be compelled to belong to an association.
Article 21:
1. Everyone has the right to take part in the government of his country, directly or through freely chosen representatives.
2. Everyone has the right of equal access to public service in his country.
3. The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
Article 22:
Everyone, as a member of society, has the right to social security and is entitled to realization, through national effort and international co- operation and in accordance with the organization and resources of each State, of the economic, social and cultural rights indispensable for his dignity and the free development of his personality.
Article 23:
1. Everyone has the right to work, to free choice of employment, to just and favorable conditions of work and to protection against unemployment.
2. Everyone, without any discrimination, has the right to equal pay for equal work.
3. Everyone who works has the right to just and favorable remuneration ensuring for himself and his family an existence worthy of human dignity, and supplemented, if necessary, by other means of social protection.
4. Everyone has the right to form and to join trade unions for the protection of his interests.
Article 24:
Everyone has the right to rest and leisure, including reasonable limitation of working hours and periodic holidays with pay.
Article 25:
1. Everyone has the right to a standard of living adequate for the health and well-being of himself and of his family, including food, clothing, housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability, widowhood, old age or other lack of livelihood in circumstances beyond his control.
2. Motherhood and childhood are entitled to special care and assistance. All children, whether born in or out of wedlock, shall enjoy the same social protection.
Article 26:
1. Everyone has the right to education. Education shall be free, at least in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all on the basis of merit.
2. Education shall be directed to the full development of the human personality and to the strengthening of respect for human rights and fundamental freedoms. It shall promote understanding, tolerance and friendship among all nations, racial or religious groups, and shall further the activities of the United Nations for the maintenance of peace.
3. Parents have a prior right to choose the kind of education that shall be given to their children.
Article 27:
1. Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.
2. Everyone has the right to the protection of the moral and material interests resulting from any scientific, literary or artistic production of which he is the author.
Article 28:
Everyone is entitled to a social and international order in which the rights and freedoms set forth in this Declaration can be fully realized.
Article 29:
1. Everyone has duties to the community in which alone the free and full development of his personality is possible.
2. In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of others and of meeting the just requirements of morality, public order and the general welfare in a democratic society.
3. These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
Article 30:
Nothing in this Declaration may be interpreted as implying for any State, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set forth herein.
Posted by
freeburma
at
11:58 PM
0
comments
Labels: Human Rights
သူ့မှာ အကြောက်တရားရှိတယ်
သူဟာ
အာဏာရှင်ကို
ဒူးထောက်ဖို့
မပြောနဲ့ ..........
ပူးပေါင်းဖို့
မပြောနဲ့ ..........
ကြောက်ပြီလား
ဘယ်တော့မှ မမေးနဲ့
အမြဲတမ်း ဟင့်အင်းနဲ့
သူတို့အတွက်ဆို
သံမဏိအပြုံးပိုင်ရှင်။
သူဟာ
တို့တတွေ
အကြောက်တရားက လွတ်မြောက်ဖို့
ကြိုးစားနေဆဲ ..........
သူ့ဘ၀ကို စတေးရဲတယ်
တို့တတွေ
အမှန်တရားကို မြတ်နိုးတတ်ဖို့
လမ်းပြနေဆဲ ..........
သူ့ဘ၀ကို မြှုပ်နှံထားတယ်။
စံထားလောက်တယ်
တို့အားလုံးအတွက်
ပေးဆပ်ထားတဲ့ မေတ္တာရှင်။
ဒါပေမယ့်
တို့တတွေ
မလွတ်မြောက်မှာကိုတော့
သူ ... အကြောက်ကြီး ကြောက်နေရှာတယ်။
ဒီအကြောက်တရားကို တွန်းလှန်ဖို့
သူ့မှာ
ယုံကြည်ချက်ရှိတယ်
ခံယူချက်ရှိတယ်
ဥာဏ်ပညာရှိတယ်
အတွေ့အကြုံရှိတယ်
စိတ်စွမ်းအားရှိတယ်
ခံနိုင်ရည်ရှိတယ်
ဒီအကြောက်တရားကို တွန်းလှန်ဖို့
သူ လိုနေတာ ........
သူ လိုနေတာ ........
တို့တတွေပဲ
တို့တတွေပဲ ။ ။
Posted by
freeburma
at
7:51 PM
0
comments
Labels: Poem
Tuesday, June 19, 2007
အမေ့အတွက် ရင်နှင့်အမျှ
အမေ .......
ကျွန်တော့် ဘ၀တလျှောက် အကြည်ညိုဆုံး အလေးစားဆုံးဟာ အမေပါ။
အမေကသာ လမ်းပြမယ်ဆိုရင် ဘာကိုမဆို အမေ့ဆန္ဒအတိုင်း ဖြစ်စေရမယ်လို့ ဆုံးဖြတ်ထားတဲ့အထိ အမေ့ကို ကြည်ညိုလေးစားတာပါ။ ဒါကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလို့ဆိုရင်လည်း ကျွန်တော့်ဘ၀မှာ ဒီလို ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်ရလောက်တဲ့ အမေ့လို စံပြပုဂ္ဂိုလ် ရှိရတာ လုံးဝ ဂုဏ်ယူပါတယ်။
အမေ ပြောခဲ့ဖူးတဲ့
"နိုင်ငံသားတိုင်းဟာ နိုင်ငံ့အရေးနဲ့ သက်ဆိုင်တယ်။"
ဒီအတွက် ဗမာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ နိုင်ငံရဲ့အရေးကိစ္စတွေမှာ အမေ့ရဲ့ ဦးဆောင်မှုအောက်မှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ အမြဲပါဝင်အားဖြည့်နေပါမယ်လို့ ကတိသစ္စာပြုပါတယ်။
အမေ
နိုင်ငံရေး (နိုင်ငံ့အရေး) ကို လုပ်လို့ ဘာမှထူးလာမှာ မဟုတ်ဘူး ဆိုတဲ့သူတွေကိုယ်တိုင် အခုအချိန်မှာ ကိုယ်နိုင်တဲ့ဖက်ကနေ နိုင်သလောက် ပါဝင်လာနေကြတာဟာ အမေ့ရဲ့ အောင်မြင်မှု၊ အမေ့ဆန္ဒတွေပါပဲ။
အမေ
အမေ့ရဲ့အရည်အချင်းတွေကို နိုင်ငံပြန်လည်ထူထောင်ရေးအတွက် အသုံးမချနိုင်သေးဘဲရှိနေရတာ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ဖို့၊ ပြည်သူတွေရဲ့ ဘ၀တွေကိုမြှင့်တင်ပေးနိုင်ဖို့၊ နိုင်ငံတကာအဆင့်မီဖြစ်အောင်လုပ်ဆောင်နိုင်ဖို့ အမေ့ရဲ့အချိန်တွေ တဖြည်းဖြည်းနည်းလာပြီဆိုတာ အကြောက်တရား ကိုမတွန်းလှန်ရဲကြသေးတဲ့ အမေချစ်တဲ့ ပြည်သူတွေ၊ ပြည်သူတွေ ပထမအဆင့် လုပ်ရမယ့် လုပ်လည်း လုပ်နိုင်ကြမယ့် အမေရဲ့ ပန်ကြားချက် " ပြည်သူတွေဟာ တရားတာကို မတရားတာလို့ မပြောဖို့၊ မတရားတာကို တရားတယ်လို့ မပြောဖို့၊ ဒီကတဆင့်တက်ရင် တရားတာကို တရားတယ်လို့ ပြောရဲဖို့၊ မတရားတာကို မတရားဘူးလို့ ပြောရဲဖို့ " ကို အမြန်ဆုံး နားလည်သဘောပေါက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အမေ
အမေရဲ့ ရည်မှန်းချက် အစစ်အမှန်ဖြစ်တဲ့ ပြည်သူတွေ လွတ်မြောက်ရေး ကြိုးစားမှုကို ပြည်သူတွေကိုယ်တိုင် အမြန်ဆုံးသဘောပေါက်ပြီး အမေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို နှမြောတတ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
"သူ့မှာ အကြောက်တရားရှိတယ်"
သူဟာ
အာဏာရှင်ကို
ဒူးထောက်ဖို့
မပြောနဲ့ ..........
ပူးပေါင်းဖို့
မပြောနဲ့ ..........
ကြောက်ပြီလား
ဘယ်တော့မှ မမေးနဲ့
အမြဲတမ်း ဟင့်အင်းနဲ့
သူတို့အတွက်ဆို
သံမဏိအပြုံးပိုင်ရှင်။
သူဟာ
တို့တတွေ
အကြောက်တရားက လွတ်မြောက်ဖို့
ကြိုးစားနေဆဲ ..........
သူ့ဘ၀ကို စတေးရဲတယ်
တို့တတွေ
အမှန်တရားကို မြတ်နိုးတတ်ဖို့
လမ်းပြနေဆဲ ..........
သူ့ဘ၀ကို မြှုပ်နှံထားတယ်။
စံထားလောက်တယ်
တို့အားလုံးအတွက်
ပေးဆပ်ထားတဲ့ မေတ္တာရှင်။
ဒါပေမယ့်
တို့တတွေ
မလွတ်မြောက်မှာကိုတော့
သူ ... အကြောက်ကြီး ကြောက်နေရှာတယ်။
ဒီအကြောက်တရားကို တွန်းလှန်ဖို့
သူ့မှာ
ယုံကြည်ချက်ရှိတယ်
ခံယူချက်ရှိတယ်
ဥာဏ်ပညာရှိတယ်
အတွေ့အကြုံရှိတယ်
စိတ်စွမ်းအားရှိတယ်
ခံနိုင်ရည်ရှိတယ်
ဒီအကြောက်တရားကို တွန်းလှန်ဖို့
သူ လိုနေတာ ........
သူ လိုနေတာ ........
တို့တတွေပဲ
တို့တတွေပဲ ။ ။
ကဲ ..... တို့တတွေရော ဘယ့်နှယ့်လဲ။
(လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၂) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုခြင်း)
Posted by
freeburma
at
10:15 AM
0
comments
Labels: Burma Icon DASSK, Fight On
Thursday, June 14, 2007
တွယ်တာလက်များ
Goodbye!
သံယောဇဉ်ကြီးခဲ့ရတဲ့ မြို့လေးရေ
ဆိုးသွမ်းခဲ့သမျှနားလည်ပေးတဲ့ မြို့လေးရေ
အမှန်တရားကို တိတ်တိတ်ဆိတ်ဆိတ်မွေးမြူပေးတဲ့ မြို့လေးရေ
ခွဲသွားတဲ့သူတွေကိုပြန်လာနိုးစောင့်ဆိုင်းနေတဲ့ မြို့လေးရေ
နေ၀င်ရာအရပ်လိုကျောခိုင်း
ရှေ့ဆက်ဖို့
ရောင်နီလာရာမျှော်မှန်း တခါက
ဒီမြို့လေးဟာ ငါ့ရဲ့ပစ်ကွင်း
ဒါပေမယ့် မြို့လေးရယ် .....
(မင်းကတော့)
မင်းသတ်မှတ်ချက်နဲ့ မင်းဘာသာငြိမ်သက်
ငါကပဲ ကိုယ့်လက်နက်နဲ့ကိုယ်တောင် ဘယ်လိုပစ်ရမှန်း
မသိတဲ့ကောင်
ဒီလိုနဲ့
လွမ်းမိသမျှ အတိုးမချနိုင်သေးစွာ
မေ့မေ့လျော့လျော့
ဒီလိုနဲ့
တခန်းရပ် ဒီပြကွက်ပြီးဆုံးနိုင်ချိန်
ပစ်ကွင်းရဲ့ အလယ်ဗဟိုချက်ဆီ
အချက်တိုင်း
ငါ့ရဲ့လက်ညှိုးတကွေးတိုင်းဟာ
အနုပညာမြောက် ဒဏ္ဍာရီတွေ
ပြင်းအားများစွာငြိမ်သက်ခြင်းမျိုးနဲ့
ချိန်ရွယ်
ငါပြန်လာမှာပါ။
Goodbye!လို့ နှုတ်ဆက်ခဲ့ကြတဲ့လက်တွေလေ
ပြန်ဆုံကြမယ်။ ။
Posted by
freeburma
at
10:02 AM
0
comments
Labels: Poem
Monday, June 04, 2007
တိုက်ပွဲဝင်နေဆဲ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခြင်း
ရာဇာလီ အစ္စမေးလ်
၂၀၀၆ ခုနှစ် အစောပိုင်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် အဖြစ်ကနေ ကျနော်နုတ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မတိုင်မီ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ကျနော် ၁၄ ကြိမ် သွားရောက်ခဲ့ပါတယ်။
ကျနော့်ရဲ့ ပထမဆုံးခရီးစဉ်က သက္ကရာဇ် ၂၀၀၀ မှာ စတင်ပါတယ်။ ကုလသမဂ္ဂဟာ ကျနော့်ကို ကိုယ်စားလှယ်တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကိုသွားဖို့ စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဖို့ စီစဉ်ပေးတာ ဗိုလ်ချုပ်ကြီးခင်ညွန့်ပါ။ အတော်လေး ပူအိုက်စွတ်စိုတဲ့ မုတ်သုန်ရာသီရဲ့ ဇွန်လလယ်ထဲ ဆိုကြပါစို့။
အစိုးရက စီစဉ်ပေးတဲ့ ကားတစီးနဲ့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်း စုကြည်နေအိမ်ကို ကျနော် သွားခဲ့ပါတယ်။ ကျနော်တို့ အခန်းတခန်းထဲမှာ သူ့ကို စောင့်ဆိုင်းနေခဲ့တယ်။ အခန်းနံရံပေါ်မှာ သူမရဲ့ ကျဆုံးလေပြီးသော ဖခင်ရဲ့ပုံတူ ပန်းချီကားကြီး ချိတ်ဆွဲထားပါတယ်။ အခန်းထဲထိုင်နေစဉ် တခဏတာရဲ့ ထူးခြား မှုကို ကျနော် သတိပြုမိလိုက်တယ်။ အလွန်ထူးခြားတဲ့ တစုံတခုဟာ ကျနော့်ဘ၀ကို အကျိုးသက်ရောက်တော့မယ်ဆိုတာ ကျနော်သိလိုက်ပါတယ်။
ခဏအကြာမှာ အပြာရောင် ဘလောက်စ်အင်္ကျီနဲ့ မြန်မာထဘီကို ၀တ်ဆင်ထားပြီး ခေါင်းမှာ စပယ်ပန်းတွေပန်ထားတဲ့ သူမဟာ တည်ငြိမ်အေးဆေးတဲ့ဟန်နဲ့ အခန်းထဲကိုဝင်လာတာ အလွန်ကျက်သရေရှိပါတယ်။ မဟာဆန်တဲ့ ခြေလှမ်းတွေနဲ့လို့ ဆိုပါရစေ။ ကုလားထိုင်မှာ နေရာယူကြတော့ ယဉ်ကျေးစွာ ကျနော့်ကို သူ့ရဲ့ညာဘက်မှာ ထိုင်စေပါတယ်။
သူဟာ ထိုင်တဲ့အခါမှာ ခါးကိုမတ်မတ်ထားပြီး ထိုင်တတ်ပါတယ်။ ထိုင်ခုံက နောက်မှီမပါတော့ သတိမထားဘူးဆိုရင် ကြာလာရင် ကျောနာလာပြီး ခွေကျသွားနိုင်တဲ့ ထိုင်ခုံမျိုးဖြစ်ပါတယ်။ ကချေသည်တယောက်လို ခါးကိုမတ်မတ်ထားပြီး ထိုင်နေတဲ့ သူ့အနားထိုင်ရတာ အနေရခက်လှပါတယ်။
ကျနော် သတိလက်လွတ်ပြီး သူထိုင်သလိုမျိုး ထိုင်နေလိုက်တယ်။ ဒါပေမယ့် ပြောဆိုဆွေးနွေးနေစဉ်မှာပဲ အဲဒီတိုက်ပွဲမှာ ကျနော် ရှုံးနိမ့်သွားပြီး ခါးကိုမမတ်နိုင်တော့ပါဘူး။ သူမဟာ ဆွဲဆောင်မှုအပြည့်ရှိတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ လေထဲမှာလည်း စပယ်ပန်းရနံတွေ မွှေးပျံ့လို့။ သူနဲ့စကား စပြောတယ်ဆိုရင်ပဲ “ဒေါ်အောင်ဆန်းစုကြည်က သတ္တိရှိသလို စွဲဆောင်မှုလည်းရှိတယ်”လို့ ကျနော်ပြောလိုက်ပါတယ်။
တကယ်တော့ ဒါဟာ စကားအပြောအဆို မတတ်မှုဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။ သူနဲ့တွေ့ဆုံခဲ့ဖူးတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်က ကြိုပြီး သတိပေးခဲ့တာရယ်၊ သူနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို လေ့လာဖတ်ရှု ကြားသိခဲ့ရ တာတွေအရ သူဟာ အေးစက်စက်နေတတ်သူတယောက်လို့ သိထားပါတယ်။ ဒါပေမယ့် စကားစပြောတယ်ဆိုရင်ပဲ ကျနော်တို့စကားဝိုင်းက စိုပြည်သွားတယ်။
သူနဲ့ ပတ်သက်ပြီး ကြိုတင်တွေးဆ ကောက်ချက်ချခဲ့တာတွေ ဖျောက်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာဟာ ကျနော့်ကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ၂ နာရီကြာ စကားပြောပြီးတဲ့ အချိန်အထိ ယုံကြည်ရာကို မယိုင်မလဲ ကိုင်စွဲတတ်သလိုပဲ သူမဟာ တလျှောက်လုံး မတ်မတ်ထိုင်နေခဲ့တယ်။ ရှေ့ဆက်ရမယ့် ဆက်ဆံရေး တခုအတွက်တော့ ကျနော်တို့အကြား အခြေခံတခု တည်ဆောက်နိုင်ခဲ့ပါတယ်။
ဆွေးနွေးပွဲအစမှာ သူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကုလသမဂ္ဂက ဘယ်လောက်အတိုင်းအတာထိ ကူညီနိုင်တယ်၊ အာဆီယံအဖွဲ့ကလည်း မြန်မာ့အရေးပြောဆိုဖို့ ဆန္ဒရှိလာတဲ့အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ပါတယ်။
အာဆီယံနဲ့ပတ်သက်ပြီး သူ့စိတ်ထဲ သိမြင်ခဲ့တဲ့အတိုင်း အခုဖြစ်လာတယ်လို့ ပြောရမှာပါ။ အာဆီယံရဲ့ အကျိုးစီးပွားနဲ့ ရပ်တည်ချက်ဟာ ဟိုမရောက် ဒီမရောက် ဖြစ်နေဆဲပါ။ အပြုသဘောဆောင် ညှိနှိုင်းဆက်ဆံရေးဟာ ဘယ်တုန်းကမှ အပြုသဘောမဆောင်ခဲ့သလို ရေရှည်ညှိနှိုင်းတာလည်း မရှိခဲ့ပါဘူး။
ကုလသမဂ္ဂ နဲ့ပတ်သက်ပြီးလည်း ကျနော်တို့ အတူတကွ ပြန်လည်သုံးသပ်စိစစ်နိုင်ဖို့ ပြဿနာရပ်တွေကို ပွင့်ပွင့်လင်းလင်း သူ့ကို သေချာရှင်းပြခဲ့ပါတယ်။ သူမဟာ တရားဥပဒေစိုးမိုးရေးကို စွဲစွဲမြဲမြဲ ယုံကြည်သူပါ၊ ကုလသမဂ္ဂကလည်း ထိုနည်းတူ ယုံကြည်ပြီး မြန်မာ့အရေးကို ကူညီနေတယ်လို့ သူ မျှော်လင့်ထားပါတယ်။ အဲ့ဒီအတိုင်းဆိုရင် ကုလသမဂ္ဂဟာ လုပ်နိုင် တာထက်လျော့နည်းပြီး လုပ်ဆောင်ခဲ့တယ်လို့ ပြောပါရစေတော့။
အများအားဖြင့် ခရီးစဉ်တိုင်းမှာ သူနဲ့ ၂ ကြိမ် တွေ့ရပါတယ်။ အစိုးရရဲ့ သဘောထားတွေကို နားထောင်ပြီးနောက် သူနဲ့ တကြိမ်တွေ့ရတယ်။ နောက်တခါ အစိုးရနဲ့ ထပ်စကားပြောပြီး တကြိမ်ထပ်တွေ့ရတယ်။ ဆိုတော့ ကျနော်တို့ ဘာတွေ ပြောခဲ့ကြသလဲ။
ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အရေး၊ တပ်မတော်ရဲ့ အနာဂတ်အခန်းကဏ္ဍ စတဲ့ပြဿနာရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူနဲ့ ဆွေးနွေးရတဲ့အချိန်တွေကတော့ တကယ့်ကို တန်ဖိုးရှိပါတယ်။ စကားဝိုင်းဟာ ဘ၀အကြောင်း၊ ယဉ်ကျေးမှု၊ လူ့သဘာဝ၊ ဥပဒေနဲ့ မွေးရာပါအခွင့်အရေး စတဲ့ အကြောင်း အရာတွေဆီလည်း ရောက်ရောက်သွားတတ်တယ်။ တတိုင်းပြည်လုံးက အမြတ်တနိုးနဲ့ `အန်တီ´ လို့ ခေါ်ကြတဲ့သူမဟာ တကယ့်ကို စကားပြောနိုင်သူတယောက်ပါ။
သူ့ကို ကျနော် အံ့ဩလေးစားရတယ်။ နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရပေမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ အပါအ၀င် အရာအားလုံးနီးပါးကို မျက်ခြည်မပြတ် လေ့လာထားနိုင်တာကြောင့်ပါ။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးဆီ သွားတဲ့နေရာမှာ ခက်ခဲတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အဆင်သင့်ဖြစ်နေရအောင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးသပ်နေတယ်လို့တောင် ကျနော့်ကို ပြောပြပါတယ်။
အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အာဏာရှိနေပြီး မြန်မာနဲ့ ကုလသမဂ္ဂအကြား ဆက်ဆံရေးလိုအပ်ပုံကို တပ်မတော် ထဲမှာ သူ့လောက်နားလည်သူ မရှိပါဘူး။ တပ်မတော်ခေါင်းဆောင်ပိုင်းက တိုင်းပြည်အတွက် ဘာတွေလုပ်နေတယ်ဆိုတာ ကျနော် နားလည်သဘောပေါက်အောင် သူ အကောင်းဆုံး ကြိုးစားရှင်းပြပါတယ်။ သူ့အစိုးရရဲ့ ဟိုဝန်ကြီး ဒီဝန်ကြီးတွေ ကလည်း တိုင်းပြည်မှာ လမ်းတွေ တံတားတွေ ဘယ်လောက် ဖောက်လုပ်တည်ဆောက် ပြီးစီးကြောင်း စတာတွေကို နာရီများစွာ အစီရင်ခံ တင်ပြတဲ့အတွက် ထိုင်ပြီး နားထောင်ခဲ့ရသေးတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် အဆင့်မြင့်အစိုးရအရာရှိတွေနဲ့ စကားပြောခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအခွင့်အရေးကို အမိအရယူပြီး “သံတမန်ဆက်ဆံရေးပိုင်းမှာ ခင်ဗျားတို့ ဘာတွေများမှားယွင်းနေလို့လဲ။ ကမ္ဘောဒီးယား လို နိုင်ငံတောင်မှ ခင်ဗျားတို့ထက် ငွေပိုရနေသေးတယ်။ မြောက်ကိုရီးယားကလည်း အထောက်အပံ့ရတဲ့နေရာမှာ ခင်ဗျား တို့ထက်ပိုပြီး အောင်မြင်တယ်။ ဒါပေမယ့် ခင်ဗျားတို့တော့ ဘယ်လိုဖြစ်တာလဲ။ ဘာများမှားနေလို့လဲ”လို့ သူတို့ကို ကျနော် ပြောလိုက်တယ်။ သူတို့ နည်းနည်းတော့ ကသိကအောင့်ဖြစ်သွားကြတယ်။ အဲဒီလိုဖြစ်အောင်လည်း ကျနော် တမင်လုပ်တာပါ။
ကျနော့်ခရီးစဉ် ရလဒ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်အားရနေပြီး မျှော်လင့်ချက်တွေလည်း မြင့်မားလာ ပါတယ်။ ကျနော့်အလုပ်ကို ကျနော် ကြေညက်အောင် လုပ်တယ်။ တချို့ဖြစ်ရပ်တွေမှာ ကျနော့်အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရနဲ့စကားပြောရတာထက် သူနဲ့စကားပြောရတာ ပိုပြီး ခက်ခဲတတ်တာကို တွေ့ခဲ့ရတယ်။
ကျနော့်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်မှုကတော့ သူမကို သက်တောင့်သက်သာရှိစေပုံပါ။ သူနဲ့ သူချစ်တဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ရိုးသားစွာ ဆွေးနွေးပြောဆိုလာတဲ့အထိ ကျနော်တို့အကြား နားလည်မှုရှိလာခဲ့တယ်။
ဒီလိုနဲ့ သူ့ရဲ့ ရုန်းကန်မှုတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ကျနော့်ကို ပြောပြခဲ့တယ်။ သူ့အပြောအတိုင်းဆို ကျန်းမာရေး မကောင်းတဲ့မိခင်ကြောင့် မွေးရပ်မြေဆီ အလည်သက်သက်လာခဲ့ပုံ၊ ဒီမိုကရေစီတိုက်ပွဲထဲပါဝင်ဖို့ တွန့်ဆုတ်ခဲ့ပုံ စတဲ့ အင်္ဂလန်က ပြန်လာချိန်မှာ ဖြစ်ပျက်ခဲ့ပုံတွေကို ပြောပြပါတယ်။ ဒါဆိုရင် သူဟာ ဖခင်ခြေရာ နင်းလိုက်မယ်ဟဲ့ဆိုပြီး ရည်ရွယ်ခဲ့ဟန် မရှိပါဘူး။ ဒါပေမယ့် သူဟာ သူ့အဖေသမီးဆိုတာ လုံးဝရှင်းပါတယ်။
ကျနော် မြန်မာစကား မပြောတတ်ပါဘူး။ ကျနော့် ရည်ရွယ်ချက်အတွက်လည်း မြန်မာစကားတတ်ဖို့ မလိုအပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။ သူ့ကိုမမြင်ရဘဲ ပြောနေတဲ့အသံ ကိုသာကြားရရင် အင်္ဂလိပ်တယောက် စကားပြောနေသလားလို့ ထင်မိမယ်။ မြင်ယောင်ကြည့်လို့ရပါတယ်။ ခပ်မတ်မတ် ကိုယ်နေဟန်ထား၊ ရိုးရာအ၀တ်အစားနဲ့ စပယ်ပန်းတွေ ဝေအောင်ပန်ထားပြီး တော်ဝင်အင်္ဂလိပ်စကားကို ပြောနိုင်သူ၊ ဒါ ညှို့ဓာတ်အပြည့်ပါတဲ့ ထုံးဖွဲ့ထားမှုလေ။
ဒါကို သူ သိပါတယ်။ မဟာဆန်မှု၊ ဗဟုသုတကြွယ်ဝမှုတွေနဲ့အတူ လူတိုင်းကို သူ ညွှတ်စေနိုင်တယ်။ တကယ်လို့ သူသာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် အာဆီယံနိုင်ငံ ၀န်ကြီးချုပ်တွေကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအကြောင်း ဆွေးနွေးငြင်းခုန်ပြီး ၀ံ့ဝံ့ကြွားကြွားနဲ့ အနိုင်ယူနိုင်တယ်လို့ တခါတုန်းက သူ့ကို ကျနော် ပြောခဲ့ဖူးတယ်။
စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မယ့်နည်းလမ်းရှာဖို့ သူ့ကို ကျနော် မေတ္တာရပ်ခံခဲ့သလို စစ်ခေါင်းဆောင်တွေကိုလည်း သူနဲ့ဆွေးနွေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျနော့်ရဲ့ ဒုတိယခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူနဲ့ ဆွေးနွေးဖို့ သဘော တူခဲ့ပါတယ်။ အစိုးရကိုယ်စား ဗိုလ်ချုပ်ကြီးခင်ညွန့်က ညှိနှိုင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့တယ်။ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တိုက်ရိုက်တွေ့ဆုံတာ မရှိပေမယ့် တွေ့ဆုံဆွေးနွေးပွဲဟာ အမှန်တကယ် ဖြစ်ခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီကိစ္စကို ကျနော့်ကို သူမပြောဘဲထားခဲ့တာပါ။ ကျနော် မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါလာပြီး သူ့ကို လွှတ်ပေးမယ့်အချိန် ရောက်တော့မှ ဗိုလ်ချုပ်ကြီးခင်ညွန်က ကျနော့်ကိုပြောတယ်။ စစ်ခေါင်းဆောင် အားလုံးနဲ့ သူ ညစာစားပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ပြပါတယ်။ ကျနော် အံ့အားသင့်သွားတယ်။
နောက်တနေ့ နေ့လယ်မှာ သူ့ကိုသွားတွေ့တဲ့အခါ စာရင်းရှင်းစရာရှိတယ်လို့ ပြောလိုက်တယ်။ အဲဒီအခါမှာမှ တွေ့ဆုံဆွေးနွေး မှုတချို့ တကယ်ရှိခဲ့ကြောင်း၊ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တန်းတူဆွေးနွေးခဲ့ရတာမျိုး မဟုတ်ကြောင်းနဲ့ ကျေနပ်အားရ စရာမရှိကြောင်း ထုတ်ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောပြချက်အရတော့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ ညစာ စားပွဲမှာ ဗိုလ်ချုပ်မှူး ကြီးတယောက်တည်း ဒိုင်ခံပြောသွားတာလို့ သိရတယ်။
စစ်အစိုးရနဲ့ စကားပြောရတာ သူတို့ရဲ့ကိန်းဂဏန်းတွေကို ပဟေဠိ အဖြေညှိနေရတဲ့ အလုပ်ပါ။ “ကျနော်တို့ တံတား ၂၉ စင်း ဆောက်ပြီးသွားပြီ၊ ကျနော်တို့ ဒါတွေလုပ်ပြီးသွားပြီ၊ ဟိုဟာတွေလည်း လုပ်ပြီးသွားပြီ” စသဖြင့် သူတို့ပြောတတ်ကြပါတယ်။
စစ်အစိုးရဆိုတော့ သူတို့ရဲ့ တွေးပုံခေါ်ပုံတွေက အများနဲ့မတူပါဘူး။ အရာအားလုံးကို သူတို့ ချမှတ်ထားတဲ့ ရည်မှန်းချက် တွေအတိုင်း ခပ်ရှင်းရှင်း မြင်ပါတယ်။ ဆိုကြပါစို့ … အစိုးရကောင်းဆိုတာ တင့်ကားတွေကို တနေရာကနေ တနေရာ ရွှေ့တဲ့အလုပ်လို့ နားလည်ထားကြပုံပါ။
တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်လိုအောင်မြင်နေတယ် ဆိုတဲ့အကြောင်း နားထောင်ပြီးမှဘဲ ကျနော်လည်း အရေးကြီးတဲ့ပြဿနာတွေကို ဆွေးနွေးဖို့ လမ်းစရှာနိုင်တော့တယ်။ သူတို့ပြောတဲ့ ကိန်းဂဏန်းတွေက အမှန်တွေဆိုတာ သေချာပါတယ်။ တကယ်လည်း လမ်းတွေဖောက် တံတားတွေ ဆောက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလမ်းတွေဟာ ဘယ်မှာဆုံးမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာတော့ ကိန်းဂဏန်းတွေ မဟုတ်တော့ပါဘူး။ သူ အဓိကထားပြောနေတာ နိုင်ငံရေးပါ။ သူ့ရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို နားလည်လာပြီး အဲ့ဒီကနေ အကျိုးကျေးဇူး ရရှိခံစားစေချင်တာပါ။ သူတို့ရဲ့ ဘ၀တွေ တိုးတက် ကောင်းမွန်လာပြီး ဥပဒေရဲ့ အကာအကွယ်ကို ရရှိခံစားစေချင်တာပါ။ နိုင်ငံဟာ ဘယ်လောက် နောက်ကျကျန်ရစ် နေပြီဆိုတာ သူသိပါတယ်။
ကျနော် သူ့ကို မေးကြည့်တယ်။ “ခင်ဗျားကို အနောက်လိုလားသူလို့ မြင်ကြ တယ်ဗျ။ အနောက်အုပ်စုက ဖြစ်စေချင်တာ တွေကို လုပ်နေသူ၊ ဒီမိုကရေစီလို့ ခင်ဗျားအော်ပေးတာ၊ အဲဒါ ဘာတွေက စေ့ဆော်ခဲ့တာလဲ။ မြန်မာနိုင်ငံက အဖိနှိပ်ခံ ပြည်သူတွေကို ကူညီဖို့လား၊ ဒါမှမဟုတ် အနောက်အုပ်စုရဲ့ ဆွဲဆောင်မှု တခုလား”လို့ ။ နောက် အဲ့ဒီအချက်ဟာ သူက အာဆီယံနိုင်ငံတွေကို အလေး မထားရတဲ့ အကြောင်းရင်း တခု။ ထိုနည်းတူ သူ့အပေါ်လည်း အာဆီယံက ဘ၀င်မကျတဲ့ အချက် တချက်ဖြစ်တယ်လို့ ကျနော် ပြောလိုက်တယ်။ သူမရဲ့ ရုန်းကန်တိုက်ပွဲဝင်နေမှုဟာ အပြင်လူတွေရဲ့ စေ့ဆော်မှု ကြောင့် မဟုတ်ဘဲ ဒေသတွင်းက လှုပ်ရှားမှုတခုလို့ ကွဲကွဲပြားပြား ရှုမြင်သွားစေသင့်ကြောင်း ကျနော် ပြောခဲ့ပါတယ်။
အဲ့ဒီစွပ်စွဲချက်တွေအားလုံးကို သူ အကြီးအကျယ် ဒေါသထွက်ပါတယ်။ “အာဆီယံဟာ ဘာတွေများ လုပ်ခဲ့ဖူးလို့လဲ။ ကျမ သူတို့ရဲ့ အကူအညီကို ရခဲ့သင့်ပါတယ်။ ဒါပေမယ့် သူတို့ ဘာတွေများလုပ်ခဲ့လို့လဲ။ သူတို့ သံတမန်တွေ ကျမနဲ့ တွေ့ရမှာ ကြောက်နေကြတယ်”လို့ အာဆီယံနဲ့ပတ်သက်ပြီး သူ ပစ်ပစ်ခါခါ ပြောတတ်တယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအဖြစ်အပျက်မှာတော့ အာဆီယံက အံ့ဩတုန်လှုပ်ခဲ့ပြီး သူမကိုယ်စား ပြောဆိုမှုတွေ ရှိလာပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံတဲ့လူထုဟာ ဒီပဲယင်းမြို့ အနောက် ဘက်က ရွာတရွာအနားမှာ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ကြီးရဲ့ မစွက်ဖက်ရေး မူဝါဒက ပိုနေမြဲ ကျားနေမြဲအတိုင်း မြန်မာပြည်သူ အများအပြား ထိခိုက်သေကျေ ပျက်ဆီးနေတာကို ကြည့်နေခဲ့တယ်။
၂၀၀၂ ခုနှစ် သူ့ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတော့ နားလည်မှုယူခဲ့တဲ့ အချက်တချက်က လူထုကြားထွက်ပြီး တိုင်းပြည်အခြေအနေကို အဆိုးမြင်ဘက်က မပြောဖို့ပါ။ ပြည်သူတွေ ကောင်းကျိုး ဆောင်ကြဉ်းပေးဖို့ အစိုးရကို သူ ကူညီရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြောနေတာက ကမ္ဘာကျော် ခေါင်းဆောင်အကြောင်းလေ။ ခင်ဗျားက သူ့ကိုလွှတ်ပေးရင် လူတိုင်းက သူ့ဆီ ရောက်လာတယ်။ လမ်းပေါ်မှာ ဆန္ဒပြမှုတွေ မဖြစ်ပွားအောင် သူ အမြဲဂရုစိုက်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိနေပြီး ဘာမှမလုပ်ရသေးပါလားလို့ တခဏအတွင်းမှာပဲ သူ သိမြင်နိုင်ခဲ့တယ်။
လူထုကကူညီဖို့ သူ့ကို မေတ္တာရပ်ခံလာတဲ့အခါ သူ ခရီးထွက်ပြီး နိုင်ငံရေးစကား ပြောလာပါတယ်။ နိုင်ငံရေးသမား ပိုဆန် လာပြီး ရန်ကုန်မြို့ပြင်ကို ခရီးထွက်ပါတယ်။ သူ သွားလေရာ ထောင်ချီတဲ့လူအုပ်ကြီး လိုက်ကြတယ်။ စစ်ခေါင်းဆောင်တွေ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အရေးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မစဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ခရီးထွက်ခွင့်ပြုခဲ့တာဟာ အမှားလို့ စစ်အစိုးရ၀န်ကြီးတဦးကို ကျနော် ပြောခဲ့ဖူးတယ်။
အဲ့ဒီနောက် ဒီပဲယင်းအရေးအခင်းဖြစ်ပြီး သူလည်း အသတ်ခံရလုနီးနီး ဖြစ်ခဲ့ရတယ်။ သူ့ကို ဘယ်လို အဆောင်အယောင်မှ မပေးဘဲ အကျဉ်းထောင်ထဲ ချုပ်ထားခဲ့တယ်။ သူ့ကို ထောင်ထဲထည့်ထားတာ စစ်အစိုးရက ကျနော့်ကို မပြောခဲ့ဘဲ မဖုံးကွယ် နိုင်တဲ့အဆုံးကျမှ ကျနော့်ကို သူနဲ့ တွေ့ခွင့်ပေးတယ်။
သူတို့ ကျနော့်ကိုခေါ်တော့ ကျနော် သွားပါတယ်။ ခရီးစဉ်ဟာ စုံထောက်ဝတ္တုတွေ အတိုင်းပဲ။ သူတို့ ကားတစီးပြီး တစီး၊ ကားမောင်းသမား တယောက်ပြီးတယောက် လဲတယ်။ ကားမောင်းသမား ဘယ်သူဆိုတာ မသိရပါဘူး။ ကားထဲထိုင် လိုက်ရင်း “ဘယ်ကမ္ဘာထဲ ငါရောက်နေမိပါလိမ့်”လို့ တွေးလိုက်မိသေးရဲ့။ ကျနော့်ကို တဆင့်ပြီးတဆင့် ခေါ်သွားလိုက်တာ ကျနော် တယောက်တည်း ငေါင်စင်းစင်းနဲ့။ ကျနော် လုံခြုံမှုမှရှိရဲ့လားလို့တောင် တွေးမိခဲ့တယ်။ နောက်က လိုက်တဲ့ ကားတွေကလည်း မှန်အနက်တွေနဲ့။
အဲ့ဒီနောက် ရုတ်တရက်ဆိုသလိုပဲ ကျနော်တို့ ရောက်ခဲ့ကြတယ်။ အဲ့ဒီနေရာကတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ပါပဲ။ အဲ့ဒီ ထောင်ထဲမှာ ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ အကျဉ်းသားတွေကို ချုပ်နှောင်ထားပါတယ်။ စိတ်မနှံ့သူလို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ် စကားလုံးတလုံးနဲ့ အသံထွက်တူတဲ့ ဒီအကျဉ်းထောင်ရဲ့နာမည်ဟာ ကျနော့်စိတ်ထဲမှာ အမှတ်ထင်ထင်ပါ။ ကားကို ထောင်ထဲမောင်းဝင်လာပြီး ဘယ်ကွေ့လိုက် ညာကွေ့လိုက်နဲ့ နောက်ဆုံးမှာ အုတ်တိုက်လေးတခုဆီ ရောက်လာပါတယ်။
တဲသာသာ အုတ်တိုက်လေးထဲမှာ သူ့ကို ချုပ်ထားတယ်။ အပြင်ဘက်မှာ ရေတွင်းတတွင်းရှိတယ်။ သူ့ကိုတွေ့ဖို့ အထဲဝင် လိုက်တဲ့အချိန် ကျနော် တုန်လှုပ်သွားခဲ့တယ်။ အမြဲတမ်း ကြိုဆိုနှုတ်ဆက်နေကြ သူမရဲ့ အသွင်အပြင်နဲ့ လုံးဝခြားနားနေပြီး မသပ်မရပ်နဲ့ နေထိုင်နေရတာ မြင်လိုက်ရလို့ပါပဲ။
“ကျမ တရားမျှတမှုကို လိုချင်တယ် ရပ်ဇ်”လို့ သူက ကျနော့်ကို ပြောပါတယ်။ အဲ့ဒီနောက် ကျနော့် ဘေးနားမှာရပ်နေတဲ့ စစ်အရာရှိတွေဘက်လှည့်ပြီး “ကျမအိမ်က အင်္ကျီတွေပဲ ကျမလိုချင်တယ်။ ရှင်တို့ပေးတဲ့ အင်္ကျီတွေကို ကျမ မ၀တ်ချင်ဘူး။ ပြီးတော့ ကျမရဲ့ တကိုယ်ရေသုံး ပစ္စည်းတွေလည်း ယူလာပေးပါ”လို့ ပြောလိုက်တယ်။
သူမရဲ့ လူသားဆန်မှုကို ဒီလိုအနေအထားမျိုးနဲ့ သစ္စာဖောက်လိုက်ကြတာတွေ့ရတော့ ကျနော် ထိတ်လန့်မိပါတယ်။ ကျနော့်ကို ထပ်အံ့အားသင့်စေခဲ့တာက “ဖြစ်ခဲ့တာတွေ ပြီးခဲ့ပြီ၊ ပြည်သူလူထုအကျိုးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိတယ်”လို့ သူပြောလိုက်တဲ့စကားပါ။ ဒါနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ကျနော်ပြန်တွေ့တော့ “ခင်ဗျားတို့ ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာကို ကျနော်ဘယ်လို ပြောရမှာလဲ”လို့ ဒေါသလည်းဖြစ် စိတ်မကောင်းလည်းဖြစ်ပြီး ပြောခဲ့ပါတယ်။
သူ့ကို အကျဉ်းထောင်ထဲထည့်ထားတာ ကမ္ဘာကိုမပြောဘဲ ခဏတော့ ကျနော် နှုတ်ဆိတ်နေခဲ့တယ်။ သူ လုံခြုံတဲ့နေရာမှာ ရှိနေပြီး စိတ်ဓာတ်လည်း ကြံ့ခိုင်လျက်ရှိပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုတော့ ဒီကိစ္စ အစီရင်ခံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် နောက်ဆုံးတွေ့ခွင့်ရတာ ၂၀၀၄ ခုနှစ် မတ်လမှာ ဖြစ်ပါတယ်။ သူ့ကို နေအိမ်ကိုပြန်ပို့ ပေးပြီး အကျယ်ချုပ်ချထားချိန်ပါ။ ဒီပဲယင်းကိစ္စ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ ပြည်သူလုထု အကျိုးအတွက် စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူအဆင်သင့်ရှိတယ်ဆိုတာ ထပ်ခါတလဲလဲ ပြောပါတယ်။ လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့မှသာ ဒီမိုကရေစီရေးကိုလုပ်ဆောင်နိုင်မယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရပါတယ်။
ဒီလို သိမြင်နားလည်လာခြင်းဟာ လွန်ခဲ့တဲ့ အကြိမ် ၂၀ ကျော်က ကျနော်တွေ့ခဲ့ရတဲ့ အလျော့မပေး စည်းကမ်းကြီးပြီး ဩဇာပေးတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ကြည့်ရင် လုံးလုံးလျားလျား ကွာခြားနေပါတော့တယ်။ မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် အတော်လေး ခေတ်နောက်ကျ ကျန်ရစ်နေတာကို သူ အလွန်အမင်း စိုးရိမ်ပူပန် နေပါတယ်။ တခြား တိုင်းရင်းသားအုပ်စုတွေကိုလည်း တန်းတူ နေရာမပေးတဲ့အတွက် စိတ်အနှောင့်အယှက်လည်း ဖြစ်နေပါတယ်။ ဥပမာ ရိုဟင်ဂျာလို ပြဿနာမျိုးပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောင်းအလဲတွေကို စစ်ဗိုလ်ချုပ်တွေ အသိအမှတ်ပြုလက်ခံဖို့ နောက်ဆုံးအချိန်ထိ ကျနော် ကြိုးစားပေမယ့် မရခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို အနောက်အုပ်စုကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်အဖြစ် တံဆိပ် ကပ်ထားဆဲဖြစ်ပြီး မကြာသေးခင်ကတင် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ ရှိမနေစေချင်ဘူးဆိုတာ ပြသတာ ထင်ရှားနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော့်ကို ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ရင်းနှီးသူအဖြစ် မြင်နေတယ်လို့ ထင်ပါတယ်။ အဲဒါ မှန်ပါတယ်။ ကျနော်တို့ကို အလုပ်အတူလုပ်ဖို့ ခွင့်ပြုခဲ့တာကြောင့် ကျနော်နဲ့သူ ဆက်ဆံရေး တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ ကျနော်ဟာ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ စိတ်တူသဘောတူ ဖြစ်တယ်လို့ ယူဆတဲ့အခါကတည်းက သူတို့ ကျနော့်ကို မလိုချင်တော့မှန်း ကျနော်သိပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တာဝန်ကနေ အချိန်ကိုက် နုတ်ထွက်ခဲ့တာပါ။ အခြား တယောက်ယောက်ကို စဉ်းစားဖို့ စစ်အစိုးရကိုလည်း အခွင့်ပေးရာကျမှာပါ။
ဒါပေမယ့် ၀မ်းနည်းစရာတော့ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ တိုင်းရင်းသားအုပ်စုတွေ အပါအ၀င် အခြားသူတွေ အကြား အသုံးဝင်တဲ့ အဆက်အသွယ်တွေကို အခြေခံကျကျ တည်ဆောက်ထားနိုင်ခဲ့ပါပြီ။ အဲဒီလူတွေပဲ တနေ့ အာဏာရ လာနိုင်ကောင်း ရလာဦးမှာပါ။ အခုတော့ ဖြစ်ပြီးခဲ့တာတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ရဲ့ အခန်းကဏ္ဍနဲ့ သူ ဆက်လက်ရှင်သန်နိုင်အောင်လို့ ကျနော်တို့ လုံလုံလောက်လောက် ဘာမှမလုပ်ပေးခဲ့ဘူး ဆိုတဲ့အချက်ကို ကျနော် မစဉ်းစားဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။ ဒါကြောင့် စစ်တပ်အတွင်းမှာ အင်အားကောင်းကောင်းနဲ့ လုပ်ဆောင်မယ့်သူ မရှိဘဲနဲ့ မြန်မာနိုင်ငံ ပြောင်းလဲမယ့် အလားအလာကို ကျနော်မမြင်ပါဘူး။
မုတ်သုန်ကနေ ဟေမန္တ၊ အဲ့ဒီကနေ သရက်ပွင့်တွေ ဝေဆာတဲ့ ဂိမာန်ရာသီ၊ ရာသီတွေသာပြောင်းသွားပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အထိန်းသိမ်းခံဘ၀နဲ့ ဆက်လက်နေရဦးမှာပါပဲ။ ဘယ်လောက်ကြာမလဲဆိုတာ ဘုရားသခင်မှသာ သိနိုင်ပါလိမ့်မယ်။ သူ ဘယ်လိုခရီးဆက်မလဲ ကျနော်မသိပါဘူး။ ကျနော် သေသေချာချာ သိနေတာက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူ ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး၊ သူ ရှာဖွေနေတာ တကိုယ်ရေလွတ်လပ်မှု မဟုတ်ဘူး၊ သူ့ လွတ်လပ်မှုဟာ သူချစ်တဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ယှဉ်တွဲနေမှသာ အဲဒီ လွတ်လပ်မှုကို သူ လက်ခံလိမ့်မယ်ဆိုတာပါ။
ကျနော်မှတ်မိနေပါသေးတယ်။ ဒီပဲယင်းအရေးအခင်းနောက်ပိုင်း အကျဉ်းထောင်ထဲ ချုပ်နှောင်ထားချိန်မှာ သူမရဲ့သား အလက်ဇန္ဒြားက မိခင်ကို သွားတွေ့လိုကြောင်း ကျနော့်ကို ဆက်သွယ်ပြောကြားလာပါတယ်။ ဒါနဲ့ ကျနော်လည်း ကြိုးစားပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
သူနဲ့တွေ့တဲ့အခါ အဲဒီကိစ္စကို မေးကြည့်ပါတယ်။ ထောင်ထဲက တခြားအကျဉ်းသားတွေထက်ပိုပြီး မထူးခြားချင်ဘူးဆိုပြီး ချက်ချင်း ပြတ်ပြတ်သားသား သူ ငြင်းခဲ့ပါတယ်။ “ဘယ်လိုကြောင့် ကျမကို သူများတွေနဲ့ထူးပြီး ဆက်ဆံသင့်တာလဲ။ မတရား အကျဉ်းချခံထားရတဲ့ မိခင်တွေကို ဘ၀နောက်ဆုံးအချိန်အထိ ပြန်တွေ့ခွင့်မရတဲ့ သားသမီးတွေ မရေတွက်နိုင် လောက်အောင် ရှိနေချိန်မှာ ကျမရဲ့ကလေးကျမှ ဘယ်လိုကြောင့် ကျမကို တွေ့ခွင့်ရသင့်တာလဲ”လို့ သူ ပြောခဲ့ပါတယ်။
ဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ခိုင်မာတဲ့ စည်းမျဉ်းတွေနဲ့ ခံကတုတ်ဖွဲ့ တည်ဆောက်ထားတဲ့ သူမပါ။ ကျနော် ဒီစာကိုရေး နေချိန်မှာတောင်မှ ကိုယ်ဟန် မတ်မတ်၊ တည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေတဲ့ သူ့ရဲ့အသွင်ကို မြင်ယောင်နေမိပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာ မယ့်အချိန်ကို စောင့်မျှော်နေရင်းပေါ့။ သူ့ဘက်က အချိန်ရှိတယ်လို့ ယုံကြည် နေပေမယ့် အချိန်က စောင့်ပါ့မလား။ စစ်အစိုးရခေါင်းမာတာနဲ့ အစွမ်းအစမရှိတဲ့ အာဆီယံ အဖွဲ့ကြီးကြောင့် မျှော်လင့်ခြင်းတေးသွားတပုဒ် သီကျူးဖို့မလွယ်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ စပယ်ပန်းရနံတွေ ရစ်ဝဲနေဆဲပါ။ သူမဟာ ဘယ်အရာကိုမှ မကြောက်မရွံ့ဘဲ ဖြောင့်မတ်တည်ကြည်စွာနဲ့ နေအိမ်ထဲကနေ ဆက်ပြီးစောင့်နေ ပါလိမ့်မယ်။ မြန်မာပြည်သူတွေလည်း သူနဲ့အတူ စောင့်စားနေပါတယ်။
၂၀၀၀ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ရာဇာလီ အစ္စမေးလ်ကို အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြီး ထိုရာထူးကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအထိ ထမ်းဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Meetings with Aung San Suu Kyi By Razali Ismail ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။
Posted by
freeburma
at
1:29 AM
0
comments
Labels: Burma Icon DASSK, Fight On
Saturday, June 02, 2007
Sketch of Burma National Leader, Aung San Suu Kyi
Aung San Suu Kyi (Burmese); born 19 June 1945 in Yangon (Rangoon), is a nonviolent pro-democracy activist and leader of the National League for Democracy in Myanmar (Burma), and a noted prisoner of conscience.
A Buddhist, Suu Kyi won the Rafto Prize and the Sakharov Prize for Freedom of Thought in 1990 and in 1991 was awarded the Nobel Peace Prize for her peaceful and non-violent struggle under a military dictatorship. Her struggle is supported by the Freedom Campaign.
Aung San Suu Kyi was born on 19 June 1945. Her father, Aung San, negotiated Burma's independence from the United Kingdom in 1947, and was assassinated by his rivals in the same year.
She grew up with her mother, Khin Kyi, and two brothers, Aung San Lin and Aung San U, in Rangoon. Aung San Lin drowned in a pool accident when Suu Kyi was eight. Suu Kyi was educated in English Catholic schools for much of her childhood in Burma.
Khin Kyi gained prominence as a political figure in the newly-formed Burmese government. Khin Kyi was appointed as Burmese ambassador to India in 1960, and Aung San Suu Kyi followed her there, graduating from Lady Shri Ram College in New Delhi in 1964.
She continued her education at St Hugh's College, Oxford, obtaining a B.A. degree in Philosophy, Politics, and Economics in 1967. After graduation she continued her education in New York, and worked for the United Nations.
In 1972, Aung San Suu Kyi married Michael Aris, a scholar of Tibetan culture, living abroad in Bhutan. The following year she gave birth to her first son, Alexander, in London; and in 1977 she had her second child, Kim.
Aung San Suu Kyi returned to Myanmar in 1988 to take care of her ailing mother. By coincidence, in that year, the long-time leader of the socialist ruling party, General Ne Win, stepped down, leading to mass demonstrations for democratisation on August 8, 1988 (8-8-88, a day seen as favorable), which were violently suppressed. A new military junta took power.
Heavily influenced by Mahatma Gandhi's philosophy of non-violence, Aung San Suu Kyi entered politics to work for democratisation, helped found the National League for Democracy on 27 September 1988, and was put under house arrest on 20 July 1989. She was offered freedom if she would leave the country, but she refused.
One of her most famous speeches is the "Freedom From Fear" speech, which begins:
“ It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it. ”
Detention in Myanmar
In 1990, the military junta called general elections, which the National League for Democracy won decisively. Under normal circumstances, she would have assumed the office of Prime Minister.[2] Instead, the results were nullified, and the military refused to hand over power.
This resulted in an international outcry and partly led to Aung San Suu Kyi's winning the Sakharov Prize that year and the Nobel Peace Prize the following year in 1991. Her sons Alexander and Kim accepted the Nobel Peace Prize on her behalf.
Aung San Suu Kyi used the Nobel Peace Prize's 1.3 million USD prize money to establish a health and education trust for the Burmese people.
The military government released Aung San Suu Kyi from house arrest in July 1995 but made it clear that if she left the country to visit her family in the United Kingdom, it would not allow her return. When her husband, Michael Aris, a British citizen, was diagnosed with prostate cancer in 1997, the Burmese government denied him an entry visa.
Aung San Suu Kyi remained in Burma, and never again saw her husband, who died in March 1999. She remains separated from their children, who live in the United Kingdom.
The junta repeatedly prevented Aung San Suu Kyi from meeting with her party supporters and, in September 2000, it put her under house arrest again.
On 6 May 2002, following secret confidence-building negotiations led by the United Nations, the government released her; a government spokesman said that she was free to move "because we are confident that we can trust each other". Aung San Suu Kyi proclaimed "a new dawn for the country".
However on 30 May 2003, a government-sponsored mob attacked her caravan in the northern village of Depayin, murdering and wounding many of her supporters.Aung San Suu Kyi fled the scene with the help of her driver, Ko Kyaw Soe Lin, but was arrested upon reaching Ye-U. The government imprisoned her at Insein Prison in Yangon. After she underwent a hysterectomy in September 2003,the government again placed her under house arrest in Yangon.
In March 2004, Razali Ismail, UN special envoy to Myanmar, met with Aung San Suu Kyi. Ismail resigned from his post the following year, partly because he was denied re-entry to Myanmar on several occasions.
On 28 May 2004, the United Nations Working Group for Arbitrary Detention rendered an Opinion (No. 9 of 2004) that her deprivation of liberty was arbitrary, as being in contravention of Article 9 of the Universal Declaration of Human Rights 1948, and requested that the authorities in Burma set her free, but the authorities have so far ignored this request.
On 28 November 2005, the National League for Democracy confirmed that Suu Kyi's house arrest would be extended for yet another year. Many Western countries, as well as the United Nations, have expressed their disapproval of this latest extension.
On 20 May 2006, Ibrahim Gambari, UN Undersecretary-General (USG) of Department of Political Affairs, met with Aung San Suu Kyi, the first visit by a foreign official since 2004.Suu Kyi's house arrest term was set to expire 27 May 2006, but the Burmese government extended it for another year, flouting a direct appeal from U.N. General Secretary Kofi Annan to Than Shwe. Suu Kyi continues to be imprisoned under the 1975 State Protection Act (Article 10 b), which grants the government the power to imprison persons for up to five years without a trial.
On 9 June 2006, Suu Kyi was hospitalised with severe diarrhea and weakness, as reported by a UN representative for National Coalition Government of the Union of Burma.Such claims were rejected by Major-General Khin Yi, the national police chief of Myanmar.
On 11 November 2006, USG Gambari, who was undertaking a mission to Myanmar for four days to encourage greater respect for human rights there, met with Suu Kyi. According to Gambari, Suu Kyi seems in good health but she wishes to meet her doctor more regularly. UN Secretary-General Ban Ki-moon has urged the Burmese government to release Aung San Suu Kyi, as it released 2,831 prisoners, including 40 political prisoners, on 1 January 2007.
On 18 January 2007, the state-run paper The New Light of Myanmar accused Suu Kyi of tax evasion for spending her Nobel Prize money outside of the country. The accusation followed the defeat of a US-sponsored United Nations Security Council resolution condemning Myanmar as a threat to international security.
International supporters
In his book, "Courage: Eight Portraits" by Gordon Brown (Bloomsbury), the British Member of Parliament, long-time Chancellor of the Exchequer, and likely future British Prime Minister states:
"So Suu Kyi's courage is the courage to sacrifice her own happiness and a comfortable life so that, through her struggle, she might win the right of an entire nation to seek happy and comfortable lives. It is the absolute expression of selflessness. Paradoxically, in sacrificing her own liberty, she strengthens its cry and bolsters its claim for the people she represents."
Nations
On December 2, 2004, the United States pressured the Myanmar government to release Aung San Suu Kyi after the announcement that her house arrest would be extended.
On June 17, 2005, there were protests outside Burmese embassies in several countries in recognition of Suu Kyi's 60th birthday, which took place on June 19, 2005. The protests received international attention.
In late November 2005, the United States again returned to diplomatic pressure, this time in the United Nations Security Council, strongly urging multilateral action to address the "deteriorating situation" in Myanmar, requesting to put it into the official agenda docket. This action was due largely to a reinstatement of Aung San Suu Kyi's house arrest, an extension of precisely one year. In September 2006, the United Nations Security Council voted to place Myanmar on the council's agenda.
Organizations
Aung San Suu Kyi has been an honorary board member of International IDEA and ARTICLE 19 since her detention, and has received support from these organisations.
The Vrije Universiteit Brussel, located in Belgium, has granted her the title of Doctor Honoris Causa.
In June of each year, the US Campaign for Burma organizes hundreds of "Arrest Yourself" house parties around the world in support of Aung San Suu Kyi. At these parties, the organizers keep themselves under house arrest for 24 hours, invite their friends, and learn more about Burma and Aung San Suu Kyi.
The Freedom Campaign, a joint effort between the Human Rights Action Center and US Campaign for Burma, looks to raise worldwide attention to the struggles of Aung San Suu Kyi and the people of Burma.
St. Hugh's College, Oxford, where she studied, had a Burmese theme for their annual ball in support of her in 2006.
Aung San Suu Kyi is the official patron of The Rafto Human Rights House in Bergen, Norway. She received the Thorolf Rafto Memorial Prize in 1990.
She was made an honorary free person of the City of Dublin (capital of Ireland) in November 1999, although a space has been left on the roll of signatures to symbolize her continued detention.
Bommersvik Declaration I
In 1995, during the first convention that lasted from 16-23 July, the Representatives issued the Bommersvik Declaration I:[21]
“ We, the representatives of the people of Burma, elected in the 27 May 1990 general elections, meeting at the First Convention of Elected Representatives from the liberated areas of Burma, hereby - Warmly welcome the unconditional release of 1991 Nobel Peace laureate Daw Aung San Suu Kyi on 10 July 1995; Thank all who have worked tirelessly and consistently for the release of Daw Aung San Suu Kyi and the cause of democracy in Burma; Applaud Daw Aung San Suu Kyi's determination, in spite of having spent 6 years under house arrest, to continue to work to bring true democracy to Burma; Welcome Daw Aung San Suu Kyi's return to politics to take up the mantle of her father, General Aung San, in Burma's second struggle for independence;... ”
— The Elected Representatives of the Union of Burma
Bommersvik Declaration II
In 2002, during the second convention that lasted from 25 February to the 1st of March, the Representatives issued the Bommersvik Declaration II:[22]
“ We, the representatives of the people of Burma, elected in the 27 May 1990 general elections presently serving as members of the National Coalition Government of the Union of Burma and/or the Members of Parliament Union, meeting at the Convention of Elected Representatives held in Bommersvik for the second time, hereby reaffirm - Our Mandate, Position, and Strategic Objectives - that we will never ignore the will of the Burmese people expressed through the May 1990 general elections; - that the military’s refusal to honor the election results does not in any way diminish the validity of these results..... ”
— The Elected Representatives of the Union of Burma
Michael Vaillancourt Aris (March 27, 1946, Havana, Cuba – March 27, 1999, Oxford) was an academic and lecturer in Asian history at St John's College and later at St Antony's College, Oxford.
He was a leading Western authority on Bhutanese, Tibetan, and Himalayan culture, and wrote numerous books on Buddhism in those regions. In the last years before his death, he helped to establish a specialist Tibetan and Himalayan studies center at Oxford.
After being educated at Worth School and upon completing his degree in modern history at Durham University in 1967, Aris spent six years as the private tutor of the children of the royal family of the Himalayan Kingdom of Bhutan.
In 1972, Aris married Aung San Suu Kyi, whom he had met while in college. After spending a year in Bhutan, they settled in North Oxford, where they would raise their two sons, Alexander and Kim.
During this time, he did postgraduate studies at the University of London and obtained a Ph.D. in Tibetan literature in 1978. In 1988 Suu Kyi returned to Burma at first to tend for her mother but later to lead the pro-democracy movement.
St John's College provided Aris with an extended leave of absence as a fellow on full stipend so that he could lobby for his wife's cause.
In 1997, Aris was diagnosed with prostate cancer. The Burmese government would not grant him a visa to visit Burma, and Aung San Suu Kyi — at that time temporarily free from house arrest — was unwilling to leave the country, having been told by government officials that she would be refused re-entry if she left.
He died on his 53rd birthday in 1999. Since 1989, when his wife was first placed under house arrest, he had seen her only five times, the last of which was for Christmas in 1995.
People Talk
Michael Aris, the husband of the Burmese opposition leader, Aung San Suu Kyi, has died of prostate cancer on his 53rd birthday.
The British academic succumbed after a long illness without realising his wish to see his wife one last time.
Described as a "courageous and patient man", Dr Aris has campaigned tirelessly for Burmese democracy and received hundreds of awards on his wife's behalf.
They included the Nobel Peace Prize she was given in 1991 for her efforts to bring peace and democracy to Burma.
A senior research fellow in Tibetan and Himalayan studies at St Antony's College, Oxford University, he wrote numerous books and articles on Buddhism in Bhutan and Tibet.
The establishment of Oxford's specialist Tibetan and Himalayan studies centre was his life-long dream.
Visa denied
Dr Aris was born in Cuba, where his father was a career officer with the British Council. His mother was the daughter of a French-Canadian ambassador.
He married Ms Suu Kyi on New Year's Day 1972 in a simply Buddhist ceremony in England, but it was always on the understanding that they would have to be apart if the Burmese people needed her.
They have two sons, Kim and Alexander.
In the final months of his life, Dr Aris repeatedly attempted to gain a visa to visit his wife in Burma, but his wish was frustrated by the military government's stalling.
Ms Suu Kyi declined to leave the country after her return there to nurse her mother in 1988, for fear that she would not be readmitted.
Five brief visits
She was placed under house arrest by Burma's military government in 1989 following anti-government demonstrations that propelled her to the head of the opposition movement.
Mr Aris had only seen his wife on five brief occasions in the last 10 years - the last being in Rangoon for Christmas in 1995 after her release from house arrest.
Appeals by several countries, prominent individuals and organisations were made to the Burmese authorities to allow Mr Aris a visa.
The United States, UN Secretary General Kofi Annan and the Pope were among them, but none were successful.
In News
It was as exotic an offer as a young college graduate could imagine. Michael Aris, freshly out of Durham University with an honors degree in modern history, was invited to become the private tutor of the children of the royal family of the remote Himalayan Kingdom of Bhutan.
In the six years he was to spend there, he began the intense acquaintance with the languages, history, art, religion and literature of the region that was to make him a leading Western authority on Bhutanese, Tibetan and Himalayan culture.
His death in an Oxford hospital on his 53rd birthday Saturday drew much attention because he was the husband of the Nobel Prize-winning Burmese opposition leader Daw Aung San Suu Kyi. But the academic achievements of the shy and modest Oxford don over three decades earned him high regard in his own right as a scholar who combined the study of textual sources with the experience of firsthand encounters and extensive travel.
It was during his college years that he met his future wife, who was studying philosophy, politics and economics at Oxford and staying in the home of a classmate of his whose father was Sir Paul Gore-Booth, a former British ambassador to Burma.
It was in the Gore-Booths' London home that the couple were married in a Buddhist ceremony on Jan. 1, 1972, after a courtship maintained largely by mail between Bhutan and England.
They spent the first year of their married life in Bhutan where Aris had become, in addition to the royal tutor, the head of the kingdom's translation department and its official history researcher.
They came to England a year later for Aris to do postgraduate studies at the School of Oriental and African Studies of the University of London and in 1976 moved on to Oxford where Aris became a junior research fellow at St. John's College and a member of the university faculty. He obtained a Ph.D. in Tibetan literature in 1978 from the University of London.
The first 16 years of their life together were spent in academic pursuits and raising their children, Alexander, born in 1973, and Kim, born in 1977. Ms. Aung San Suu Kyi studied, wrote and worked in the Oriental department at the Bodleian Library.
The daughter of her country's independence hero, Gen. Aung San, who was assassinated in 1947, she expressed a preoccupation with the future in one of the hundreds of letters she wrote to Aris before their marriage. "Sometimes I am beset by fears that circumstances and national considerations might tear us apart just when we are so happy in each other that separation would be a torment," she wrote.
That moment arrived in an understated episode that Aris recalled in a forward to "Freedom From Fear," a 1991 collection of essays by and about his wife.
"It was a quiet evening in Oxford, like many others, the last day of March 1988," he wrote. "Our sons were in bed and we were reading when the telephone rang. Suu picked up the phone to learn that her mother had suffered a severe stroke. She put the phone down at once and started to pack. I had a premonition that our lives would change for ever."
She returned home to care for her dying mother and became swept up in the pro-democracy protests that brought down the government of the longtime military ruler, Gen. Ne Win. By the time the new National League for Democracy was elected to power in 1990, only to be ousted by a uniformed junta, she had become what her husband called "an icon of popular hope and longing."
Thus began years of house arrest, often with all contact with the outside world cut off, for Ms. Aung San Suu Kyi and strictly controlled visits to Burma, now called Myanmar, by Aris and the couple's two sons. She refused to leave for fear of being permanently exiled by the military authorities.
The last time Aris saw his wife was on a Christmas visit in 1995. Since he discovered two months ago that his prostate cancer was terminal, he had repeatedly asked permission to pay her a last visit, and the Burmese regime had turned down every request.
During the years of separation, Aris continued his teaching and research at Oxford while raising the couple's sons. Both are still students: Alexander doing graduate work in the United States and his younger brother an undergraduate in Britain. Polly Friedhoff, spokeswoman for St. Antony's College at Oxford, where Aris was a senior research fellow and member of the governing body, said that the family, in keeping with its wishes to maintain privacy, did not want to identify the schools publicly. The funeral also is private.
When Burmese authorities blocked his wife from accepting human rights awards like the Sakharov prize of the European Parliament in 1990 and the 1991 Nobel Peace Prize a year later, Aris and the sons stood in for her.
Aris convened numerous panels on Himalayan subjects, served in the leadership of various academic societies, supervised students doing master's and doctoral degrees and worked in his last years to set up a specialist Tibetan and Himalayan studies center on a permanent institutional basis at Oxford. From 1990 to 1992 he was a visiting professor at Harvard.
Michael Vaillancourt Aris was born in Havana, Cuba. His mother, Josette, was French Canadian, and his English father, John, was an officer with the British Council, Britain's principal agency for cultural relations overseas. Michael Aris' identical twin, Anthony, is a publisher whose house specializes in scholarly books on Tibetan culture.
According to close friends, Aris was unflinchingly supportive of his wife's decision and never once complained that she should abandon the mission and come home.
In his forward to "Freedom From Fear," Aris reflected his disciplined Buddhist detachment in assessing the circumstances of his life. "Fate and history never seem to work in orderly ways," he wrote. "Timings are unpredictable and do not wait upon conveniences."
Popular media
Aung San Suu Kyi was featured prominently in John Boorman's 1995 film Beyond Rangoon, starring Patricia Arquette. Suu Kyi was played by Adele Lutz, the former wife of the musician David Byrne.
The jazz saxophonist Wayne Shorter named one of his compositions after her. The piece is best known from the 1997 Herbie Hancock and Wayne Shorter duet album, 1 + 1.
The Irish rock band U2's 2001 single "Walk On" was about and dedicated to Aung San Suu Kyi. The multi-artist 2004 compilation album For The Lady, which featured "Walk On", was banned by the junta.
During Vertigo Tour concerts in London and Glasgow (June 19 and June 21, 2005 respectively), U2 dedicated performances of "Running to Stand Still" to her. Other artists, including Black Eyed Peas, Coldplay, Damien Rice, and R.E.M. have also publicly supported Aung San Suu Kyi's cause.
She was featured prominently in the music video for Rice's collaboration with Lisa Hannigan, "Unplayed Piano", which was apparently written for Suu Kyi.
In 2003's MTV Europe Music Awards in Edinburgh, Scotland, she was given the "Free Your Mind" award.
In a list compiled by the magazine New Statesman in 2006, she was voted as the number one "Hero of our time".
Posted by
freeburma
at
10:24 AM
0
comments
Labels: Burma Icon DASSK